အသစ်များတွေ့နေပြီလား Miley Cyrus

miley_cyrus.2.jpg
Shares 0

Miley Cyrus တစ်ယောက် Good Charlotte ရဲ့အဆိုတော် Benji Madden နဲ့တွဲနေပြီလို့ထင်စရာအရိပ်အယောင်တွေ တွေ့နေရပါတယ်။ သူတို့နှစ်ဦးဟာ ဟောလိုးဝင်းညက ပါတီတစ်ခုကို အတူဆင်နွှဲခဲ့ပြီးနီးနီးကပ်ကပ် နေခဲ့ကြပါတယ်။ ပါးစပ်ပြောဇာတ်လမ်းအရတော့ အကြင်နာတွေတောင်ပေးခဲ့တယ်ဆိုပဲ။ အဲဒီ့နောက်မှာတော့ သူတို့နှစ်ယောက်ကို ကားတစ်စီးထဲမှာ သူငယ်ချင်းတွေနဲ့အတူရှိနေတာကိုတွေ့ခဲ့ရတာဖြစ်ပြီး Miley က Malibu ရမ် လို့ထင်ရတဲ့အဖုံးပွင့်ပုလင်းတစ်ပုလင်းကိုကိုင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့အသက်ဟာ ၂၀ဖြစ်ပြီး ၂၁နှစ်ပြည့်ဖို့ သုံးပါတ်တောင်မလိုတော့တဲ့အချိန်မှာဒီလို အရက်ပုလင်းကိုင်ထားတာတွေ့ရတဲ့အတွက် အားလုံးက အထိပ်တလန့်ဖြစ်ခဲ့ရပါတယ်။ သူတို့နိုင်ငံရဲ့တည်ဆဲဥပဒေအရ တရားဝင်အရက်သောက်သုံးနိုင်တဲ့အရွယ်ဟာ ၂၁ နှစ်ဖြစ်ပါတယ်။

Ref:starpulse

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *