Free Birds

free_birds.jpg
Shares 0

Reggie အမည်ရတဲ့ ကြက်ဆင်ဟာသူနဲ့အတူနေတဲ့ ကြက်ဆင်တွေထက် ဥာဏ်ပညာအမြော်အမြင်ရှိသူပါ။ ကြက်ဆင်တွေဆိုတာ Thanksgiving ပွဲမှာသတ်စားဖို့အတွက် ၀၀လင်လင်ကျွေးမွေးထားတဲ့သတ္တ၀ါ မျိုးဆိုတာကိုသိရှိနားလည်ထားသူပါ။ ကံကောင်းထောက်မစွာနဲ့ Reggie ဟာ အမေရိကန်သမ္မတရဲ့နှစ်စဉ် ဘေးမဲ့ပေးတဲ့ကြက်ဆင်ဖြစ်လာပြီး Camp David ဆိုတဲ့နေရာကိုအပို့ခံရပါတယ်။ အဲဒီ့နေရာမှာ Reggie ဟာ ပီဇာစတဲ့အစားကောင်းအသောက်ကောင်းတွေစားပြီးငြိမ့်နေတာဖြစ်ပါတယ်။ Thanksgiving ပွဲမတိုင်ခင် ၃ရက်အလိုမှာ Reggie ဟာ ကြက်ဆင်လွှတ်မြောက်ရေးအစည်းအရုံးရဲ့ ဥက္ကဠလဲဖြစ်တစ်ဦးတည်းသော အဖွဲ့ဝင်လဲဖြစ်တဲ့ Jake ရဲ့ပြန်ပေးစွဲခြင်းကိုခံရပါတယ်။ Jake ဟာသန်စွမ်းပေမယ့် မေ့တတ်တဲ့ကြက်ဆင်တစ်ကောင်ဖြစ်ပါတယ်။ Jake က ကြီးကျယ်မြင့်မြတ်တဲ့ကြက်ဆင်ကြီးတစ်ကောင်က သူတို့နှစ်ယောက်ကို ပထမဆုံး thanksgiving ပွဲကာလကိုပြန်သွားပြီး ကြက်ဆင်တွေကို စားဖွယ်စာရင်းကနေဖြောက်ဖျက်ပေးဖို့တာဝန်ပေးထားတာဖြစ်ကြောင်း Reggie ကိုပြောပါတယ်။ Reggie ကမယုံသင်္ကာဖြစ်နေပေမယ့်လဲ မကြာမီမှာတော့သူတို့နှစ်ဦးဟာ လျှို့ဝှက်အချိန်ယန္တယားကြီးတစ်ခုကို သုံးပြီး ၁၉၆၂ခုနှစ်က Playmouth ကိုလိုနီကိုရောက်သွားပါတော့တယ်။

Free Birds ဟာ 3D computer-animated ဟာသကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Jimmy Hayward ရိုက်ကူးထားတာဖြစ်ပါတယ်။ Owen Wilson, Woody Harrelson, Amy Poehler အစရှိတဲ့သရုပ်ဆောင်များက အသံသရုပ်ဆောင်တွေအဖြစ်ပါဝင်ထားပါတယ်။

Ref:commonsensemedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *