Liam Hemsworth ကိုအသုံးချခဲ့ရုံသက်သက်ပဲလား Eiza Gonzalez

eiza_gonzalez.jpg
Shares 0

Eiza Gonzalez ဟာ Liam Hemsworth ကိုအသုံးချရုံသက်သက် တွဲခဲ့တာလို့ဆိုကြပြန်ပါတယ်။

စက်တင်ဘာလအတွင်းက Miley Cyrus နဲ့စေ့စပ်ထားတာကိုဖျက်သိမ်းပြီးတစ်ရက်အကြာမှာပဲ Hunger Games: Catching Fire ရဲ့သရုပ်ဆောင် Liam ဟာ မက္ကဆီကန်သရုပ်ဆောင်မလေး Eiza နဲ့အကြင်နာပေးနေတဲ့ ပုံကိုမြင်တွေရတာဖြစ်ပါတယ်။ ဒါပေမယ့် Liam က Eiza ဟာလူစိတ်ဝင်စားအောင် အကွက်ဆန်းလုပ်ရုံသက်သက်သာဖြစ်ကြောင်းသိသွားချိန်ကစပြီး အဲဒီ့အချစ်ဇာတ်လမ်း ဆုံးခန်းတိုင်ခဲ့ရတယ်လို့ဆိုပါတယ်။

“Liam က သူ Eiza နဲ့ထပ်မတွေ့တော့ဘူးလို့ Miley ကိုပြောပါတယ်။ သူ(Eiza)က ဓါတ်ပုံဆရာတွေကို မျှားခေါ်ဖို့လုပ်တာဖြစ်ပြီး သူ့ကိုအသုံးချသွားတာဖြစ်ကြောင်း Liam ကပြောပါတယ်။ Miley ကပျော်သွားတယ်ဆိုတာသိသာပါတယ်။ ဒါဟာ ကလဲ့စားချေလိုက်တာပါပါပဲ။ အထူးသဖြင့် Eiza ကလူအမြင်ကပ်လောက်အောင် ယုံကြည်မှုလွန်ကဲတာကြောင့်ပေါ့” လို့အတွင်းသိတစ်ယောက်က HollywoodLife.com ကိုပြောပါတယ်။

Miley ဟာသူနဲ့အကြားကကာလရှည်ကြာပါတ်သတ်မှုကို Liam ကလွယ်လွယ်နဲ့ရပ်စဲခဲ့တဲ့အတွက် Liam တစ်ယောက်ဒီလိုမျိုးအသုံးချခံရတာ ကြားတဲ့အခါ ကျေနပ်နေတယ်လို့ဆိုပါတယ်။ Miley ဟာ Liam နဲ့ပြတ်ပြီးချိန်ကစပြီး ဂီတထုတ်လုပ်သူ Mike WiLL Made It နဲ့ Rolling Stone မဂ္ဂဇင်းရဲ့အမွေဆက်ခံရမယ့်သူ Theo Wenner တို့နဲ့ချစ်ကြိုးသွယ်ခဲ့တာဖြစ်ပါတယ်။

Miley က Liam ကိုခွင့်လွှတ်ပြီးပါပြီ။ ဒါပေမယ့် Eiza နဲ့တွဲတာရော အဒီ့အကြောင်းကိုဖွင့်ပြောတာရောက သူ့ကိုနာကျင်စေပါတယ်။ ဒါကြောင့် Liam တစ်ယောက်အသုံးချခံရတာကိုသိတော့ နဲနဲစိတ်ကျေနပ်သွားတာပေါ့။ ဒါဟာ သူလေ့လာဖို့လိုတဲ့ သင်ခန်းစာဖြစ်ရင်လဲဖြစ်မှာပေါ့။ သူတို့အခေါ်အပြောပြန်လုပ်နေကြပါပြီ။ ပြန်တွဲနေပြီလို့တော့ပြောလို့မရဘူး။ သူတို့ဟာပိုကောင်းတဲ့အနေအထားတစ်ခုမှာရှိနေပါပြီ။ သူတို့နောက်တစ်ကြိမ်ကြိုးစားနေကြတယ်ဆိုတာ တွေ့မြင်ရပါတယ်” လို့ပြောပါတယ်။

Miley နဲ့ Liam တို့ဟာ ၂၀၀၉ ကစတွဲခဲ့တာဖြစ်ပြီး ၂၀၁၂ ဇွန်လမှာစေ့စပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ပြေလည်နေကြတာဖြစ်ပြီး နိုဝင်ဘာ ၂၈မှာကျင်းပမယ့်Thanksgiving ကာလမှာတွေ့ဆုံဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။

(Ref:starpulse)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *