၃၅နှစ်အတွင်း ဖန်ပြွန်သန္ဓေသားဦးရေ ၅သန်းရှိ

ivf-quebec.jpg
Shares 0

ကမ္ဘာ့ပထမဆုံးဖန်ပြွန်သန္ဓေသားကို လွန်ခဲ့တဲ့၃၅နှစ်၊ ၁၉၇၈ခုနှစ် ဇူလိုင်လ(၂၅)ရက်မှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်တဲ့ သူမကတော့ အင်္ဂလန်နိုင်ငံ၊ အိုလ်ဒ်ဟမ်းမြို့က Louise Joy Brownပါ။

အဲ့ဒီ့ကတည်းက ဖန်ပြွန်သန္ဓေသားနည်းပညာ (IVF or in-vitro fertilization)ဟာ ရေပန်းစားလာခဲ့ပြီး ခုဆို ဖန်ပြွန်သန္ဓေသားဦးရေ ၅သန်းရှိနေပြီလို့ သုတေသီတွေက ပြောပါတယ်။ အဲ့ဒီ့ထဲက ကလေးထက်ဝက်ခန့်ကို လွန်ခဲ့တဲ့ခြောက်နှစ်အတွင်းမွေးဖွားခဲ့တာဖြစ်ပြီး ဖန်ပြွန်သန္ဓေသားနည်းပညာသုံးလို့ သန္ဓေမအောင်တဲ့အရေအတွက်နည်းလာပါတယ်။ကမ္ဘာအနှံ့က ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့မွေးဖွားလာခဲ့တဲ့ ကလေးအရေအတွက် အတိအကျကို စစ်တမ်းကောက်ဖို့ဆိုတာ သိပ်ကိုခဲယဉ်းပါတယ်။ အခုအစီရင်ခံစာတွေဟာ ၁၉၈၉ခုနှစ်ကနေ ၂၀၀၇ခုနှစ်အတွင်း ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကောက်ယူထားတဲ့ မှတ်တမ်းတွေပါ။ အကောင်းဆုံးခန့်မှန်းနိုင်တာကတော့ ၅သန်းပါပဲ။

(Ref:nbcnews)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *