The Book Thief

the_book_thief_.jpg
Shares 0

ဒုတိယကမ္ဘာစစ်ကာလာ ဂျာမဏီမှာဖြစ်ပါတယ်။ Liesel Meminger ဆိုတဲ့ကောင်မလေးဟာ ကွယ်လွန်သွားတဲ့ သူ့အဖေရဲ့အုတ်ဂူဘေးက စာအုပ်တစ်အုပ်ကိုရယူအပြီးမှာမွေးစားမိဘတွေဖြစ်တဲ့ Hans တို့လင်မယားရဲ့အုပ်ထိန်းမှုအောက်ကိုရောက်ခဲ့ပါတယ်။ အဲဒီ့နောက်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး သဘောကောင်းတဲ့ Hans တို့လင်မယားနှစ်ယောက်ဟာ Max Vandeenburg ဆိုတဲ့ ဂျူးလူမျိုးဒုက္ခသည်ကောင်လေးကို သူတို့အိမ်မှာခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဂျူးလူမျိုးတွေရော ဂျူးလူမျိုးကိုထောက်ပံ့သူတွေကိုပါနှိပ်ကွပ်နေတဲ့ နာဇီတွေရဲ့ရန်ကိုကြောက်ရတဲ့အတွက် ဂျူးကောင်လေး Max ဟာမြေအောက်ခန်းထဲပုန်းအောင်းနေထိုင်ရပါတယ်။ Max နဲ့ Liesel တို့ရင်းနှီးသွားကြပြီး Max က Liesel ခိုးလာတဲ့စာအုပ်တွေကို Liesel ကိုဖတ်ပြပါတယ်။ The Book Thief ဟာ စာရေးဆရာ Markus Zusak ရဲ့ The Book Thief ၀တ္ထုကို ဒါရိုက်တာ Brian Percival ကရုပ်ရှင်ပြန်ရိုက်ထားတဲ့ ဒရာမာဇာတ်ကားဖြစ်ပါတယ်။ Liesel Meminger အဖြစ် Sophie Nélisse, Hans Hubbermann အဖြစ် Geoffrey Rush, Rosa Hubermann အဖြစ် Emily Watson, Max အဖြစ် Ben Schnetzer စတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။

(Ref:Wikipedia)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *