Breaking Benjamin ပြန်လာပြီ

breaking_benjamin.jpg
Shares 0

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ Breaking Benjamin နဲ့ပါတ်သတ်သမျှအရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေတာကြာပါပြီ။ အရင်နှစ်တွေက Breaking Benjamin ရဲ့အဖွဲ့ဝင်ဟောင်းနှစ်ယောက်နဲ့ အဆိုတော် Benjamin Burnley တို့ကြားမှာ အဖွဲ့နာမည်နဲ့ပါတ်သတ်လို့ဥပဒေရေးရာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ဒီနှစ်ဧပြီလထဲမှာပြေလည်ခဲ့တာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ အဖွဲ့ရဲ့နာမည်ကို အဆိုတော် Benjamin Burnley ကတရားဝင်အသုံးပြုခွင့်ရတာဖြစ်ပါတယ်။

ဒီပြသနာတွေပြေလည်ပြီးနောက်မှာ ကျန်းမာရေးပြသနာတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ Burnley ဟာဝိုင်းကိုဆက်လက်ရှင်သန်နေအောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကလဲ Breaking Benjamin ရဲ့ facebook စာမျက်နှာပေါ်မှာ Burnley ရဲ့တစ်ကိုယ်တော်ဖျော်ဖြေမှု ရုပ်သံဖိုင်တွေတက်လာခဲ့ပါတယ်။ Breaking Benjamin ရဲ့သီချင်းဟောင်းတွေကို acoustic guitar နဲ့တီးခတ်သီဆိုထားတာဖြစ်ပါတယ်။

အဲဒီ့ဖိုင်တွေကိုတော့ ပရိတ်သတ်တွေကအထူးတုံ့ပြန်အားပေးခဲ့တယ်လို့ဆိုရမှာပါ။ ခန့်မှန်းခြေအားဖြင့် like ပေါင်း ၅၀၀၀၀ ရပြီး ပရိတ်သတ် ၁၀၀၀၀ ကတော့ share သွားတာဖြစ်ပါတယ်။

Breaking Benjamin ရဲ့လက်ရှိနဲ့အနာဂါတ် ဂီတလှုပ်ရှားမှုတွေအကြောင်းနဲ့ပါတ်သတ်ပြီး တရားဝင်ကြေငြာချက်မျိုးမရှိပေမယ့်  ဒီလိုရုပ်သံဖိုင်တွေကိုမြင်ရတဲ့အတွက် Burnley တစ်ယောက်ဂီတလုပ်ငန်းတွေလုပ်ဖို့ဆန္ဒရှိသေးတယ်ဆိုတာကိုသိနိုင်ပြီး ၀ိုင်းအတွက်အပေါင်းလက္ခဏာတစ်ခုဖြစ်ပါတယ်။

(Ref:loudwire)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *