ရီးရဲလ်တိုက်စစ်သမားများကို သတိထားရင်ဆိုင်ရမည်ဟု အန်တိုနီယိုကွန်တီသတိပေး

news_a1.jpg
Shares 0

ယနေ့ည(၂း၁၅)တွင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၄)အဖြစ် အီတလီမြေတွင် အိမ်ရှင်ဂျူဗင်တပ်စ်နှင့် ဧည့်သည် ရီးရဲလ်မက်ဒရစ်အသင်းတို့ ရင်ဆိုင်ကစားကြရတော့မည်ဖြစ်ရာ အထူးသဖြင့် ဂျူဗင်တပ်စ်အတွက် နိုင်ပွဲရမှ သာလျှင် (၁၆)သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေးမျှော်လင့်ချက် ရေးရေးရှိလာမည်ဖြစ်သည်။ အုပ် စု(ခ)တွင် ထိပ်ဆုံးမှ (၉)မှတ်အပြည့်ဖြင့် ဦးဆောင်နေသော ရီးရဲလ်မက်ဒရစ်အတွက် အနိမ့်ဆုံးသရေကျလျှင် ပင် နောက်တစ်ဆင့်တက်ရန် သေချာသွားမည်ဖြစ်သော်လည်း (၂)မှတ်သာရသေးသော ဂျူဗင်တပ်စ်အတွက် မူသရေကျရန်ပင်မဖြစ်နိုင်တော့ပေ။ “ အခုပွဲစဉ်ဟာ အရမ်းကို အရေးကြီးတဲ့ပွဲဖြစ်နေပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲ မှာ ဆက်လက်ယှဉ်ပြိုင်နိုင်ရေးအတွက်လည်း အရေးပါနေပါတယ်။ ဂျူဗင်တပ်စ်-ရီးရဲလ်ပွဲက တကယ့်ဂရိတ်ပွဲကြီးပါ။ ဒါကြောင့်လည်း အိမ်ကွင်းပရိသတ်တွေကို အရင်က အားပေးနေကြအတိုင်း အားရပါရအားပေးကြဖို့ လိုအပ်နေ ပါတယ်။ ပထမအကျော့ စပိန်မှာ ပြသခဲ့တဲ့ကြိုးစားမှုမျိုး ကျွန်တော်တို့ထပ်ပြဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် တော့ ဒူးထောက်ပြီး နောက်တစ်ဆင့် တက်သွားမယ့် မက်ဒရစ်ကို လက်ခုပ်တီးနေရပါလိမ့်မယ်။ အဓိက သတိ ထားရမှာက ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပဲ။ သူတို့ကို အဖျက်စွမ်းအားကြီးမားတယ်လို့ သတ်မှတ်ချက်တယ်။ ရော်နယ်လ်ဒို၊ ဘေးလ်၊ ဘန်ဇီးမားနဲ့ ဒီမာရီယာတို့ဟာ တကယ့်ကို ထူးခြားတဲ့ ကစားသမားများဖြစ်ပါတယ်။  သူတို့ရှေ့မှာ ကျော်ဖြတ်ရမယ့် ကွင်းသာရှိနေပါစေ။ တောက်လျှောက်သွားမယ့် လူစားတွေပါ။ ဒါကြောင့် ဂ ရုတစိုက်နဲ့ အမှားအယွင်းနည်းအောင် ကစားပြီး သူတို့ကိုပြန်လည်တိုက်ခိုက်ရပါလိမ့်မယ်။ တကယ့်ကိုထက် မြက်လွန်းတဲ့ တိုက်စစ်အင်အားစုကို ရင်ဆိုင်ရမယ်ဆိုတာ သဘောပေါက်ထားပါတယ်”ဟု အန်တိုနီယိုကွန်တီ ကပြောခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *