ပြိုင်ဘက်ကစားသမား ခြေထောက် ကျိုးအောင် ကြမ်းခဲ့တဲ့ ပြင်သစ် နောက်ခံလူ (၁၀)ပွဲပယ်ခံလိုက်ရ

news_a_1.jpg
Shares 0

ပြီးခဲ့သည့် စနေနေ့က ကစားသွားခဲ့သောပြင်သစ်လီဂူးဘောလုံးပြိုင်ပွဲတစ်ပွဲဖြစ်သည့် စိန့်အန်တီယန်-ဆိုးချော့စ် ပွဲစဉ်တွင် စိန့်အန်တီယန်နောက်ခံလူကတ်ဇူးမားမှာ ပြိုင်ဘက်အသင်းမှ ကစားသမား သောမတ်စ်ဂူအာဘတ်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ရာ ညာဖက်ခြေထောက်အတွင်းမှ အရိုးများသွင်သွင်ကျိုးသွားခဲ့သလို ခြေချင်းဝတ်မှာ လည်း လည်ထွက်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ပြင်းထန်လွန်းစွာ ဆင်ခြင်တုံ့တရားမဲ့ကစားခဲ့သည့် ဇူးမားအား ပြင်သစ်ဘောလုံးအဖွဲ့ချုပ်မှ (၁၀)ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပြီး ဆက်လက်ပြီးလည်း ­­ကြီးလေး သောပြစ်ဒဏ်များချမှတ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ပြင်သစ်လီဂူးတွင် ပြိုင်ဘက်ကစားသမားများအား ဒဏ် ရာပြင်းထန်စွာရရှိအောင် ကစားသူများအား လုံးဝခွင့်မလွတ်သည့်မူ (zero-tolerance)ကို ကျင့်သုံးလျက်ရှိကာ ပြီးခဲ့သည့်နှစ်ဘောလုံးရာသီကလည်း နိုက်စ်အသင်းမှ ဗယ်လက်တင်အိုင်းဆာရစ်မှာ စိန့်အန်တီယန်အသင်းမှ ဂျယ်ရမီကလီးမင့်အား ­ခြေကျိုးအောင်ဖျက်ထုတ်မှုဖြင် (၁၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သေးသည်။

ယခု ဇူးမားအား ချမှတ်လိုက်သော (၁၀)ပွဲပယ်ပြစ်ဒဏ်မှာ ပြင်သစ်ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင်သာမကဘဲ ဖလားပွဲများအပေါ်လည်း သက်ရောက်မှုရှိနေရာ စိန့်အန်တီယန်အတွက် ကစားသမားကောင်းတစ်ယောက်ကို လက်လွတ်ရတော့မည်ဖြစ်သည်။ ဇူးမားအနေဖြင့် ယခုပြစ်ဒဏ်အရ ၂၀၁၄ခုနှစ်ရောက်မှသာ ပြန်လည်ကစား ခွင့်ရရှိနိုင်မည်ဖြစ် သည်။ နောက်ဆုံးရရှိသော သတင်းအရ ဇူးမားမှာ ခြေကျိုးသွားခဲ့သည့် သော်မတ်စ်တက် ရောက်ကုသနေသော ဆေးရုံသို့သွားရောက်ကား တောင်းပန်စကားပြောခဲ့ကြောင်း သိရသည်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *