ခြေစစ်ပွဲအောင်မြင်ပါက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခြင်းနှင့် အလားသဏ္ဍန်တူမည်ဟု အိုက်စလန်တိုက်စစ်မှူးဂတ်ဂျွန်ဆန် မှတ်ချက်ပြု

news_b1.jpg
Shares 0

ယနေ့ညတွင် ၂၀၁၄ ကမ္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲ Play-off ပထမအကျော့ (၄)ပွဲကစားမည် ဖြစ်ရာ အိုက်စ်လန်အသင်းနှင့် ခရိုအေးရှားတို့၏ပွဲစဉ်ကလည်း ပါဝင်လျက်ရှိသည်။ ထိုပွဲအား အစောဆုံးအဖြစ် ည (၁း၃၀)တွင် ကစားမည်ဖြစ်ကာ အိမ်ရှင်အိုက်စလန်အသင်း၏ အဓိကတိုက်စစ်မှူး နှင့် လက်ရှိတွင် နိုင်ငံအ တွက် ဂိုးအများဆုံးသွင်းထားသည့် ယခင်ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အိုက်ဒါဂတ်ဂျွန်ဆင်က  မိမိတို့အနေ ဖြင့် ရေပန်စားနေသော ခရိုအေးရှားကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့မည်ဆိုပါလျှင် အင်္ဂလန်ပ ရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးနိုင်သည့်အောင်မြင်မှုမျိုးဖြစ်လာလိမ့်မည်ဟု ပြောလာခဲ့သည်။

“ အခုအချိန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ အနီးကပ်ဆုံးအချိန်ရောက်နေပါပြီ။ ကျွန်တော့အ တွက်တင်မဟုတ်ဘဲ အိုက်စလန်နိုင်ငံရဲ့သမိုင်းမှာပါ အနီးဆုံးရောက်ရှိလာခဲ့ခြင်းပါပဲ။ ဒီလိုကမ္ဘာ့ဖလားမှာ ၀င်ပြီး ယှဉ်ပြိုင်ခွင့်ဆိုတာ ဝေးကွာလွန်းတဲ့ အိပ်မက်တစ်ခုပေါ့ ။ ဒါပေမယ့် အခုသိပ်မဝေးတော့ပါဘူး။ ခရိုအေးရှားနဲ့က စားရမယ့်ပွဲတွေက ဖလားဗိုလ်လုပွဲလိုဖြစ်နေပါတယ်။ ဥပမာပြောရရင် ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်ခွင့်ရှိ စေမယ့်ပွဲမျိုးပေါ့။ ကျွန်တော်တို့အသင်းမှာ လူငယ်ခြေတတ်တွေနဲ့ သမ္ဘာရင့်သူတွေကို အချိုးကျပေါင်းစပ်ထားပါ တယ်။ ”ဟု ဂတ်ဂျွန်ဆင်က ပြောခဲ့သည်။ အိုက်စလန်အသင်း၏ အကောင်းဆုံးကစားသမားများမှာ တော့တင် ဟမ်ကွင်းလယ်ဖန်တီးရှင် ဂိုင်လ်ဖီဆစ်ဂါဆင်၊ အေဂျက်စ်တိုက်စစ်မှူး ကိုဘီလ်အင်းဆစ်သော်ဆင်၊ ဟီရန်ဗင်းအ သင်းမှ တိုက်စစ်မှူး အဲလ်ဖရက်ဖင်ဘိုဂတ်ဆင်တို့ဖြစ်ကြသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *