အချစ်ဆိုတာ စိတ်ချမ်းသာစရာပါလို့ ဆိုတဲ့ အောင်ရဲလင်း

1395929_339797069498134_2101568825_n.jpg
Shares 0

နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်မင်းသား အောင်ရဲလင်းရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုနဲ့ သူ့ရဲ့အချစ်ရေး စတာတွေကို သူနဲ့တွေ့ဆုံဖြစ်တုန်း မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော် အခုရိုက်နေတဲ့ ဇာတ်ကားက နင့်ရဲ့ငါ  ဆိုတဲ့ဗီဒီယိုဇာတ်ကားလေးပါ။ သရုပ်ဆောင်တွေက သင်ဇာဝင့်ကျော်နဲ့ နန်းဆုဦးတို့နဲ့ပေါ့။ ဒီဇာတ်ကားရိုက်ပြီးသွားရင်တော့နောက်ထပ် ဗွီဒီယိုဇာတ် ကားတွေ ဆက်ရိုက်ဖို့ရှိပါမယ်။ ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီးသေချာပြင်ဆင်ဖြစ်ပါတယ်။ အိုက်တင်ဆိုလည်း တစ်ဆင့်ပြီးတစ်ဆင့်ဂရုစိုက်ပြီးတော့  လုပ်ထားတယ်။ နောက်ပြီးဆံပင်ပုံစံနဲ့  အ၀တ်အစားကအစ သေချာပြင်ဆင်ထားတာပါ။ ကိုယ့်ရဲ့ စတိုင်လ်တစ်ခုဆိုပြီးတော့ ဆံပင်ပုံစံ၊ အ၀တ်အစားအပြင် အဆင်နဲ့ ပတ်သက်ပြီးတကူးတကကြီးဖန်တီးထားတာမဟုတ်ပါဘူး။ ကိုယ်သရုပ်ဆောင်ရမဲ့ ဇာတ်ရုတ်နဲ့ လိုက်အောင်ပဲ ၀တ်ဆင်တာပါ။ကိုယ်တကယ် အခုတလော ကြိုက်နေတဲ့ ဖက်ရှင်က ခေါင်းစွပ်ပါတဲ့ အင်္ကျီတွေဝတ်ရတာ သဘောကျပါတယ်။ ကျွန်တော်တို့ လုပ်တဲ့ အလုပ်က အားပေးတာလည်းခံရသလို ဝေဖန်တာလည်း ခံရတဲ့အလုပ်ဆိုတော့ ကိုယ့်ကိုဝေဖန်ကြတဲ့ အသံကိုလည်း ခံနိုင်ရနိုင်မယ်။  ပရိသတ်က ဘာကိုကြိုက်တယ် ဆိုတာလည်းသိရမယ်။’ လို့ သူကပြောပါတယ်။

ဇာတ်ကားတွေ ကမ်းလှမ်းတဲ့အခါ ငြင်းလိုက်ရတာမျိုးတွေ ရှိသလားလို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘ကိုယ်မရိုက်ချင်ဘူးဆိုပြီး ငြင်းလိုက်ရတဲ့ ဇာတ်ကားမျိုးတော့ မရှိပါဘူး။ ကိုယ်တိုင်ပဲ ရွေးတာများပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်လိုက်လို့ ကျွန်တော်နဲ့ လုံးဝအဆင်မပြေ ဘူးဆိုရင် ငြင်းလိုက်ပါတယ်။ ကိုယ်တိုင်ရိုက်ချင်နေတဲ့ ဇာတ်ရုပ်မျိုးတော့ မရှိပါဘူး။ အကုန်လုံးကို ရိုက်ချင်ပါတယ်။ မရိုက်ချင်တဲ့ဇာတ်ရုပ်ကတော့ အရူးလုပ်ရတာတို့၊ ဒုက္ခိတလုပ်ရတာတို့၊ အခြောက်ဇာတ်ရုပ် မျိုးတွေဆိုရင် ကျွန်တော်မရိုက်ချင်ပါဘူး။ အခုရပ်တည် နေတဲ့ အနေအထားလေးမှာ ရှိနေတာထက် ပရိသတ်ကိုချပြဖို့ဆိုတာကတော့ ကံနဲ့ပဲဆိုင်တယ်လို့ ထင်ပါတယ်။ ကိုယ့်ရဲ့ဘက်ကလည်း ကြိုးစားတာတော့ ကြိုးစားတာပေါ့။ အဓိကကတော့ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။  ကျွန်တော်ဖြတ် သန်းလာခဲ့တဲ့အနုပညာ သက်တမ်းက၉နှစ် ရှိပါပြီ။ ဒီအချိန်ကလုပ်ခွင့်ရတဲ့ အကောင်းဆုံးအချိန်ဆိုတော့ အကောင်းဆုံးဖြစ်အောင်လုပ် ရတာပေါ့။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုကိုယ့်ဘက်ကတန်ဖိုးရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ် နေရတယ်ဆိုတော့ ကိုယ်ဖြစ်ချင်တာနဲ့ကိုယ်လုပ် နေရတာနဲ့ တထပ်တည်းကျပါတယ်’ တဲ့။

အခုရိုက်လာကြတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘ကောင်းပါတယ်။ တိုးတက် လာတာနဲ့ အမျှ အနုပညာကအများကြီးထွန်းကားလာမှာပဲဆိုတော့ ပရိသတ်တွေလည်းရွေးချယ်ပြီးကြည့် စရာတွေတိုးလာတယ်။ သရုပ်ဆောင်တွေအတွက် ကလည်းလုပ်ပိုင်ခွင့် တွေများလာတာပေါ့။ ကြုံခွင့်ဆုံခွင့် ရှိလာမယ်တိုရင်တော့ ရိုက်ရင်ရိုက်ဖြစ်မှာပါ။ ဒါပေမဲ့ အချိန်ယူရမယ်ထင်တယ်။ ဇာတ်လမ်းတွဲ ကြီးတစ်ခုလုံးကို ၆လအချိန်ပေး ပြီးရိုက်ရမယ် ဆိုရင်ဒီဘက်နဲ့ အဆက်အသွယ် ဖြတ်ရမလိုဖြစ်နေတော့ညှိုရမယ်ထင်ပါတယ်။’လို့ ဆိုပါတယ်။

အောင်ရဲလင်းရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားမှာ အသေအချာမို့ မေးကြည့်ဖြစ်တဲ့အခါ ‘အေးအေးဆေးဆေးပဲရှိနေပါတယ်။ အချစ်ဆိုတာ စိတ်ချမ်းသာစရာ ကောင်းပါတယ်။ အချစ်ခံရတဲ့ သူရော၊ ချစ်တဲ့သူအတွက်ပါ စိတ်ချမ်းသာစရာလို့မြင်မိလို့ပါ။’လို့ သူက ဆိုသွားပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *