၃လက်မခွဲအရွယ်ရှိ ဟီလီယမ်ဓာတ်ငွေ့သုံး 6TB hard drive

ht_helium_harddrive_tk_131104_16x9_992.jpg
Shares 0

Western Digitalကုမ္ပဏီရဲ့ လက်ခွဲဖြစ်တဲ့ HGST Storageကုမ္ပဏီဟာ Ultrastar He6 လို့ခေါ်တဲ့ Hard Driveတစ်မျိုးကို နိုဝင်ဘာလ ၅ရက်နေ့မှာ စတင်ရောင်းချပေးခဲ့ပါတယ်။ ဟီလီယမ်ဓါတ်ငွေ့နဲ့ဖြည့်ထားတဲ့ အဲ့ဒီ့Drive ဟာ ၃လက်မခွဲအရွယ်သာရှိပြီး 6TB(6000GB) Memory Storageပါရှိပါတယ်။

အရင်လို ကြေးပြားကို သာမန်လေထုနဲ့ ပိတ်ထားတာမျိုးမဟုတ်တော့ဘဲ လေထုရဲ့ ၁၄ရာခိုင်နှုန်း သိပ်သည်းစရှိတဲ့ ဟီလီယမ်ဓါတ်ငွေ့နဲ့ဖြည့်ထားပြီး အထဲမှာဓါတ်ငွေ့ကို လှည့်ပတ်ထားစေပါတယ်။ လေထုထက်ပွတ်တိုက်မှုအားနည်းတာမို့ ကြေးပြားလည်တဲ့အခါမှာ ဓာတ်အားသုံးစွဲမှုပမာဏ သိပ်မလိုတော့သလို အထဲမှာမချောမွေ့တာမျိုးလည်း  သိပ်မဖြစ်တော့ပါဘူးလို့ HGST ကပြောပါတယ်။

ဒါ့ကြောင့် ၃လက်မခွဲသာရှိတဲ့ driveထဲကို သာမန်(၅)ပြားထည့်တဲ့နေရာမှာ ကြေးပြား (၇)ပြားထိထည့်လို့ရလာပါတယ်။ ဟီလီယမ်ဓာတ်ငွေ့ဟာ ယိုစိမ့်နိုင်စွမ်းရှိတာမို့ ဓာတ်ငွေ့စိမ့်မထွက်ရလေအောင်  hermetic seal technologyလို့ခေါ်တဲ့ အလုံပိတ်နည်းပညာတစ်ရပ်ကို HGSTကုမ္ပဏီက ဖော်ဆောင်ခဲ့ပါတယ်။ ဟီလီယမ်ဓာတ်ငွေ့ကို အရည်အအေးပေးစနစ်ထဲမှာ လှည့်ပတ်စေကာ ထိန်းသိမ်းထားမှာဖြစ်ပြီး အဲ့ဒီ့အရည်တစ်မျိုးဟာလည်း driveထဲကိုဝင်ပြီး မဖျက်စီးနိုင်စွမ်းမရှိပါဘူး။

SAS or SATA interfaceနဲ့ တစ်စက္ကန့်ကို 6Gနှုန်း data transferလုပ်နိုင်ပါတယ်။ လက်ရှိသုံးနေတဲ့ hard drive တွေထက်ကို ၂၃ရာခိုင်နှုန်း ဘက်ထရီစားသက်သာပါတယ်။ အလေးချိန်ကတော့ ၆၄၀ဂရမ်ပါ။

ရှေ့ပြေးနေတဲ့ နည်းပညာသစ်တွေနဲ့ ထုတ်ကုန်သစ်တွေအနေနဲ့ အနာဂတ်ကိုတည်ဆောက်တဲ့နေရာမှာ  HGSTထုတ် ဟီလီယမ်ဓာတ်ငွေ့သုံး driveတွေဟာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ အကျိုးပြုပါလိမ့်မယ်။ 

Ref:theregister

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *