ဖီဖာရွှေဘောလုံးဆုနှင့် စီရော်နယ်လ်ဒိုထိုက်တန်သည်ဟု ရောဘတ်တိုကားလို့စ် ယုံကြည်ထား

news_a1.jpg
Shares 0

ရီးရဲလ်မက်ဒရစ်အသင်းတွင် ၁၉၉၆ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ ကာလရှည်ကြာကစားခဲ့ကာ ဆုဖလားများစွာရယူ နိုင်ခဲ့သည့် ဘရာဇီးလ်ဘယ်အစွန်နောက်ခံလူ ရောဘတ်တိုကားလို့စ်က ယခုနှစ် ဖီဖာရွှေဘောလုံးဆုအား စီ ရော်နယ်လ်ဒိုရရှိနိုင်သည်ဟု ပြောကြားလာခဲ့သည်။ပေါ်တူဂီတိုက်စစ်မှူးမှာ ၂၀၁၃ခုနှစ်အတွင်း စုစုပေါင်း(၆၂) ဂိုးသွင်းထားနိုင်ပြီး ယခုနှစ်ဘောလုံးရာသီအတိုင်းအတာအရဆိုလျှင် (၂၄)ဂိုးသွင်းထားနိုင်ပြီဖြစ်ရာ တစ်ဦးချင်း ဆိုင်ရာ ထူးချွန်ဆုအား ရရှိနိုင်မည်ဟု ကားလို့စ်က ယုံကြည်လျက်ရှိသည်။ “ ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဖီဖာရွှေဘောလုံးဆုနဲ့ ထိုက်တန်မှုရှိပါတယ်။ ကျွန်တော်ထင်တာတော့ ဒီနှစ်သူရလိမ့်မယ်။ ဂိုးတွေဒီလောက် အများကြီးကို ပုံမှန်သွင်းနေနိုင်ခြင်းအတွက် အသိအမှတ်ပြုခံရသင့်ပါတယ်။ သူဆုရပါလိမ့်မယ်။ နောက်ပြီး ဘေးလ်နဲ့ ပတ်သက်လို့ပြောရရင် သူကလည်းကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒါ ကိုအင်္ဂလန်ပရီးမီးယားလိဂ်မှာ သက်သေပြခဲ့ပြီးပါပြီ။ ရီးရဲလ်မက်ဒရစ်မှာဆိုရင်လည်း တော်တော်လေးခြေ စွမ်းပြနေနိုင်ပါပြီ။ ငယ်ရွယ်သေးတဲ့အတွက် တိုးတက်စရာအချိန်တွေ အများကြီးရှိပါသေးတယ်”ဟု ရော်ဘတ် တိုကားလို့စ်က ပြောခဲ့သည်။

ယခုဆိုလျှင် နည်းပြပိုင်းသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သော ရော်ဘတ်တိုကားလို့စ်မှာ တူရကီအဆင်မြင့်တန်း ပြိုင် ပွဲဝင်ကလပ်အသင်း ဆီဗက်စပေါတွင် နည်းပြအဖြစ် ယခုနှစ်ဘောလုံးရာသီမှ စတင်ကာ တာဝန်ယူနေပြီဖြစ် သည်။ ဆီဗက်စပေါအသင်းအား နည်းပြအဖြစ်တာဝန်မယူခင် ရုရှားကလပ် အန်ဇီတွင် လက်ထောက်နည်းပြ အဖြစ်လည်းကောင်း၊ ကစားသမား/နည်းပြအဖြစ်လည်းကောင်း ကားလို့စ်တာဝန်ယူခဲ့သေးသည်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *