Arian Grande ရဲ့ အမြတ်နိုးရဆုံး အမျိုးသမီး အဆိုရှင်များ

ariana-grande-press-650-430.jpg
Shares 0

“Yours Truly”လို့ အမည်ရတဲ့ အမေရိကန်တေးအယ်လ်ဘမ်သစ်ရဲ့ အဆိုရှင် Arian Grande ဟာ Whitney Huston, Judy Garlandနဲ့ အခြားအနုပညာရှင် အမြောက်အမြားကို သူမအနေနဲ့ အလွန်ပဲ နှစ်သက်ကြောင်းဖော်ပြသွားပါတယ်။

လွန်ခဲ့တဲ့လက သူမရဲ့ “Yours Truly”အမည်ရ တေးအယ်လ်ဘမ်သစ်ဟာ စထွက်ထွက်ချင်း ရက်သတ်္တပတ်မှာပဲ Billboard 200စာရင်းမှာ နံပါတ်(၁)နေရာချိတ်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်းအမျိုးအစားတွေကတော့ စိတ်ကိုဆွဲဆောင်နိုင်ပြီး R&B လိုင်းဘက်ဆန်တဲ့ Top 10 hits မှာပါတဲ့ “The Way” လိုမျိုး သီချင်းတွေများပါတယ်။

သူမ အခုလို အဆိုအကျော်အမော်တစ်ယောက် မဖြစ်ခင်က သူမအကြိုက်ရဆုံးသော အမျိုးသမီး အဆိုတော် ငါးဦးကို “Gimmie Five”လို့ နာမည်ပေးပြီး စာရင်းလုပ်ထားခဲ့ပါတယ်။ သူတို့တွေကတော့ –

(၁)     Imogen Heap

သူမရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ဉဏ်ရည်ဉဏ်သွေးကို ကျွန်မအလွန်ပဲ သဘောကျပါတယ်တဲ့။

(၂)     India Arie

သူမရဲ့အသံနေ အသံထားဟာ အလွန်ပဲခမ်းနားပါတယ်။ သူမရဲ့သီချင်းကို နားထောင်နေရတာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်က ကျွန်မအတွက် အားပေးစကား လာပြောနေသလိုမျိုး နွေးထွေးမှုကိုပေးစွမ်းနိုင်ပါတယ်တဲ့။

(၃)     Judy Garland

သူမရဲ့ ဗွီးဒီယိုတွေ၊ ရှိုးတွေကို စောင့်ကြည့်ရင်း ကျွန်မကြီးပြင်းခဲ့ရတာပါ။ သူမရဲ့ဆံပင်၊ အ၀တ်အစားအပြင်အဆင် တစ်ခုကြောင့်မှမဟုတ်ဘဲ မိန်းမသား တစ်ယောက် သူမရဲ့နှလုံးသားကို ဖွင့်ထုတ်ပြီးသီဆိုလိုက်တဲ့ အသံနဲ့ စာသားတွေကိုသာ ကျွန်မ ခံစားနေခဲ့မိတာပါ။

(၄)     Whitney Huston

သူမကတော့ ကျွန်မနှလုံးသားထဲမှာ သီးသန့်နေရာတစ်ခု ရယူထားနိုင်သူပါ။ သူမဟာ ကျွန်မရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်သူပါပဲ။ သူမရဲ့ "Bodyguard" သီချင်းကိုကြည့်ပြီး ကျွန်မလည်း တစ်နေ့သူမလို ဖြစ်ရမယ်လို့ ကျွန်မအမေကိုပြောဖြစ်ခဲ့ပါတယ်တဲ့။

(၅)     Brandy

သူမရဲ့ ချိုမြိန်တဲ့အသံနဲ့ သီချင်းတွေက ကျွန်မရဲ့စိတ်ထဲစွဲနေပါတယ်တဲ့။

Ref:Billboard

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *