အရည်အသွေး ပြည့်ဝတဲ့ Branded ပစ္စည်းတွေကိုပဲရောင်းချပါတယ်လို့ ဆိုတဲ့ Champion Construction Materials ကုမ္ပဏီက မနီလာ

pyi_thar_yar_head_office_resize.jpg
Shares 0

မြန်မာနိုင်ငံဟာတဖြည်းဖြည်းနဲ့ ခေတ်မီပြောင်းလဲလို့  လာပြီဖြစ်ပါတယ်။ အဲဒီလိုခေတ်မီပြောင်းလဲလာတာနဲ့ အညီလူတွေကလည်းအဆင့်အတန်းမြင့်မြင့် နဲ့သူတို့နေထိုင်ရာအိမ်၊ တိုက်ခန်း၊ အဆောက်အအုံတွေ ကိုပြုပြင်ပြောင်းလဲ ပြီးနေထိုင်လာ ကြပါပြီ။ အဲဒီလိုပြောင်းလဲ ပြုပြင်နေထိုင် လာကြတာနဲ့ ပတ်သက်ပြီး သိလိုသမျှကို Champion Construction Materials သို့ ခုလိုမေးမြန်းဖြစ်ခဲ့ ပါတယ်။

Champion ကဘယ်လိုပစ္စည်းမျိုးတွေကို ဦးစားပေးပြီး ရောင်းချပေးတာပါလဲ။

အစ်မတို့ Champion ကအိမ်တစ်လုံးဆောက် ပြီဆိုရင်မဖြစ်မနေလိုအပ်တဲ့၊ မသုံးမဖြစ်သုံးရမဲ့ အိမ်တစ်လုံးစာအတွက် လိုအပ်တဲ့ ပစ္စည်းအမျိုးအစားအစုံအလင် ကိုရောင်းချပါတယ်။

Champion က ဘယ်နိုင်ငံထုတ် ပစ္စည်းတွေကိုရောင်းချတာပါလဲ။

အဓိကအစ်မတို့ဆီမှာကိုယ်စားလှယ်ရထားတဲ့ whitehorse Brand မလေးရှားကြွေပြားတွေကို ရောင်းချပေးတာပါ။ whitehorse က နိုင်ငံပေါင်း၂၀ ကျော်မှာ စက်ရုံရှိတယ်။ ပြီးတော့ ဗီယက်နမ်Brandတွေလည်းရောင်းချဖြစ်ပါတယ်။  နောက်ပြီး Toilet ၊ဘေစင်နဲ့ ပတ်သက်ပြီးတော့လည်း Johnsonsuisse brand ရှိမယ်။ သူကလည်းမလေးရှားကနေ တင်သွင်းတာပါပဲ။ နောက်ဂျာမဏီနိုင်ငံက တင်သွင်းတဲ့ hansgrohe Brand တို့ပဲ ဖြစ်ပါတယ်။

အစ်မတို့Championက တင်သွင်းဖြန့်ချိတဲ့ ပစ္စည်းတွေက မြန်မာလူထုနဲ့ ကိုက်ညီမှုရှိမရှိ ဆိုတာသိပါရစေ။

ကိုက်ညီမှုရှိပါတယ်။ အခုနောက်ပိုင်း မြန်မာပြည်မှာဇိမ်ခံပစ္စည်းတွေ အသုံးပြုတာများလာကြပြီ။  နောက်ပြီးဟိုတယ် နဲ့ပတ်သက်တဲ့ Project တွေများလာပြီ။ ဒီထက်လည်းရှေ့လျှောက် မြန်မာပြည်ကြီးကဖွံ့ဖြိုးလာတော့မှာဆိုတော့အကုန်လုံးသုံးလာကြတော့မှာပါ။ အရင်တုန်းက  မြန်မာပြည်မှာဈေးပေါတာကိုပဲဦးစားပေးပြီးသုံးတယ်။အခုနောက်ပိုင်းမှာတော့ကွာလတီကိုအဓိကဦးစားပေးလာ ကြပြီ။မြန်မာနိုင်ငံကလူတော်တော်များများကအကောင်းဘက်ကိုလှည့်လာကြပါပြီ။  

Whitehorse ကြွေပြားနဲ့ပတ်သက်ပြီး အားနည်းချက်၊ အားသာချက်လေးတွေ ပြောပြပေးပါ။

Whitehorse ကြွေပြားရဲ့ ဒီဇိုင်းကရိုးရှင်းတယ်။ ကြွေပြားထဲမှာအီတလီBrandကအကောင်းဆုံးပဲ။ Whitehorse ကအီတလီဒီဇိုင်းကိုအခြေခံပြီးထုတ်ထားတဲ့ အတွက်ရေပေါက် တာ၊ ရေကွက်တာမျိုးလုံးဝမရှိစေရဘူး။ အာမခံပါတယ်။ တကယ်လို့ အစ်မတို့ရဲ့ ကြွေပြားကိုသုံးလိုက်လို့ရေပေါက်တာ၊ ရေကွက်တာတို့ ဖြစ်ခဲ့တယ်ဆိုရင် ကျင်းလိုက်ကို ပြန်လဲပေးတဲ့ ဂရမ်တီရှိပါတယ်။

အစ်မတို့အနေနဲ့ လူတွေဟာဘယ်အချိန်လောက်ကစပြီးအခုလိုအဆင့်မြင့်မြင့် ဇိမ်ခံပစ္စည်းတွေ အသုံးပြုလာကြတယ်လို့ ထင်မိပါသလဲ။

အစ်မအထင် ပြောရရင် ၂၀၀၈ခုနှစ်လောက်မှာ Champion ကိုစလုပ်ခဲ့တာဆိုတော့  ၂၀၁၀ ခုနှစ်လောက်ကစပြီးအသုံးပြုလာကြတယ်လို့ ထင်ပါတယ်။

Champion လို့လူသိလာတာဘာကြောင့်လို့ထင်ပါသလဲ။

ဒီမြန်မာပြည်ကလူတော်တော်များများကပစ္စည်းအသစ်ဆိုရင် မသုံးချင်ကြတာများတယ်လေ။အိမ်ဆောက် ပစ္စည်းတွေနဲ့ ပတ်သက်ရင် ဘယ်ကုမ္မဏီကမှ အခုလိုကြော်ငြာရိုက်တာမရှိဘူးလေ။ အစ်မတို့က ကြော်ငြာနဲ့ပဲဈေးကွက်ကိုထိုးဖောက်လိုက်တာလည်းပါတော့ အခုလိုမျိုး Champion ဆိုပြီးတော့ လူတော်တော်များများသိသွားကြတာပေါ့။ နောက်ပြီးအစ်မတို့ရဲ့ Champion Brand ပစ္စည်းကိုသုံးဘူးကြတဲ့ လူတော်တော်များများဆိုသဘောကျတာများပါတယ်။ တစ်ဆင့်စကားနဲ့တစ်ဆင့် ကြားပြီးတော့ နာမည်ရလာတာလည်းပါပါတယ်။

Champion ကိုဘယ်ခုနှစ်လောက် ကစတင်ဖွင့်လှစ်ခဲ့ တာပါလဲ။

Champion ကို ၂၀၀၈ခုနှစ်မှာစတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။အခုဆိုရင်၅နှစ်ကျော် လောက်ရှိပါပြီ။

Champion မှာလူကြိုက်များပြီးအရောင်းရဆုံးပစ္စည်းကဘယ်လိုအမျိုးအစားတွေလဲ။

Champion ကToilet ၊ ဘေစင်၊ PVC door ၊ စတီးလ် တံခါးတွေကတော့ရောင်းရပါတယ်။ ပြီးရင် Whitehorse ကတော့တော် တော်လေးကိုဈေးကွက်ထဲမှာရောင်းနေရပါပြီ။

Champion Construction Materials ဆိုပြီးအဓိကဖွင့်လှစ်ဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုသိပါရစေ။

အစ်မတို့ကအရင်တုန်းကNaing group ကဆောက်လုပ်တဲ့ အဆောက်အအုံ၊ တိုက်တာတွေရဲ့ လိုအပ်တဲ့ ပစ္စည်းတွေကိုပဲထောက်ပံ့ပေးခဲ့တာမျိုးပါ။ အဲဒီလိုထောက်ပံ့ပေးနေရင်းနဲ့ပဲNaing group အဆောက် အအုံထဲမှာအသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစားတွေကိုသဘောကျတယ်ဆိုပြီးလိုချင်ပါတယ် ။ ဆိုပြီးတစ်ခြားဆောက်လုပ်ရေးကလူတွေတောင်းဆိုလာကြတာများလို့လုပ်ပေးဖြစ်ရာကနေ Construction လောကမှာနံမည်ရတာတယ်လို့ပြောရမယ်။ အဲဒီလိုလုပ်ရင်းကနေ Champion ဆိုပြီးဖွင့်လှစ်ဖြစ်ခဲ့ တာပါ။

Champion ကတင်သွင်းရောင်းချတဲ့ ပစ္စည်းတွေကဘယ်လိုလူတန်းစားတွေအတွက် ရည်ရွယ်ပြီးရောင်းချပေးတာပါလဲ။

Champion ကပစ္စည်းတွေကလူလတ်တန်းစားနဲ့ အထက်တန်းစားတွေအတွက်ပဲရည်ရွယ်ပြီးတော့ ရောင်းချပေးတာပါ။

Champion ကပစ္စည်းတွေကို ၀ယ်ယူအားပေးကြတဲ့ Customer တွေအပေါ်မှာ ရောဘယ်လိုဝန်ဆောင်မှုတွေ ပေးဖြစ်ပါသလဲ။

Champion ကနေအိမ်ခန်းတစ်ခန်းလုံးစာ ၀ယ်ယူမယ်ဆိုရင် အစ်မတို့ Champion က ဒီဇိုင်းဆွဲပေးပါတယ်။ တကယ်လို့ အစ်မတို့ ပစ္စည်းတွေကိုသုံးလို့အဆင်မပြေခဲ့ ဘူးဆိုရင် အစ်မတို့ Champion ဘက်ကနေ  ပြန်ပြီးဝန်ဆောင်မှု လုပ်ပေးပါတယ်။

Champion ဆိုပြီးဖြစ်လာဖို့ အတွက်ဘယ်လိုအခက်အခဲတွေတွေ့ကြုံခဲ့ ရတယ်ဆိုတာရှိရင် ပြောပြပေးပါ။

ထွေထွေထူးထူးတော့မရှိပါဘူး။ အခုလိုChampionဆိုပြီးနေရာတစ်နေရာဖြစ်လာတာအခုလို Customer တွေကြောင့်ပါ။ Customer တွေသာမရှိခဲ့ဘူးဆိုရင် Champion ဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။

Champion အနေနဲ့ ဘာများဖြည့်စွက်ပြီးပြောချင်တာရှိပါသလဲ။

အစ်မတို့ Champion က စစ်မှန်ပြီးအရည်အသွေးပြည့်ဝ ကောင်းမွန်တဲ့ Branded ပစ္စည်းတွေကိုပဲတင်သွင်းပြီးရောင်းချတာပါ။ ပြီးတော့  မြန်မာနိုင်ငံကလူတွေကိုလည်းအင်တာနေရှင်နယ်နဲ့ ယှဉ်ရင်အမှီလိုက်နိုင်ဖို့  လူနေမှုအဆင့်အတန်းတွေ တိုးတက်မြင့်မားစေချင်တာလည်းပါပါတယ်။ နောက်ပြီး နိုင်ငံတော်ကိုလည်းတစ်ဖက်တစ်လှမ်းကနေပြီးအားပေးကူညီရာရောက်စေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *