Miss ပြိုင်ပွဲတွေအတွက် အချိန်မပေးနိုင်တော့ဘူးလို့ဆိုတဲ့ ခင်ဝင့်ဝါ

Shares 0

နိုင်ငံပေါင်း(၈၅)နိုင်ငံက အလှမယ်တွေ ယှဉ်ပြိုင်ကြတဲ့ Miss Supra National ပွဲမှာ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါကလည်း ဆုလေးဆုကို ဆွတ်ခူးခဲ့တာ အားလုံးအသိပါ။ ဟိုမှာ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့အတွေ့အကြုံတွေ၊ အခက်အခဲစတာတွေကို ပရိသတ်ကြီး ကြားသိနိုင်ဖို့အတွက် ခုလိုဝေမျှပေးလိုက်တယ်နော်….

Shares 0
IMG_1637.JPG
Shares 0
နိုင်ငံပေါင်း(၈၅)နိုင်ငံက အလှမယ်တွေ ယှဉ်ပြိုင်ကြတဲ့ Miss Supra National  ပွဲမှာ မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်တဲ့ ခင်ဝင့်ဝါကလည်း ဆုလေးဆုကို ဆွတ်ခူးခဲ့တာ အားလုံးအသိပါ။ ဟိုမှာ ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့အတွေ့အကြုံတွေ၊ အခက်အခဲစတာတွေကို ပရိသတ်ကြီး ကြားသိနိုင်ဖို့အတွက် ခုလိုဝေမျှပေးလိုက်တယ်နော်….
 

Q: ညီမလေးအကြောင်းကို ပရိသတ်ကြီးနဲ့ အရင်ဆုံးမိတ်ဆက်ပေးပါဦး။ 

A: ညီမနာမည်အရင်းက ချောစုလှိုင်ပါ။ အသက်က (၁၉) နှစ်ရှိပါပြီ။ Botany Distance အဝေးသင်တက်နေပါတယ်။ ညီမမှာမိသားစု ခြောက်ယောက်ရှိပါတယ်။ ညီမက အငယ်ဆုံးပါ။ ၂၀၁၂ ခုနှစ်မှာ ကိုဂျွန်ဆီမှာ သင်တန်းတက်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။ 
 

Q: ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ခဲ့တာက။

A: ပြိုင်ပွဲတွေကိုအရင်ကတည်းက စိတ်ဝင်စားပါတယ်။အစ်မနန်းခင် ပြိုင်သွားကတည်းက ၀င်ပြိုင်ချင်နေတာ အဲဒီမှာ ညီမ မဂ္ဂဇင်းတွေဖတ်တယ်။ ဒီပြိုင်ပွဲလေးကို တွေ့တော့ ညီမ၀င်ပြိုင်ဖြစ်ခဲ့တာပေါ့။ 
 

Q: ဆုလေးဆု ပိုင်ဆိုင်ရရှိခဲ့တဲ့အပေါ် ညီမရဲ့ စိတ်ခံစားမှုက ဘယ်လိုရှိလဲ။

A: အရမ်းကို ကျေနပ် ဂုဏ်ယူမိပါတယ်။ Miss Internet ဆုကလဲ ပရိတ်သတ်ကြီးပေးလို့ ရခဲ့တာဆိုတော့ ပရိတ်သတ်တွေ နေ့မအိပ်၊ ညမအိပ် အားပေးခဲ့တဲ့အတွက် ပရိတ်သတ်ကြီးအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ 
 

Q: ရရှိခဲ့တဲ့ ဆုတွေက။ 

A: Miss Internet ဆု၊ Most Beautiful In The World ၊ Face Of Supranational 2013 ၊ People  Choice ပါ။
 

Q: ပြိုင်ပွဲဝင်ရင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက။ 

A: ပြိုင်ပွဲမစခင်ကတည်းက ကြုံတွေ့ခဲ့ရတာတွေက အများကြီးပါ။ ထရိန်နင်ကာလမှာလည်း အတွေ့အကြုံတွေ အများကြီးရတယ်။ သွားရတဲ့ လမ်းခရီးတစ်လျှောက်မှာလဲ အတွေ့အကြုံတွေရခဲ့တယ်။ 
 

Q: မသွားခင်ပြင်ဆင်ခဲ့ရတာတွေ အများကြီးရှိမှာပေါ့။

A: မသွားခင်ထရိန်နင်တွေအများကြီးဝင်ရတယ်။ အချိန်အားဖြင့်လဲ တစ်လပဲရတယ်။ ရက် ၂၀ ကျော်ကျော်လောက် လေးမှာပဲ အကတို့၊ အင်္ကျီတို့ အစစအရာရာပြင်ဆင်သွားရတယ်။
 

Q: ဟိုမှာ ပြိုင်တုန်းက အ၀တ်အစားပိုင်းကို စီစဉ်ပေးခဲ့တာက။ 

A: နောက်ဆုံး Final မှာဝတ်တဲ့ဝတ်စုံက ဒီဇိုင်နာကိုသျှီလာ ချုပ်ပေးတာပါ။ ကျန်တဲ့ ၀တ်စုံတွေက မပုံ့ ချုပ်ပေးတယ်။
 

Q: ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပါဦး။

A: ကိုယ်မလုပ်ဖူးတဲ့ အလုပ်မှန်သမျှကတော့ အစမှာ အခက်အခဲကရှိတာပဲ။ စစလုပ်ချင်းမှာတော့ အခက်အခဲက ရှိစမြဲပါ။ ဒါပေမဲ့ တတ်မြောက်သွားပြီဆိုရင်တော့ အရာရာက လွယ်ကူသွားမှာပါ။ 
 

Q: မြန်မာတွေက ကိုယ့်ကို Support လုပ်ပေးတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။

A: မြန်မာလူမျိုးတစ်ယောက်ကမ္ဘာမှာ မြန်မာဆိုတာသိအောင်လို့ ကြိုးစားအားထုတ်ပေးခဲ့တယ် လို့ထင်ပါတယ်။ အရမ်းလည်း ပီတိဖြစ်ရပါတယ်။ အဲဒီအတွက်ကြောင့် ညီမအနေနဲ့ ၀မ်းသာမိပါတယ်။
 

Q: တိုင်းပြည်နဲ့ လူမျိုးကိုရော ဘယ်လိုအကျိုးပြုမယ်လို့စဉ်းစားထားလဲ။

A: ညီမအနေနဲ့ နိုင်ငံက ပေးအပ်လာမဲ့ ပွဲတွေမှာ ညီမကို ကမ်းလှမ်းလာမယ်ဆိုရင် အချိန်မရွေူး အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမှာပါ။ နောက်ပြီးတော့ တတ်အားသရွေ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်သွားမယ်လို့ ပြောချင်ပါတယ်။ 
 

Q: ပြိုင်ပွဲက ရလာတဲ့ Knowledge တွေကရော ဘာတွေများဖြစ်မလဲ။

A: လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်။ ကိုယ့်လူမျိုး၊ ကိုယ့်ရိုးရာနဲ့လည်း အရမ်းကို ကွာခြားတယ်။ နိုင်ငံတကာကယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံက ယဉ်ကျေးမှုနဲ့က အရမ်းကို ဆန့်ကျင်ဘက်ပဲ။ အဲဒါတွေတော့ သိခဲ့ရတာပေါ့နော်။ သူတို့တွေရဲ့ ယဉ်ကျေးမှုနဲ့ သူတို့တွေရဲ့ ဓလေ့စရိုက်ကို သိခွင့်ရခဲ့တယ်။ 
 

Q: ပြန်လာတဲ့အခါမှာ ညီမလေးကို ရိုက်ဖို့ကမ်းလှမ်းထားတာတွေရှိလား။ 

A: ကမ်းလှမ်းထားတာတွေတော့ ရှိပါတယ်။ ညီမ Comfirm မဖြစ်သေးလို့ပါ။ သေချာရင်တော့ ပြောပြမှာပါ။ အခုကတော့ ညီမပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်အောင် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက် ရိုက်ပေးနေပါတယ်။ 
 

Q: ဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုက။ 

A: ညီမ အနုပညာအလုပ်နဲ့ လူမှုရေးလုပ်ငန်းတွေကို မျှမျှတတနဲ့ လုပ်ဆောင်သွားမှာပါ။ ကျောင်းကတော့ စာမေးပွဲ ဖြေရုံလောက်ပဲ။ ပြီးရင်တော့ အနုပညာအလုပ်နဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ။ 
 

Q: အနုပညာအလုပ်ကိုရော ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာလား။

A: ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တယ်။ ဒါပေမဲ့ သေသေချာချာကြီးလုပ်ဖြစ်တာကတော့ Second Year လောက်ကျမှပေါ့။ မနန်းခင်ကိုတွေ့တဲ့ အခါမှာ အရမ်းလဲအားကျတယ်။ အရမ်းလည်း ပြိုင်ချင်တဲ့စိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ 
 

Q: Miss ပြိုင်ပွဲတွေရော ၀င်ပြိုင်ဖြစ်ဦးမလား။ 

A: မပြိုင်ဖြစ်တော့ပါဘူးရှင့်။ အဲဒါကလည်း အရင်ကတည်းက စဉ်းစားထားတာပါ။ ပြိုင်ဖို့ကမ်းလှမ်းထားတယ် ဆိုရင်တောင်မှ ညီမလုပ်ရမဲ့ အနုပညာလုပ်ငန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီပြိုင်ပွဲတွေအတွက် အချိန်မပေးနိုင်တော့ပါဘူး။
 

Q: ငယ်ဘ၀အိပ်မက်နဲ့ အခုဖြစ်နေတာက တစ်ထပ်တည်းပဲလား။

A: ငယ်ငယ်တုန်းကတော့ အများကြီး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဖြစ်လာတဲ့အပေါ်ကို မူတည်ပြီးတော့ အကောင်းဆုံးလုပ်ဆောင်ဖို့က အဓိကပါ။ 
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *