အင်္ဂလန်လေ့ကျင့်ရေးကွင်းတွင် ဗိုင်းရပ်စ်တစ်မျိုးတွေ့သဖြင့် အက်ဖ်အေမှ ရွေ့ပြောင်းစေခဲ့

news_a11.jpg
Shares 0

ယခုတစ်ပတ်နိုင်ငံတကာခြေစမ်းပွဲကာလအတွင်း ချီလီ၊ ဂျာမနီအသင်းများနှင့် ကစားရန် စီစဉ်ထားသော အင်္ဂလန်လက်ရွေးစင်အသင်းနှင့် အင်္ဂလန်ယူ-၂၁ အသင်းတို့ လေ့ကျင့်ခန်းဆင်းနေသည့် စတက်ဖို့ဒ်ရှိုင်း ယားအခြေစိုက် St. George's Park တွင် အစာအိမ်ရောဂါပိုးတစ်မျိုးရှိနေကြောင်း မင်္သကာဖွယ်ရာဖြစ်ရပ် များရှိလာခဲ့သည်။ လေ့ကျင့်နေခဲ့သော ဘောလုံးသမားတစ်ဦးမှ နာမကျန်းဖြစ်မှုမရှိခဲ့သော်လည်း လာကြည့် ခဲ့ကြသော ပရိသတ်များထဲမှ အချို့မှာ အော့အန်ကာ ဖျားနာမှုများဖြစ်ခဲ့ကြခြင်းကြောင့် လေ့ကျင့်ရေးကွင်းကို နေရာပြောင်းခဲ့ရခြင်းဖြစ်သည်။ အက်ဖ်အေ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ လေ့ကျင့်ခန်းပြုလုပ်နေတဲ့နေရာ မှာ ရောဂါပိုးတစ်မျိုးတွေ့ရှိခဲ့ရတယ်လို့ အကြောင်းကြားမှုရှိလာခဲ့ပါတယ်။ လာရောက်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ် တွေထဲက အနည်းငယ်ဟာ ဝေဒနာခံစားခဲ့ကြရတာပါ။ အခုကြေညာချက်ထုတ်ပြန်တဲ့အထိ ဘယ်ဘောလုံးသ မားကမှ ရောဂါခံစားရတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့်လည်း ကြိုတင်ကာကွယ်မှုအဖြစ် ဒီမှာလေ့ကျင့်နေတဲ့ ဘောလုံးသမားတွေကို အခြားတစ်နေရာစီ ပြောင်းပစ်လိုက်ပါပြီ”ဟု အတည်ပြုခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်းကြီးက နိုဝင်ဘာ(၁၆)ရက်တွင် ချီလီနှင့်လည်းကောင်း၊ (၂၀)ရက်နေ့တွင် ဂျာမနီ လက်ရွေးစင်အသင်းနှင့်လည်းကောင်း ချစ်ကြည်ရေးခြေစမ်းပွဲများကစားရမည်ဖြစ်သလို အင်္ဂလန်ယူ-၂၁ အ သင်းမှာလည်း ဖင်လန်၊ ဆန်မာရီနိုတို့နှင့် ယူ-၂၁ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲများ ကစားရန်ရှိနေသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *