အရွယ် မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ ဖြစ်မှာကြောက်လို့ အသားအရေကို အရင်ကထက်ပိုပြီးတော့ ဂရုစိုက်ဖြစ်ပါတယ် ဆိုတဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း

1380264_488286994602413_330784920_n.jpg
Shares 0

အနုပညာရှင်တွေဟာ make up နဲ့ နေ့တိုင်းထိတွေ့နေရသူတွေပါ။ သာမာန်လူတွေထက် အသားအရေကို ပိုဂရုစိုက်ရသလို မီးထိုး၊ မှန်ထိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း အမြဲဂရုစိုက်နေရတာပါ။ ဒါ့ကြောင့် မင်းသမီးချောလေး သဉ္ဖာနွယ်ဝင်းရဲ့ အသားအရေကို ဘယ်လိုဂရုစိုက်တယ်ဆိုတာနဲ့ skin care ဘာတွေလုပ်တယ်ဆိုတာ သိရအောင် ခုလိုမေးမြန်းကြည့်လိုက်တဲ့အခါ ‘ရှုတင်ကနေပြန်လာပြီးတာနဲ့ မိတ်ကပ် Remover နဲ့ မျက်နှာမှာရှိတဲ့ မိတ်ကပ်တွေကို အရင်ဖျက်တယ်။ ပြီးရင် မျက်နှာသစ်တယ်။ နောက်ပြီးရင်တော့  Skincare တွေသုံးဖြစ်ပါတယ်။ Body Lotion ကတော့ နေ့တိုင်းအမြဲလူးဖြစ်ပါတယ်။ သဉ္ဇာက ဟိုးအရင်ကတည်းက အသားအရေကိုထိန်းသိမ်းရမယ် ဆိုတာသိတယ်။ ဒါပေမဲ့လည်း အရင်ကသိပ်မထိန်းသိမ်းဖြစ်ခဲ့ပါဘူး။ အခုဒီအနုပညာအလုပ်တွေလုပ်မှပဲ သေချာလုပ်ဖြစ်တာပါ။ အခုချိန်မှာ အသားအရေကိုဂရုမစိုက်ရင် နောင်အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေ၊ ပါးရေမြန်မြန်တွန့်တာတွေ ဖြစ်မှာကြောက်တာလည်းပါ တော့ ဂရုစိုက်ပြီးလုပ်ဖြစ်တယ်။ နောက်ပြီး စိတ်ဖိစီးမှုများရင် အသားအရေ မညီတာတို့၊ အသားအရေမကြည်လင်တာတို့ ဖြစ်တတ်ပါတယ်။ သဉ္ဖာလည်းအိပ်ရေးမ၀ရင် မျက်ကွင်းညိုတာတို့ဖြစ်တတ်ပါတယ်။ အသားအရေမဲညစ်တာ၊ အသားအရေမညီတာတို့ဟာ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာနဲ့လည်းဆိုင်တယ်လို့ သဉ္ဇာထင်ပါတယ်။ မျက်နှာပေါင်းတင် တာမျိုးကတော့ ၁လတစ်ခါ လောက်ပဲလုပ်ဖြစ်ပါတယ်။တစ်ခါတစ်လေဆိုင်မသွားချင်ရင်  အိမ်မှာပဲ BSC  ကြွေမှုန့်မျက်နှာပေါင်းတင်ဆေးနဲ့ မျက်နှာပေါင်းတင်တယ်။’လို့ သူမဆိုပါတယ်။

မင်းသမီးတစ်ယောက် အနေနဲ့ အသားအရေလှဖို့ အဓိကကျမကျ ဆိုတာကိုလည်း သူမက ‘မော်ဒယ်လ်တစ်ယောက် ဆိုရင်တော့ အသားအရေလှမှ အဆင်ပြေမယ်။ ပြီးရင် ရုပ်လည်းချောရမယ်၊ နောက်ပြီးရင် ခန္ဓာကိုယ်အချိုးအစားကျကျနဲ့ အရပ်အမောင်းကောင်းဖို့လည်းလိုပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကျတော့ရုပ်လှဖို့်နဲ့ အသားအရေကောင်းဖို့ထက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကသာပိုအရေးကြီးတာပါ။ နောက်ပြီးသဉ္ဇာကလေ အသီးအနှံတွေ စားရတာကိုသဘောကျတယ်။ အသီးအနှံစားပေးတာကလည်းကိုယ့်ရဲ့အသားအရေကို ကြည်လင်လှပစေဖို့ တစ်ဖက်တစ်လှမ်းကနေအထောက်အကူဖြစ်စေတယ် လို့မြင်ပါတယ်။ အရင်ကအသားအရေနဲ့အခုအသားအရေ နှစ်ခုယှဉ်ကြည့်လိုက်ရင်  အခုအသားအရေက အရင်တုန်းကအသားအရေထက်တော့ပိုပြီး ကြည်လင်လာပြီးပိုပြီးလှပလာတယ် လို့ထင်မိတယ်’ တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *