နာမည်ကြီးဟဲဗီးမက်တယ်ဝိုင်းရဲ့ လိဒ်ဂီတာသမားကို စိန်ခေါ် တီးခတ်အနိုင်ယူခဲ့တဲ့ ၁၁ နှစ်အရွယ်ကလေး

sp_11_year_old_dec_1_2013.jpg
Shares 0

၁၁ နှစ်အရွယ် Aidan Fisher  ဟာ ဟဲဗီးမက်တယ်တီးဝိုင်းတစ်ဝိုင်းဖြစ်တဲ့Steel Panther တီးဝိုင်းရဲ့ ရှိုးပွဲတစ်ခုမှာ နာမည်ကျော် Eddie Van Halen ရဲ့ ဂီတာဆိုလို တွေကို တီးခတ်ပြီး  Steel Panther အဖွဲ့  ၀င်တွေကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။ Steel Panther အဖွဲ့ ဟာ သူတို့ ရဲ့ Live Show တော်တော်များများ မှာ ပရိတ်သတ်ထဲကလူတွေကို စင်ပေါ်မှာ သူတို့ နဲ့ အတူ ဂီတာတီးခတ်ဖို့ ဆွဲခေါ်လေ့ ရှိပါတယ်။ ဒီတစ်ခါမှာတော့ အသက် ၁၁ နှစ်အရွယ် Aidan Fisher က “ ငါ Satchel ကို ဂီတာဆိုလို တီးခတ်ဖို့  စိန်ခေါ်တယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး စင်ပေါ် ၀င်ရောက်တီးခတ်ခဲ့ကာ ပရိတ်သတ်တွေနဲ့  တီးဝိုင်းအဖွဲ့ ဝင်တွေကို အံ့သြမှင်တက် စေခဲ့တာပါ။ Aidan ဟာ ပထမဆုံး နာမည်ကြီးဂီတာသမား Eddie Van Halen ရဲ့ အထင်ကရ Eruption ကို Van Halen ရဲ့ Tapping တီးနည်းအတိုင်း တစ်ကိုယ်တော် တီးခတ်ခဲ့ပြီး Van Halen ရဲ့ နာမည်ကြီးပြန်လည်သီဆိုမှု သီချင်း ဖြစ်တဲ့ You Really Got Me ကို Steel Panther ၀ိုင်းနဲ့  အတူ တီးခတ်သီဆိုခဲ့ပါတယ်။ Aidan ရဲ့ တစ်ကိုယ်တော် ဂီတာအစွမ်းပြမှုကို Steel Panther ရဲ့ လိဒ်ဂီတာသမား Satchel ကိုယ်တိုင်မှင်တက်ခဲ့ပြီး ဒီ စိန်ခေါ်မှုမှာ Aidan အနိုင်ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

“သူတို့ အဖွဲ့ (Steel Panther) ဟာ အရင်ကတည်းက ပွဲတွေမှာ ပရိတ်သတ်ထဲက လူတွေကို ယှဉ်ပြိုင်တီးခတ်ဖို့ ဖိတ်ခေါ်လေ့ရှိပါတယ်။ တွေ့ ကြသေးတာပေါ့ ၊ Satchel နဲ့ စိန်ခေါ်တီးခတ်ဖို့ ဆိုင်းဘုတ်တစ်ခုယူသွားမယ်။ ဘာတွေဖြစ်မလဲစောင့်ကြည့်တာပေါ့ လို့ ကျွန်တော် တွေးလိုက်တယ်” လို့ Aidan ရဲ့ဖခင် က KETV ကို ပြောကြားသွားပါတယ်။

Metal Skool လို့ စတင်အမည်ခံပြီး Steel Panther လို့ ပြောင်းလဲခဲ့တဲ့ ဒီတီးဝိုင်းမှာ ၂၀၀၀ ပြည့်နှစ်မရောက်မီကမှ စတင်ဖွဲ့ စည်းခဲ့ပေမယ့် ၁၉၈၀ ခုနှစ်များရဲ့ ဟဲဗီးမက်တယ်ဂီတပုံစံကို ပြန်လည်သရုပ်ဖော်နေသူတွေဖြစ်ပြီး သူတို့ ရဲ့ ဘာသာရေးကိုခနဲ့ တဲ့ စာသားတွေ၊ ရယ်စရာ သီချင်းစာသားတွေနဲ့ နာမည်ကျော်ပါတယ်။

အခုဗီဒီယိုဟာ တစ်မဟုတ်ချင်း Youtube မှာ နာမည်ကျော်သွားပြီး ၀င်ရောက်ကြည့်ရှုသူပေါင်း ၁.၆ သန်းခန့်  ရှိသွားပြီးဖြစ်ပါတယ်။

Aidan Fisher ရဲ့ စိန်ခေါ်တီးခတ်မှု ဗီဒီယိုကို အောက်ပါ Link မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

 

Ref: mirror.co.uk

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *