အက်ဖ်အေ၏စည်းမျဉ်းသစ်ကြောင့် ဖူလ်ဟမ်နောက်ခံလူအား ကြမ်းတမ်းစွာပြုမူမှုဖြင့် စွဲချက်တင်နိုင်ပြီ

news_c1.jpg
Shares 0

ဖူလ်ဟမ် ၁-၃ မန်ယူပွဲစဉ်ပြီးဆုံးကာနီးတွင် မန်ယူလူငယ်ခြေတတ်ဂျန်နူးဇက်အား ကြမ်းတမ်းစွာကစားခဲ့သည့် ဖူလ်ဟမ်နောက်ခံအစွန်လူ ဆာချာရီသာ၏လုပ်ရပ်ကို ဒိုင်မမြင်လိုက်သော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေမှ ချမှတ်ထားသောစည်းမျဉ်းသစ်ကြောင့် စွဲချက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုပွဲစဉ်မှ ရီသာ ၏လုပ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးလီရောဘတ်က မမြင်တွေ့ခဲ့သော်လည်း ပြန်လည်စစ်ဆေးကာ ပြစ်ဒဏ်ချ မှတ်မည့်စည်းမျဉ်းသစ်ကို အက်ဖ်အေက ပထမဆုံးအကြိမ်အဖြစ် အသုံးပြုကာ စွဲချက်တင်လာခဲ့ခြင်းဖြစ်သည်။ “ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များအတွင်း ဒိုင်မမြင်လိုက်တဲ့ဖြစ်ရပ်တွေကို ပြန်လည်လေ့လာဆန်းစစ်ပြီး စွဲ ချက်တင်ခံရတဲ့ ကစားသမားအဖြစ် ရီသာမှတ်တမ်းဝင်သွားခဲ့ပါပြီ။ စည်းမျဉ်းသစ်အရ ဒိုင်လူကြီးဟောင်း(၃) ဦးပါဝင်တဲ့ အဖွဲ့ကို လိုအပ်လာခဲ့ရင် အက်ဖ်အေကနေ ပွဲအတွင်းဖြစ်ရပ်တွေကို ပြန်လေ့လာစေမှာပါ။ ဒိုင်အ နေနဲ့ အရေးယူသင့်တယ်လို့ (၃)ဦးစလုံးက တစ်ညီတညွတ်တည်း ထောက်ခံကြမှသာလျှင် အက်ဖ်အေကနေ စွဲချက်တင်သွားမှာဖြစ်ပါတယ်” အက်ဖ်အေမှ ထုတ်ပြန်ကြေညာထားသည်။

မန်ယူနည်းပြဒေးဗစ်မိုရက်စ်က ထိုဖြစ်ရပ်အပေါ် “တကယ့်ကိုဆိုးဝါးတဲ့ကစားပုံဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်တာ ပေါ်လွင်နေပါတယ်။ ကျွန်တော့ချာတိတ်လို ကစားသမားလေးတွေကို ကာကွယ်မယ့်ဥပဒေတော့ရှိသင့်တယ် ထင်ပါတယ်။ ဒီလိုသာမဟုတ်ရင်တော့ အကန်ခံနေရတာနဲ့ သွားတော့မှာပဲ”ဟု မှတ်ချက်ပြုထားခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *