ရီဟားနား MTV ကိုကော်ပီယူထားပေမယ့် နည်းနည်းကွာပါတယ် ဆိုတဲ့ ဒါရိုက်တာ ၀င်းလွင်ထက်

img_2141_resize.jpg
Shares 0

လူငယ်ပရိသတ် တော်တော်များများရဲ့ အမ်တီဗီတွေကို ရိုက်ပေးလာရတဲ့ ဒါရိုက်တာ ၀င်းလွင်ထက်ကတော့ အနုပညာသက်တမ်း၉နှစ်ကျော်အတွင်းမှာ ရရှိပိုင်ဆိုင်လာခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ပရိသတ်ရဲ့ လက်ခံအားပေးမှုတွေအပေါ်ကို ကျေနပ်တယ်လို့ပြောလာပါတယ်။ သူနဲ့တွေ့ဆုံတုန်း လူပြောသူပြောများနေတဲ့ ဒုံးပျံဗီစီဒီထဲက လွှမ်းပိုင်ရဲ့ ‘မဝေးဘူး’ အမ်တီဗီအကြောင်းနဲ့ သူ့ရဲ့အနုပညာလှုပ်ရှာမှုအကြောင်းတွေကို ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

-အစ်ကို ဒီလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။

အစ်ကို ၂၀၀၅မှာ ကျောင်းပြီးတယ်။ ဒီပလိုမာနဲ့ ကွန်ပျူတာ ကျောင်းပြီးတာပေါ့နော်။ အလုပ်စလုပ်တာက MRTV4 မှာ အလုပ်စလုပ်တယ။် ၂နှစ်လောက်လုပ်ခဲ့တယ။် အဲဒီကနေအပြင်ထွက်ပြီး ၄နှစ်လောက် အယ်ဒီတာလုပ်ခဲ့တယ။် လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်မှ သီချင်းတွေစရိုက်တာပေါ့နော်။

-စရိုက်ဖြစ်ခဲ့တဲ့ ပထမဆုံးသီချင်း။

စရိုက်ဖြစ်တာက ဆိုတေးအခွေပေါ့။ အရှေ့မှာက ရင်းနှီးလို့ ၂ပုဒ်လောက်ရိုက်ပေးခဲ့ဖူးတယ။် အဲဒါက Official သီချင်းတွေတော့မဟုတ်ဘူး။

-ဒီလောကထဲကို ၀င်ရောက်ဖြစ်ခဲ့တာက ငွေကြေးရပ်တည်မှုကြောင့်လား။ ၀ါသနာပါလို့လား။

ကျွန်တော်ဝါသနာပါလို့ ပါ။ မိသားစုထဲမှာလဲမရှိဘူး။ ပြီးတော့ အိမ်က လုပ်ခိုင်းတဲ့ အလုပ်လဲမဟုတ်ဘူး။ ကျွန်တော်လုပ်ချင်လွန်းလို့ ကိုယ့်ဟာကို စုံစမ်းပြီး လုပ်ခဲ့ရတာပါ။ အသိလဲဘယ်သူမှမရှိပါဘူး။

-အစ်ကို့အိမ်ကရော ဒီအလုပ်နဲ့ပတ်သတ်ပြီး ဘယ်လိုကူညီထောက်ပံ့ပေးလဲ။

ဘာမှတော့ မပြောပါဘူး။

-တခြားစီးပွားရေးရောလုပ်ဖြစ်ဦးမလား။

ဒီအလုပ်ကို ၀ါသနာပါလွန်းလို့ ရွေးချယ်ခဲ့တာပါ။ ဒါရိုက်တာအလုပ်ကို နောက်၁၀နှစ်လောက်ပဲ လုပ်မယ်။ အသက်၄၀လောက်ထိပဲရိုက်မယ်။ အသက်၄၀ကျော်သွားရင် ပရိုဂျူဆာတော့ လုပ်ချင်တယ်။ အသက်ကြီးသွားရင် တခြားအများကြီးတော့ရိုက်ဖြစ်တော့မှာမဟုတ်ဘူး။ ကိုယ်ခံစားလို့ရတဲ့ ဟာလောက်ပဲလုပ်ဖြစ်မယ။်

-ပရိသတ်တွေကရော အစ်ကို့ကို ဘယ်သီချင်းနဲ့ စပြီးသတိထားမိတာလဲ။

အဲဒါကကျွန်တော်ထင်တာက ဆိုတေးမှာစသိတာလို့ထင်ပါတယ်။ ဆိုတေးက ကျွန်တော်ပထမဦးဆုံးစရိုက်တာဖြစ်တဲ့အတွက်ပါ။ အဲဒီနောက်ပိုင်းမှာချမ်းချမ်းရိုက်ဖြစ်တယ။် ဟိဏ်းသစ်ရိုက်ပေးဖြစ်တယ။် ဘန်နီဖြိုးရိုက်ဖြစ်တယ။် ပြီးရင်မိစန္ဒီရိုက်ဖြစ်တယ။် ပြီးတော့ ထွန်းရတီတို့ ၊လွှမ်းပိုင်တို့ရိုက်ပေးဖြစ်တယ။် ပြီးတော့ ဒီလ၁၂မှာ စိုင်းစိုင်းအခွေကိုရိုက်ပေးဖို့ရှိတယ်။ ၂ပုဒ်ပေါ့နော်။ လကုန်မှာတစ်ပုဒ်ရိုက်မယ်။

-ရုပ်ရှင်ကားလဲရိုက်ထားတယ်နော်။

ဟုတ်ကဲ့ရိုက်ထားပါတယ်။ အမ်တီဗီက ပေါ့ပေါ့ပါးပါးရှိတယ်။ သိပ်ပြီးဆင်းလ်လဲမများဘူး။ သူကတော့ နဲနဲသက်သာတယ။် ကားရိုက်တာကျတော့ ဆင်းလ်လဲများတယ။် ကျစ်ကျစ်လစ်လစ်လဲရှိတယ်။ ဗီဒီယိုက သေသေချာချာလုပ်ရတဲ့အပိုင်းလေးတွေရှိတယ်။ ဇာတ်ကားဖြစ်နေတဲ့အတွက် အမ်တီဗီထက်တော့ အားစိုက်ရတာပေါ့။

-အစ်ကို ရိုက်တာ ဇာတ်လမ်းပုံစံလေးတွေများတယ်ပေါ့နော်။

ဟုတ်။ အဲဒါက ကျွန်တော်ကြိုက်တဲ့ပုံစံပေါ့နော။် သီချင်းရိုက်ရင် အဆိုတော်က သီချင်းဆိုပြီး ဘာမှရည်ရွယ်ချက်မရှိတာမျိုးမကြိုက်ဘူး။ အဲလိုပုံစံမျိုး ကိုကျွန်တော်ရိုက်တာ မရှိသလောက်ရှားတယ်။ ဇာတ်လမ်းပုံစံက နဂိုကတည်းက ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပေါ့။ ပရိသတ်အတွက်လည်း တခုခုကျန်စေချင်တယ်။

-အစ်ကိုရိုက်တဲ့သီချင်းတွေတော်တော်များများကို ပရိသတ်ကြိုက်သလို ပေါက်လဲပေါက်တယ်။ အဲဒီအပါ် ဒါရိုက်တာတစ်ယောက်ရဲ့စိတ်ခံစားချက်က။

ကြိုက်တယ်ဆိုရင်ကျေနပ်တယ်။ အဆိုတော်တွေအတွက်လဲကောင်းတာပေါ့နော်။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာပေါက်အောင်လို့ရည်ရွယ်ပြီးရိုက်ခဲ့တာတော့မရှိဘူး။ ကောင်းအောင်ရိုက်ခဲ့ တာပဲရှိပါတယ်။ တခါတလေ ကျွန်တော်ကြိုက်တဲ့သီချင်းကို ပရိသတ်ကြိုက်ချင်မှကြိုက်တယ်။ ကျွန်တော်မကြိုက်တဲ့သီချင်းကျတော့ ပ၇ိသတ်ကြိုက်တာတွေ့ရတယ်။

-ရိုက်ဖြစ်ဖို့ပုံစံတွေကို စဉ်းစားမိတာက ။

သီချင်းတစ်ပုဒ်ကို ရိုက်တော့မယ်ဆိုရင်တော်တော်စဉ်းစားဖြစ်တယ်။ သီချင်းနဲ့ ပတ်သတ်ပြီး လိုက်ဖက်မယ့် ရှုတင်အနေအထား၊ မင်းသား၊ မင်းသမီး ကအစသေချာလေးစဥ်းစားဖြစ်ပါတယ်။

-ဒါရိုက်တာနဲ့ပတ်သတ်တဲ့ လေ့လာမှုတွေက ။

လေ့လာတယ်။ အဓိက လေ့လာတာက အွန်လိုင်းကနေပေါ့နော်။ နိုင်ငံခြားကားတွေကြည့်တယ်။ ကြည့်တယ်ဆိုတာ ကော်ပီလုပ်ဖို့တော့မဟုတ်ပါဘူး။ သူတို့ထားတဲ့ ကွန်ပိုဇေးရှင်း၊ သူတို့သုံးတဲ့ အရောင်၊ သူတို့သုံးတဲ့ပုံစံပေါ့နော်။ သူတို့လို အစုံမရှိပေမဲ့ ရှိတဲ့ပစည်းနဲ့တော့ လိုက်လုပ်ရတာပေါ့။ သူတို့မှာက စိတ်ကြိုက်လုပ်ဖို့အတွက်ပစည်းစုံရှိတယ်။ အဲဒီအတွက်ကြောင့်မို့ အရမ်းကောင်း အောင်လုပ်နိုင်တာပေါနော့်။ အဲဒါလေးတွေတော့လေ့လာဖြစ်တယ်။ နောက်တခုက အွန်လိုင်းမှာ Lighting နဲ့ပတ်သတ်တဲ့ ကျူတိုရီရယ်တွေ Downloadချတယ်။ ရုပ်ရှင်တစ်ကားကြည့်ပြီး ဘာလုပ်ထားလဲဆိုတာမသိရင် အွန်လိုင်းကနေ Downloadချတယ်။

-ဇာတ်ကားကျတော့ ဘယ်လိုကနေဘယ်လိုစရိုက်ဖြစ်တာလဲ။

စရိုက်ဖြစ်တာက ပထမဆုံးက ချောကလက်ဆိုတဲ့ကားပေါ့နော်။ မင်းသမီးက ရတနာဖြူဖြူအောင်ပေါ့နော်။ သူနဲ့ကျတော့ သီချင်းတွေလဲ၇ိုက်ဖူးတော့ သူတို့တိုက်က ကားလေးရိုက်ပေးပါဆိုတာနဲ့ရိုက်ပေးဖြစ်တယ်။ မင်းသားက ကြည်ဇော်ထက်၊ ဒုတိယကားပေါ့နော်။ ပထမကားက ကိုရဲတိုက်နဲ့သင်ဇာဝင့်ကျော်၊ ရတနာဖြူဖြူအောင်တို့ပါ။ ၂ကားပေါနော်။ ကြည်ဇော်ထက်နဲ့က ဒုတိယကား ပြင်ဦးလွင်မှာရိုက်ထားတာ မပြီးသေးဘူး။ ရန်ကုန်မှာရိုက်ရမဲ့ ဆင်းလ်တွေကျန်သေးတယ်။

-တခြားတိုက်တွေက ရိုက်ဖို့ကမ်းလှမ်းလာရင်ရောလက်ခံဖြစ်မလား။

တခြားဟာက မဟော်ဂနီနဲ့တော့၇ိုက်ဖူးတယ်။ တခြားတိုက်တွေက ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော်လဲအားမယ်။ ရိုက်ရတာလဲအဆင်ပြေမယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။

-အစ်ကိုလွှမ်းပိုင်တို့အခွေထဲမှာ ရိုက်ထားပေးတဲ့ သီချင်းလေးက တော်တော်လေးပေါက်သလို လူလဲသိတယ်။ ဒါပေမဲ့ တချို့က အဲဒီသီချင်းလေးကို ရီဟားနားသီချင်းကို ပြန်ရိုက်ထားတာလို့ပြောကြတယ်။ အဲဒီအပေါ်ကို အစ်ကိုက ဘာပြောချင်လဲ။

အဲဒီဟာကို စရိုက်မယ်ဆိုတော့ ရီဟားနားသီချင်းနဲ့ဆင်နေတာပေါ့နော်။ အဲဒီသီချင်းကို တိုက်ရိုက်ကြီး ပြန်ကူးထားတာတော့မဟုတ်ပါဘူး။ လွှမ်းပိုင်ကို ပြောတယ်။ တူနေမယ်ပေါ့နော်။ အဲဒါသူက ရိုက်ချင်တယ်ဆိုတာနဲ့ ရိုက်ပေးခဲ့တာပေါနော့်။ တက်တူးထိုးတဲ့ တကွက်၊ ဈေးဝယ်တဲ့တကွက်။ ပြီးတော့ နောက်တစ်ခုက ဆေးမှုတ်တဲ့ အခန်း၊ အဲဒါတွေကရီဟားနားထဲက ပုံစံနဲ့ တစ်ကွက်ထဲဖြစ်နေတယ်။ အဲဒါကြောင့်မို့ပြောကြတာပါ။ တကယ်တမ်းဆိုနည်းနည်းလေးကွာပါတယ်။ အမှန်တကယ်ဆို အဲဒီအပုဒ်က အချိန်ပေးပြီး သေချာရိုက်ခဲ့ရတာ။ အဲဒီအတွက်ပရိသတ်တွေက အားပေးကြတာကို ကျေးဇူးတင်ပါတယ်။

-အစ်ကို့ရဲ့ သီချင်းအမ်တီဗီတွေကို စောင့်ကြည့်အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။

-ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ဆက်ရိုက်သွားပါမယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *