New York မြို့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ Rock ဂီတသမား၃ယောက်

yellow-dogs.jpg
Shares 0

နိုဝင်ဘာလ ၁၁ရက်နေ့မနက်စောစာက New York မြို့ Brooklyn အရပ်မှာ Rock ဂီတ၀ိုင်းတစ်ဝိုင်းက အဖွဲ့ဝင်ဂီတသမား ၃ယောက်သေနတ်နဲ့ပစ်သတ်တာခံခဲ့ရပါတာယ်။

အသတ်ခံခဲ့ရသူတွေဟာ အီရန်လူမျိုးဂီတသမားတွေနဲ့ဖွဲ့စည်းထားတဲ့ post-punk ဂီတ၀ိုင်း Yellow Dogs ကဖြစ်ပါတယ်။ သူတို့ဝိုင်းကို ၂၀၀၆ခုနှစ်က Tehran မြို့မှာဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ New York မှာအခြေချလာခဲ့တာပါ။ ရဲရဲ့အဆိုအရတော့ သေနတ်သမားဟာ Broonklyn အရပ်ရဲ့ East Williamsburg အပိုင်းကအဆောက်အဦးတစ်ခုထဲကို လမ်းလျှောက်ဝင်သွားပြီး 308 caliber ရိုင်ဖယ်နဲ့ Yellow Dogs အဖွဲ့သားနှစ်ဦးအပါအ၀င် သူတို့ရဲ့မိတ်ဆွေတစ်ယောက်ကိုပစ်သတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ အဆောက်အဦးကို ရဲတွေဝိုင်းထားချိန်မှာ သေနတ်သမားဟာ ခေါင်မိုးပေါ်တက်သွားပြီးသူ့ရဲ့မေးစေ့အောက်ကနေ သေနတ်နဲ့တေ့ပစ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။

Yellow Dogs အဖွဲ့က ဂစ်တာသမား Sourosh Farazmand ဒရမ်သမား Arash Farazmand နဲ့အတူ သူတို့ရဲ့မိတ်ဆွေလဲဖြစ် ဂီတသမားတစ်ဦးလဲဖြစ်တဲ့ Ali Esakandarian တို့ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ New York Post သတင်းစာကတော့သေနတ်သမားဟာ Raefe Ahkbar ဖြစ်တယ်လို့ အတည်ပြုခဲ့တာ့ဖြစ်ပြီး Yellow Dogs အဖွဲ့ဝင်ဟောင်း ဖြစ်တယ်လို့အစောပိုင်းသတင်းမှာ အစီအရင်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Ahkbar ဟာ Yellow Dogs နဲ့ပါတ်သတ်တဲ့ အီရန်ဝိုင်းတစ်ဝိုင်းကဂီတသမားတစ်ယောက်ဖြစ်တယ်ဆိုတာသိခဲ့ရပါတယ်။

Ref:loudwire

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *