မန်ယူ ၁-၀ အာဆင်နယ်ပွဲကြောင့် အိမ်ခြေယာမဲ့ဘ၀ရောက်သွားခဲ့သည့် ယူဂန်ဒါမိသားစုတစ်စု

b.jpg
Shares 0

ပရီးမီးယာလိဂ်အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်လျက်ရှိသော အာဆင်နယ်အား ဗန်ပါဆီ၏ဂိုးဖြင့် မန်ယူ အနိုင်ယူခဲ့သည့်ပွဲစဉ်အား ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်သန်းပေါင်းများစွာတို့က ကြည့်ရှုအားပေးခဲ့ကြရာတွင် မိမိ စိတ်ကြိုက်အသင်းကို အလောင်းအစားပြုလုပ်ခဲ့သူများလည်းရှိခဲ့ကြသည်။ ထိုသို့လောင်းကစားခဲ့ကြသည့်အ ထဲတွင် ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ အီဂန်ဂါပြည်နယ်မှ ယူဂန်ဒါနိုင်ငံသားတစ်ဦးလည်းပါဝင်ခဲ့ပြီး အိမ်ကိုအ လောင်းအစားပြုကာ အာဆင်နယ်ဘက်မှ လောင်းခဲ့ခြင်းဖြစ်သည်။ ထိုသူ၏အမည်မှာ ဟင်နရီဒါဘတ်ဆန်နီ ဖြစ်ပြီး မန်ယူပရိသတ် ရာရှစ်ယီဂါဆိုသူက ကားနှင့် ၄င်း၏ဇနိးကို တင်လောင်းခဲ့သဖြင့် ၄င်းကလည်း အိမ်ကို အလောင်းအစားပြုကာ ဒေသခံများ၊ ရပ်ကွက်တာဝန်ရှိသူများရှေ့တွင် စာချုပ်ချပ်ပြီး လောင်းခဲ့ကြသည်။­­

ထိုပွဲ၏ နောက်ဆုံးပွဲသိမ်းခရာမှုတ်ချိန်တွင် ဒါဘတ်ဆန်နီမှာ အိမ်ကို မန်ယူပရိသတ်ရာရှစ်ထံ လွဲပြောင်းပေးရတော့မည်ဖြစ်သောကြောင့် မေ့မြောသွားခဲ့ရသည်။ ဒါဘတ်ဆန်နီထံတွင် ဇနီး(၃)ဦးရှိပြီး ကလေး (၅)ယောက်ရှိကာ ပြီးခဲ့သည့် တနင်္လာနေ့က အိမ်ကိုလွဲပြောင်းပေးလိုက်ရပြီး တစ်မိသားစုလုံး အိမ်မှဆင်းသွားခဲ့ ပြီဖြစ်သည်။ အလောင်းအစားဆိုသည်မှာ မည်သည့်အခါကမှ ကောင်းကျိုးပေးတတ်ခဲ့သည်မဟုတ်ဘဲ ဆိုးကျိုး သာလျှင် ပေးခဲ့သည်ချည်းသာဖြစ်သည်။ ထို့ကြောင့်လည်း ယခုဖြစ်ရပ်အား သင်ခန်းစာယူကာ ဘ၀ပျက်ရသည် အထိ လောင်းကစားပြုလုပ်ခြင်းမျိုး ရှောင်ရှားနိုင်စေရန် ဖော်ပြပေးလိုက်ရခြင်းဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *