မက်ဆီ၏ တစ်နှစ်တာအတွင်း ချန်ပီယံလိဂ်ဂိုးစံချိန်ကို တစ်ဂိုးအသာဖြင့် စီရော်နယ်လ်ဒိုကျော်ဖြတ်ခဲ့

news_a.jpg
Shares 0

ယနေ့နံနက်(၂း၁၅)တွင် ကစားသွားခဲ့သော ဂျူဗင်တပ်စ်နှင့် ရီးရဲလ်မက်ဒရစ်တို့၏ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)တွင် တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ရာ ရီးရဲလ်မက်ဒရစ်အတွက် ခရစ္စတီယာနိုရော်နယ်လ်ဒိုက တစ်ဂိုး သွင်းယူပေးနိုင်ခဲ့သဖြင့် စံချိန်ကောင်းတစ်ခုကို ကျော်ဖြတ်လိုက်နိုင်ပြီဖြစ်သည်။ ထိုစံချိန်မှာ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းမှ ချန်ပီယံလိဂ်ပွဲစဉ်များအတွင်း  (၁၃)ဂိုးသွင်းယူထားနိုင်ခဲ့သည့် ဘာစီလိုနာတိုက်စစ် မှူးလီယွန်နယ်မက်ဆီ၏စံချိန်ကို တစ်ဂိုးအသာ(၁၄)ဂိုးဖြင့် ကျော်ဖြတ်လိုက်ကာ စံချိန်သစ်တင်လိုက်နိုင် ခြင်းပင်ဖြစ်သည်။ ရော်နယ်လ်ဒိုမှာ ယခုနှစ်ချန်ပီယံလိဂ်အုပ်စု(ခ)ပွဲစဉ်(၄)အပြီးတွင်လည်း (၈)ဂိုးသွင်းထား နိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ၂၀၁၃ခုနှစ်အတွင်းကစားခဲ့သောပွဲများတွင်(၆)ဂိုးသွင်းနိုင်ခဲ့သဖြင့် ၂၀၁၃ ပြက္ခဒိန်နှစ်အတွင်း (၁၄)ဂိုးသွင်းကာ မက်ဆီ၏ ၂၀၁၂ ပြက္ခဒိန်နှစ်အတွင်း (၁၃)ဂိုးစံချိန်ကို ကျော်ဖြတ် လိုက်နိုင်ခြင်းဖြစ်သည်။­­

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *