အနုပညာအလုပ်တွေ ဆက်မလုပ်တော့ပေမဲ့ ဘောလုံးအားကစားကတစ်ဆင့် ပရိသတ်နဲ့ ထိတွေ့နေဆဲ ဇာနည်

image-1383497340745-v.jpg
Shares 0

အနုပညာလှုပ်ရှားမှုတွေနဲ့ အနည်းငယ်အလှမ်းဝေးနေပေမဲ့ အနုပညာရှင်များစုစည်းထားတဲ့ ဘောလုံးအသင်းမှာတော့ တစ်ထောင့်တစ်နေရာကနေ ကြိုးစားအားဖြည့်ရင်း ပရိသတ်အတွက် ဖျော်ဖြေနေသူကတော့ ဇာနည်ပါ။ သူဟာ စီးပွားရေးဘက်မှာ အခြေချကြိုးစားနေသလို ပရိသတ်အတွက်ဖျော်ဖြေခံအဖြစ် နဲ့ ဘောလုံးအသင်းမှာ ပါဝင်ကူညီသူဖြစ်တဲ့ ဇာနည်နဲ့ပြောဖြစ်သမျှက ‘အားကစားကို အစ်ကိုငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ အား ကာသိပံ္ပမှာ ဘောလုံးနဲ့ ကျောင်းတက်ခဲ့တယ်။ ပြီးတော့ အခုချိန်မှာ ဘောလုံးအားကစားကို မြတ်မြတ်နိုးနိုးနဲ့ ခင်တွယ်နေတယ်။’လို့ပြောခဲ့သလို Actor Star အသင်းမှာ ခေါင်းဆောင်အနေနဲ့ပါဝင်နေပုံကိုလည်း ‘မင်းသားတွေ စုပြီးဖွဲ့ထားတဲ့ အက်တာစတားအသင်းမှာလဲ ကိုယ်က ပါဝင်တဲ့အတွက် အရမ်းတာဝန်ကြီးတယ်။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ်လဲ တန်းတူပဲ။ ဒါပေမဲ့ အုပ်စုလိုက်ကြီး လှုပ်ရှားရတာဖြစ်တဲ့အတွက် ဒီအသင်းမပြိုကွဲရေး၊ ၆နှစ်၊ ၇နှစ် တည်မြဲဖို့အတွက်က အရမ်းတာဝန်ကြီးပါတယ်။ ဒီအဖွဲ့မှာဆိုရင်လဲ ဦးဝင်းထွန်းထွန်းတို့၊ အစ်ကိုတို့က ခေါင်းဆောင်အနေနဲ့ပါဝင်ထားတော့ တာဝန်ကြီးတာပေါ့နော်’တဲ့။

Actor Star အသင်းကနေ ဆက်လက်လှုပ်ရှားသွားမဲ့ အကြောင်းတွေကိုတော့ ‘အစ်ကိုတို့ ဘန်ကောက်မှာ သွားကစားဖို့ရှိတယ်။ comfirmတော့မဖြစ်သေးဘူး။ သူတို့ဆီက ရုပ်ရှင်မင်းသားတွေနဲ့ပါ။ အဲဒီသူတွေထဲမှာ Pee Mak  မင်းသား  လဲပါမယ်။ သူတို့နိုင်ငံက ဖိတ်လို့သွားရမှာပါ။ တခြားနိုင်ငံတွေကလဲ ပြောထားတာရှိတယ်။ သွားရောက် ယှဉ်ပြိုင်တဲ့အခါမှာ ဘောလုံးနဲ့ပတ်သတ်တဲ့ နည်းပြဆရာတွေက အစ်ကိုတို့ရဲ့ အုပ်ချုပ်သူတွေလဲပါတယ်။ အမြဲတမ်းပါတာကတော့ နယ်တွေပဲသွားကစား၊ ကစားအစ်ကိုတို့နဲ့လာကစားပေးတဲ့ အပြင်က ကလေးတွေရှိတယ်။ အဲလိုလေးရန်ရတယ်။ မရန်ပဲနဲ့မရဘူး။ ပြီးတော့ အစ်ကိုတို့အသင်း Fun လေးတစ်ခုရှိတယ်။ မင်းသားတစ်ယောက်ချင်းစီကို လိုက်ငှားရင် အရမ်းများသွားလိမ့်မယ်။  အစ်ကိုတို့ ၀တ်စုံဖိုးလောက်ပဲ ပြန်ယူတယ်။ ကျန်တာကတော့ အလှူထဲပဲပါသွားတာပေါ့နော်။ ပရဟိတနဲ့ ကန်ရင်တော့ အစ်ကိုတို့အတွက် ကုသိုလ်ရတယ်။ ကိုယ့်လုပ်အားလေးနဲ့ဆိုတော့ မွန်မြတ်တာပေါ့နော်။ ဇန်န၀ါရီ ၂၂ ရက်နေ့မှာဆိုရင်ပြိုင်ပွဲရှိတယ်။ မြန်မာဖူဆယ်လိမှာ ပထမရထားတဲ့ ၄ သင်းပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသင်းလဲပါတယ။်ပြီးတော့ Music Fc ပါမယ်။ အဲဒီအတွက်က အစ်ကိုတို့ ပြင်ဆင်မှုအနေနဲ့ ဖိုးချစ်ရဲ့ ခြံထဲမှာ သဲကွင်းလုပ်ထားတယ်။ ပင်လယ်ပုံစံသဲကွင်းလုပ်ထားတယ။် အမြဲတမ်းအပတ်စဉ်ကတော့ ကျိုက္ကဆံကွင်းမှာစနေ၊ တနင်္ဂနွေအမြဲတမ်းရှိတယ်။’လို့ ပြောပြခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *