ဘာစီလိုနာ၏ ချန်ပီယံလိဂ်(၉)ပွဲဆက်အနိုင်စံချိန်ကို ဘာစီလိုနာနည်းပြဟောင်း၏ဘိုင်ယန်လိုက်မီသွား

news_b1.jpg
Shares 0

ချက်ကလပ်အသင်းဗစ်တိုးရီးယားပလာဇန်အား လက်ရှိချန်ပီယံလိဂ်သရဖူပိုင်ရှင် ဘိုင်ယန်မြူးနစ်အသင်းက အဝေးကွင်းတွင် မာရီယိုမန်ဒူကစ်၏တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ဘောလုံးရာသီချန် ပီယံလိဂ်ကွာတားဖိုင်နယ်မှစကာ ယခုနှစ်အုပ်စုပွဲစဉ်(၄)ပြီးဆုံးချိန်အထိ (၉)ပွဲဆက်တိုက်အနိုင်ရရှိခဲ့သည့်စံ ချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။ ထိုသို့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲများတွင် (၉)ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းကို ၂၀၀၂-၂၀၀၃ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းကလည်း ရရှိထားခဲ့ပြီးနောက် ပိုင်း မည်သည့်အသင်းကမှ လိုက်မမှီခဲ့ကြပေ။

ဘိုင်ယန်မြူးနစ်မှာ ပြီးခဲ့သည့်နှစ်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် အီတလီကလပ်ဂျူဗင်တပ်စ်အား နှစ်ကျော့ စလုံးအနိုင်ကစားခဲ့ခြင်းမှ (၂)ပွဲ၊ ဆီမီးဖိုင်နယ်အဆင့်တွင် ဘာစီလိုနာအသင်းအား နှစ်ကျော့ပေါင်း(၇-၀)ဂိုးဖြင့် အနိုင်ယူခဲ့ခြင်းက (၂)ပွဲ၊ ဗိုလ်လုပွဲတွင် တစ်နိုင်ငံတည်းမှကလပ် ဒေါ့မွန်အား(၂-၁)ဂိုးဖြင့် အနိုင်ယူခဲ့သည်မှ(၁) ပွဲနှင့် ယခုနှစ်အုပ်စုပွဲစဉ်များတွင် CSKA မော်စကို၊ မန်စီးတီး၊ ဗစ်တိုးရီးယားပလာဇန်(အိမ်-အဝေး)နိုင်ပွဲများနှင့် ပေါင်းလိုက်သောအခါ စုစုပေါင်းနိုင်ပွဲ(၉)ပွဲဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။ (၄)ပွဲကစားအပြီး (၁၂)မှတ်ရရှိသွား သည့် ဘိုင်ယန်မြူးနစ်မှာ (၁၆)သင်းရှုံးထွက်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *