စမတ်ဖုန်း သုံးသူ သတိပြု ကျင့်ဝတ် ဒီ၅ခု။

a.jpg
Shares 0

ဟိုးအရင် ဆာမူရိုင်းရုပ်ရှင်ဟောင်းကြီးတွေ ကြည့်တုန်းက စကားလေးတစ်ခွန်းကို သွားပြီးသတိရမိတယ်။ ရုပ်ရှင်ထဲမှာ ဆရာကြီးဖြစ်သူပြောခဲ့တာက ‘ဒီမယ်ငါ့တပည့်၊ မင့်လက်နဲ့ မင့်ဓါး တသားတည်း ကျပါစေ။’ တဲ့။ ခုက ၂၁ရာစုရောက်ပြီဆိုတော့ အဲ့ဒီ့ ဓါးတွေနေရာမှာ ကျွန်တော်တို့ရဲ့ အလွန်ကျစ်လစ်တောက်ပြောင်တဲ့ စမတ်ဖုန်း လေးတွေက နေရာဝင်ယူလာပြီလေ။

စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘ၀တွေနဲ့ တသားတည်းကျပါတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုကြသလောက်၊ စမတ်ဖုန်းတွေဟာ လူ့အဖွဲ့အစည်းထဲကို သဟဇာတမဖြစ်စရာတွေ ဖြစ်လာစေပါတယ်။ စမတ်ဖုန်းတွေဟာ အခြေခံလူ့ကျင့်ဝတ်တွေနဲ့ ဘယ်လောက်များ ပတ်သက်နေမလဲဆိုတာ နဲ့ အလွဲလေးတွေကို ဘယ်လိုပြုပြင် ရမယ်ဆိုတာ ကို တစေ့တစောင်း အနေနဲ့ မြန်မြန်လေး လေ့လာကြည့်ရအောင်။

၁။ silent mode ထားရမယ့် နေရာတွေမှာ ဖုန်းကို silent လုပ်ထားပါ။

ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်နေတုန်း ဖုန်းထမြည်တဲ့သူကို ထိုင်ခုံနဲ့ကောက်ပေါက်ချင်စိတ် ပေါ်တာမျိုး ကြုံဖူးမှာပါ။ ဆေးရုံလိုနေရာမျိုးမှာ တချို့ ငကြောင်တွေရဲ့ ဖုန်း ringtone တွေက အကြမ်းကြီးတွေ ထမြည်တာမျိုးကိုလဲ ကြုံဖူးမှာပါ။ အဲ့ဒီ့လို အချိန်တွေမှာ သင်က လုံးဝစိတ်တိုပြီးတော့ ဘယ်လိုငကြောင်တွေ လဲဟ လို့ပြောမိမှာပါပဲ။ ကျွန်တော်တို့ကလည်း လူမှုရေးအရ အဲ့ဒီ့လို စူးစူးဝါးဝါး အသံကြမ်းကြီး ထမမြည်စေအောင် ဂရုစိုက်ရမှာ ဖြစ်ပြီး ဖုန်းကို silent လုပ်ထားသင့်တဲ့နေရာတွေမှာ silent လုပ်ထားဖို့ သတိရှိ ရမှာပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကံမကောင်းစွာနဲ့ မရှုမလှ ထိုင်ခုံနဲ့ ကောက်ပေါက်မခံရအောင် ဖုန်းကို silent mode လုပ်ထားသင့်တဲ့နေရာမှာ slient လုပ်ထားရအောင်။

၂။ ထမင်းစားတုန်း ဖုန်းမသုံးရ။

ညစာစားဝိုင်းမှာ ဖုန်းပြောရင်၊ ဖုန်းသုံးရင် လူကြီးတွေက ဆူငေါက်တတ်ပါတယ်။ ဆူငေါက်ရတဲ့ အကြောင်းရင်း တွေကလဲရှိနေတယ်လေ။ ရိုင်းသလို၊ မလေးစားသလို ဖြစ်တာထက်၊ ထမင်းစားနေတုန်း ဖုန်းသုံးရင် အစားစား တဲ့အပေါ်အာရုံ စိုက်လို့မရတော့သလို စားလို့လဲမ၀င်တော့ပါဘူး။ ဒါကတဆင့် အ၀လွန်တာ၊ အတိတ်မေ့တာ မျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၃။ လမ်းလျှောက်တုန်း စာမရိုက်ရ။

Tom and Jerry ကာတွန်းကားဟာ တကယ့်ကိုရယ်စရာ ကောင်းပါတယ်။ အထူးသဖြင့် Jerry ဟာ သိမှုမဲ့ လမ်းလျှောက်နေတုန်း ရေဆိုးပြွန်ပေါက်ထဲ ကျသွားတဲ့ အခန်းမျိုးက အရမ်းရယ်စရာ ကောင်းပါတယ်။ ဟုတ်တယ်ဟုတ်။ လက်တွေ့အပြင်မှာ တကယ်ပြုတ်ကျစတမ်းဆို ဘယ်ပျော်စရာ ကောင်းပါ့မလဲ။ သင်ဟာ လမ်းပေါ်မှာ လမ်းလျှောက်နေမယ်၊ ကြည်နူးဖွယ် စကားတွေကို message ပဲဖြစ်ဖြစ် WhatsApp နဲ့ပဲ ဖြစ်ဖြစ် အပြန်အလှန်ပြောနေမယ် လို့စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။ ဗြုန်းဆို ရုတ်တရက် လူမြင်ကွင်းထဲမှာ ချော်လဲတော့မှာပါ။ အဲ့ဒါပါပဲ။ သင့်ကိုသင်ချစ်တယ်ဆိုရင် အဲ့ဒီ့လို လမ်းလျှောက်ရင်း စာရိုက်တတ်တဲ့ အကျင့်ကို ရှောင်ပါ။ သင့်လက်ထဲမှာရှိတဲ့ လူလုပ်ထားတဲ့ဖုန်းထက် ပတ်ဝန်းကျင်က သဘာဝအရာတွေကို အာရုံစိုက် သင့်ပါတယ်။

၎။ ရေအိမ်ထဲမှာ ဖုန်းသုံးခြင်းမှ ရှောင်ကြဉ်ပါ။

 

 ရေအိမ်ထဲမှာ ထိတ်လန့်ဖွယ်၊ ရွံဖွယ်၊ ဆိုးဆိုးရွားရွား ပိုးမွှားတွေဟာ ပျံ့နှံ့နေပါတယ်။ သူတို့ဟာ အရာရာတိုင်းမှာ ကပ်ညှိုနိုင်သလို သင်ထိမိလိုက်တဲ့အရာတိုင်းမှာလဲ တွယ်ကပ်နိုင်ပါတယ်။ သင့် စမတ်ဖုန်းဟာလည်း အခြားအရာတွေလိုပဲ ပိုးမွှားတွေကပ်နိုင်တဲ့ အရာတစ်ခုပါပဲ။ ပြီးရင် ပိုးမွှားတွေ ကပ်ညှိုလာတဲ့ ဖုန်းကို နားနဲ့ကပ်၊ ပါးစပ်နဲ့ကပ်ပြီး ဖုန်းပြောပါဦးမယ်။ အဲ့ဒီလို ဖြစ်သင့်ရဲ့လားဆိုတာကို စဉ်းစားကြည့်လိုက်ပါဦး။

၅။ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်ဟန်မဆောင်နဲ့။

ပျင်းရိဖွယ် စကားဝိုင်းက ပြေးထွက်သွားချင်ပါသလား။ စကားပြောနေတုန်း ဖုန်းလာရင် အလျှင်အမြန်ထွက် သွားပြီး အလုပ်ရှုပ်နေတဲ့ပုံ မဖမ်းပါနဲ့။ ဒါဟာစိတ်ပျက်စရာ လုပ်ရပ်တစ်ခုဖြစ်ပြီး သင်တကယ်အလုပ်ရှုပ် နေသလား၊ ဟန်ဆောင်လားဆိုတာကို လူတိုင်းက ခွဲခြားသိရှိနိုင်ပါတယ်။ အဲ့ဒီ့လို ဟန်ဆောင်မယ့် အစား စကားဝိုင်းကို ပိုပြီးစိတ်လှုပ်ရှားစရာ ဖြစ်အောင်၊ လေကြောတဲ့ အောင် ကြိုးစားသင့်ပါတယ်။ တရင်းတနှီး အကျွမ်းတ၀င် မဖြစ်တဲ့နေရာမျိုးမှာ ရောက်နေပြီး ဘာလုပ်ရမှန်းမသိဖြစ်နေရင်တောင် ဖုန်းမသုံးပဲ နေနိုင်အောင် အရင်ဆုံးလုပ်ပါ။ ပြီးရင် ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် အာရုံစိုက်လိုက်ပါ။ ဒီအချက်က သင့်အတွက် အကူအညီကောင်းဖြစ်မှာပါ။ ပတ်ဝန်းကျင်သစ်က အရာသစ်တွေကို လည်း လေ့လာပြီးသား ဖြစ်သလို၊ တုံ့တုံ့ဆိုင်းဆိုင်းပုံ ပေါက်နေတော့ မှာလဲမဟုတ်ပါဘူး။

Ref:mensxp

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *