သူ့ရဲ့အပြုအမူအတွက်တောင်းပန်လိုက်ရတဲ့ Red Hot Chili Peppers ရဲ့ Drummer Chad Smith

chad_smith.jpg
Shares 0

Red Hot Chili Peppers ရဲ့ drum သမား Chad Smith ဟာသူ့ရဲ့ drum တီးတဲ့အခါ တက်ကြွပျော်ရွှင်တဲ့စိတ်ဓါတ်နဲ့ သူ့ရဲ့ဟာသဥာဏ်တို့ ကြောင့်လူသိများတာလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်နိုင်ငံမှာတော့ အချို့ကိစ္စတွေက နောက်ပြောင်စရာမဟုတ်ဘူးလို့ထင်ရပါတယ်။ သူ့ရဲ့မကြာသေးမီက လူရှေ့ထွက်လို့ ဘောလုံးပရိတ်သတ်တွေနဲ့နောက်ပြောင်ပျော်ရွှင်ခဲ့ ချိန်ကစပြီး စိတ်မသက်မသာမှုကိုခံစားနေရတာပါ။

Smith ရဲ့ drum clinic အစီအစဉ်မှာ ပရိတ်သတ်တစ်ယောက်က Flamengo ဘောလုံးကလပ်အသင်းရဲ့ အကျီ င်္ကို စင်ပေါ် ပစ်တင်ပေးလိုက်တဲ့အဖြစ်အပျက်ကစတော့တာပါပဲ။ Smith ဟာအဲဒီ့အကျီ င်္ကိုလေထဲမှာ ဝှေ့ယမ်းခဲ့ရာမှာ ပရိတ်သတ်ထံကနေ အားပေးသံတွေထွက်ပေါ်လာပါတယ်။ အဲဒီ့နောက်မှာတော့ သူဟာနောက်ပြန်လှည့်ပြီး သူ့ရဲ့ဘောင်ဘီနောက်ခြမ်းထဲ အကျီ င်္ကိုထိုးထည့်ခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့နောက်ခြမ်းနဲ့ အကျီ င်္ကိုပွတ်တိုက်တဲ့ဟန်လုပ်ပြီး လွှင့်ပစ်ခဲ့ပါတယ်။

ဒီအပြုအမူတွေအတွက် ချက်ခြင်းဆိုသလို ပရိတ်သတ်တွေဆီကနေ အလိုမကျသံတွေကြားရပြီးနောက်ဆုံးမှာ Smith ရဲ့အသက်ကိုပါခြိမ်းခြောက်မှုတွေပြုလုပ်လာကြပါတယ်။

အခုတော့ Smith ခမျာ အဲဒီ့အဖြစ်အပျက်အတွက် လူသိရှင်ကြားတောင်းပန်ခဲ့ရပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတော့ “drum clinic မှာကျွန်တော့ရဲ့ မသင့်လျှော်တဲ့မိုက်မဲမှုအတွက် ကျွန်တော်တောင်းပန်ချင်ပါတယ်။  အသင်းတွေရဲ့ပြိုင်ဆိုင်မှုနဲ့ပါတ်သတ်တဲ့ကျွန်တော့ရဲ့နောက်ပြောင်မှုဟာ တော်တော်လေးလွန်သွားပါတယ်။ Flamengo ကလပ်အသင်းရဲ့ပရိတ်သတ်တို့ရေ ကျွန်တော်စိတ်မကောင်းပါဘူးဗျာ” လို့ရေးခဲ့ပါတယ်။

အဲဒီ့ message အောက်မှာတော့ တာဝန်သိသိနဲ့တောင်းပန်ခဲ့တဲ့ Chad Smith ကိုထောက်ခံတဲ့ comment တွေတွေ့ရပါတယ်။

Smith ဟာ နိုဝင်ဘာ ၉ ရက်နေ့ည Rio de Janeiro မှာလုပ်မယ့် show အတွက်သူ့ရဲ့ဝိုင်းဖေါ်တွေနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။

(Ref:loudwire)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *