ဝေဖန်မှုဆိုတာကတော့ အနုပညာလှုပ်ရှားမှုတိုင်းမှာရှိနေမှာပါလို့ဆိုတဲ့ ထက်ထက် Bobby Soxer

376875_473892269289466_1714066613_n.jpg
Shares 0

လတ်တလောမှာ ဒုံးပျံ အမ်တီဗီ နဲ့ ပရိသတ်အားပေးမှုမြင့်မားခဲ့သလို ရွှေ FM ၄နှစ်ပြည့်ပွဲမှာလည်း The Best Music Album In 2013 ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ Bobby Soxer ထက်ထက်နဲ့ တွေ့ဆုံခိုက်မှာ ပြောဖြစ်သမျှကတော့ ‘ထက်ထက်အခု အတွဲခွေထဲက သီချင်းအသစ်လေးတွေ ပါထားတာရှိတယ်။ ပြီးတော့ အဲဒါလေးတွေ အမ်တီဗီရိုက်ဖို့ရှိတယ်။ ကျန်တာကတော့ နယ်ရှိုးတွေနဲ့ ရန်ကုန်ရှိုးတွေပဲရှိပါတယ်။ နောက်ပြီးထက်တစ်ကိုယ်တော်အခွေ စလုပ်နေပြီအစ်မ။ နောက်နှစ် မေလလောက်မှာ ပရိသတ်လက်ထဲအရောက်ထည့်ပါမယ်။’လို့ ပြောပါတယ်။

 ရွှေFM ပွဲမှာ ဆုရခဲ့တဲ့ အပေါ် သူမရဲ့ ခံစားချက်ကို အစကတော့ ‘ဇကာတင်ထဲမှာတော့ပါတယ်။ ဇကာတင်က နှစ်တိုင်းပါတယ်။ ကိုယ်က လူငယ်ဖြစ်တဲ့အတွက် သိပ်လဲမမှန်းပါဘူး။ တစ်ကယ့် တစ်ကယ်ဆုကိုကြေညာတဲ့အခါမှာတော့ မမှန်းဘူးသာပြောတာ။ မျှော်လင့်နေတာလားတော့မသိဘူး။ ကြေညာလိုက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုက မပြောပြတတ်ဘူး။ သေချာတာက ဒုံးပျံအနေနဲ့ရခဲ့တဲ့အတွက်အရမ်းပျော်ပါတယ်’တဲ့ ။

ဒါ့အပြင်သူမက ဆက်ပြီး ‘ဒုံးပျံအမ်တီဗီနဲ့ ပတ်သတ်ပြီး ပရိသတ်ရဲ့ ဝေဖန်မှုနဲ့ အားပေးမှုကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဝေဖန်တာကတော့ရှိပါတယ်။ ဟိုဟာက ကော်ပီ၊ ဒီဟာကကော်ပီဆိုပြီး ပြောကြတာတော့ရှိတယ်။ နိုင်ငံခြားက အမ်တီဗီတစ်ခုကို ထက်ထက်တို့အနေနဲ့ တူအောင်ရိုက်နိုင်ဖို့အတွက်က အရမ်းအကုန်အကျလဲများတယ်။ ဒါတွေက ကော်ပီယူထားတာ မဟုတ်ပေမဲ့ ကျောရိုးလေးတွေတော့ယူထားပါတယ်။ ဘာပဲပြောပြော ပရိသတ်တွေကတော့ အရမ်းကြိုးစားထားတာကို အသိအမှတ်ပြုလက်ခံကြပါတယ်။ အမြတ်အနေနဲ့ကတော့ အခွေကအများကြီးမြတ်ပါတယ်။ ပရိသတ်စိတ်ဝင်စားမှုလျော့နည်းသွားမယ်လို့ထင်ထားပေမဲ့ ရောင်းအားကောင်းခဲ့တဲ့အတွက် ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။’လို့ ဆိုသလို ကလေးဆန်တဲ့အတွက် သက်လတ်ပိုင်းတွေ လက်မခံတဲ့ ဒုံးပျံ အခွေနဲ့ပတ်သတ်ပြီး ထက်ထက်ရဲ့ ခံစားမှုက ဒါကတော့ ‘ဝေဖန်မှု ကတော့ရှိမှာပါ။ တစ်နာရီကျော်လောက်ပြရတဲ့ ဗီဒီယို ဇာတ်ကားတွေတောင် ပေါ်လွင်အောင်ဘယ်လိုပြရလဲဆိုတဲ့ အပိုင်းမှာ၊ နောက် အမ်တီဗီတစ်ပုဒ်ဆိုတာသီချင်း ၃မိနစ်လောက်ကို ပေါ်အောင်ရိုက်ပြတဲ့အပေါ်မှာ ဝေဖန်မှုဆိုတာကတော့ အနုပညာလှုပ်ရှားမှုတိုင်းမှာရှိနေမှာပါ။ ထက်တို့ဝေဖန်မှုဆိုတာထက် အများစုရဲ့ အသံကိုပဲပိုယူပါတယ်။ ဒါပေမဲ့ ပြင်သင့်တာကိုလဲပြင်ရင်းနောက်အခွေတွေမှာ ပရိသတ်ကိုဒီ့ထက်ပိုပြီးကြိုးစားသွားပါမယ်’ လို့ပြောပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *