အနုပညာလက်ရာရိုက်ချက်တွေ ညံ့ဖျင်းလို့ ဗီဒီယိုလောကကြီး ပျောက်ကွယ်သွားရတယ် ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ပါဘူးဆိုတဲ့ဒါရိုက်တာ ၀င်းထွန်းထွန်း

win-tun-tun-copy.jpg
Shares 0

အနုပညာသမားဆိုတာ ပရိသတ်တွေဆီကို အသစ်အသစ်တွေပေးနိုင်ဖို့ အမြဲတမ်းစဉ်းစားနေရတယ်၊ တွေးတောနေရတယ်လို့ ဆိုသူကတော့ ဒါရိုက်တာ ၀င်းထွန်းထွန်းပါ။ သူစဉ်းစားတွေးတောမိတဲ့ အရာလေးတွေကို ပရိသတ်ဆီချပြပေးတယ်။ ပရိသတ်တွေလည်းလက်ရှိ ဘောင်ထဲမှာ လွတ်လပ်တယ်လို့ ပြောပေမယ့်လည်း တကယ်တမ်းမှာ အလွတ်လတ်ကြီး လွတ်လတ်သေးတာမဟုတ်သေးဘူးဆိုတဲ့အကြောင်း သူပြောလာချိန်မှာတော့ သူ့ရဲ့ အနုပညာဖန်တီးမှုလေးတွေအကြောင်း မေးဖြစ်ခဲ့ပါတယ်။

‘ပရိသတ်လည်းနည်းနည်း ကြည့်လို့ရှုလို့ အဆင်ပြေမယ်၊ ပရိသတ်နားလည် နိုင်တဲ့ အတိုင်းအတာလေးထဲက အသစ်တစ်ခု ဖြစ်အောင်ဖန်တီးနေရတာပါ။ အခုကျွန်တော် ရိုက်ကူးတဲ့ ဇာတ်ရုပ်က ရိုက်နေကျ ဒရမ်မာဇာတ်ရုတ်မျိုးမဟုတ်ပဲ ရိုးမန့်ဆန်ဆန် ဇာတ်ကားလေးတစ်ကားပါ။ အခုနောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေကို သေချာစနစ်ကျကျ ဂရုစိုက်ပြီးရိုက်လာကြတယ်။ ဆိုတာကလည်း ဗီဒီယိုဈေးကွက် ကတစ်နှစ်၊ နှစ်နှစ်အတွင်းကျဆင်းလာတယ်လေ။ ပြီးတော့ အခုဆိုရင် CHANNEL လိုင်းတွေလည်းပေါ်လာကြပြီ။  ပြီးတော့ ခေတ်ကလည်းတိုးတက် လာတယ်လို့ ပြောလို့ရတယ်။ အဲဒါတွေကြောင့် ပရိသတ်က ဗီဒီယိုဇာတ်ကားတွေမှာ အားပေးမှုလျော့နည်းလာတာတွေ့ရတယ်လေ။ အဲဒါကြောင့် ဗီဒီယိုခေတ်ကြီးပျောက်ကွယ် တော့ မယ်ဆိုပြီှး ပြောနေကြသေးတယ် ဆိုတော့ ဒီဗီဒီယိုကွယ်ပျောက်သွားခဲ့မယ် ဆိုရင်တောင် နောက်ဆုံးအချိန်၊ နောက်ဆုံးမိနစ်ထိ ကိုယ်တို့ဖန်တီးလိုက်တဲ့ အနုပညာလက်ရာနဲ့ ပတ်သက်ပြီး မှတ်ကျောက်တစ်ခုတော့ ကျန်ခဲ့စေချင်ပါတယ်။ အကောင်းဆုံးကြိုးစား ပြီးဖန်တီးသွားမှာပါ။ ကျွှန်တော်တို့ ရဲ့အနုပညာလက်ရာရိုက်ချက် တွေညံ့ဖျင်းလို့ ဗွီဒီယို လောကကြီး ပျောက်ကွယ်သွားရတယ်ဆိုတာမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။   အခုဆိုရင် အရမ်းပင်ပန်းပါတယ်။ အရင်ကလောက် ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မများတော့ပဲ အတတ်နိုင်ဆုံး ဇာတ်ကားတစ်ကားရိုက်ကူးတဲ့အခါမှာ ကောင်းလည်းကောင်းရမယ်။ အသစ်ဖြစ်ရမယ်။’ လို့ သူက ပြောပါတယ်။

ပရိသတ်ဝေဖန်တဲ့အပေါ်မှာတော့ သူက ဘာမှပြင်ဆင်တာမျိုးမရှိပါဘူးတဲ့။ ‘ပရိသတ်မဝေဖန် မှာကိုပဲ ကြောက်တာပါ။ပရိသတ်ရဲ့ ဝေဖန်မှုမကြားရတော့ဘူးဆိုရင်တော့ ကိုယ့်ရဲ့ကားတွေမကြည့်တော့ ဘူးဆိုတာ သေချာသလောက်ရှိသွားပြီလို့ ယူဆရမှာပေါ့။ တစ်ခါတစ်လေမှာ ကိုယ်တွေဖန်တီးလိုက်တဲ့ အနုပညာလက်ရာပြောင်မြောက် သလောက်ရှိပေမဲ့လည်း ခေတ်နဲ့အံမ၀င်သေးတာမျိုးရှိတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကကြီး နိုင်ငံတကာ၊ နိုင်ငံတကာမီဖို့ဆိုတာချည်းကို ဒီနှစ်ထဲမှာ တော်တော်ကြားနေရပါတယ်။ ကိုယ်ကိုယ်တိုင်လည်းမျှော်လင့်ပါတယ်၊ ဖြစ်စေချင်ပါတယ်။ ကိုယ်တွေယုံကြည်တာတစ်ခုတည်းနဲ့တော့ ပြည်တွင်းခိုင်မာမှုရှိမှနိုင်ငံတကာကိုသွားလို့ရမှာပါ။ အခုလောလောဆယ် မှာပြည်တွင်းရဲ့ လက်ရှိဈေးကွက်ကိုပဲ ပြန်တည့်မတ်အောင် လုပ်ဖို့လိုတယ်။ ရုပ်ရှင်ရုံတွေ ဒီထက်များလာစေဖို့လုပ်ရမယ်။ ထုတ်လုပ်သူတွေကလည်းငွေကြေးအများကြီး ပြန်ထုတ်ပေးနိင်ဖို့  ပြည်တွင်းကနေ အမြတ်ငွေကို ကောင်းကောင်းရှာတတ်နိုင်မယ်ဆိုရင်  နိုင်ငံတကာကိုလှမ်းနိုင်ဖို့လုပ်လို့ ရမယ်။ ပြည်တွင်းမှာ မခိုင်မာသေးပဲ နိုင်ငံတကာကို စွန့်စားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့ ဆိုတာလည်း အခုလက်ရှိမှာ ရိုက်နေကြတဲ့ ဇာတ်ကားမျိုးတွေလောက်နဲ့တော့ နိုင်ငံတကာကိုရောက်ဖို့ဆိုတာမဖြစ် နိုင်သေးပါဘူး။ ကျွှန်တော်တောင် စိတ်ကူးမိတာမျိုးမရှိသေးပါဘူး။ ကျွှန်တော့် အနေနဲ့နိုင်ငံတကာကိုထိုးဖောက်ဖို့ စိတ်ကူးမိတဲ့ဇာတ်ကားတစ် ကားတော့ရှိပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး၊ ၀ါးတဲလေးတစ်လုံး နဲ့ပုဆိုးဝတ်ထားသော၊ ထမီဝတ်ထားသော ဗမာသရုပ်ဆောင်တွေရဲ့ အပြောင်မြောက်ဆုံး အနုပညာလက်ရာတွေနဲ့တစ်ချိန်ချိန်ကျရင်တော့ ကိုယ့်ဇာတ်ကားဟာနိုင်ငံတကာကိုသွားနိုင်လိမ့်မယ် လို့ယုံကြည်ထားတယ်။ မျှော်လည်းမျှော်လင့်ထားပါတယ်။ တစ်နေ့ကျရင်တော့ မြန်မာတွေရဲ့ ၅၂၈၊ မေတ္တာတရားကြီးမားမှုမေတ္တာဖွဲ့ဇာတ်ကားမျိုးနဲ့မြန်မာတွေရဲ့ ပုဆိုးဝတ်ထားသော၊ ထမိန်ဝတ်ထားသော ဇာတ်ကားတွေမှသာ နိုင်ငံတကာကာကိုထိုးဖောက် ၀င်ရောက်နိုင်မယ်ဆိုတာပိုပြီး ဖြစ်သင့်တယ်’လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းက သူ့ရဲ့ အယူအဆကို ပြောသွားပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *