အဖော်မရှာ တစ်ကိုယ်တည်းသာ

Shares 0

အမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမျှ ယခင်က အမျိုးသမီးမှန်ရင် အိမ်ထောင်ထိန်းသိမ်း ကလေးမွေးအလုပ်သာ လုပ်သင့်တယ်လို့ လူ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ခံရမှုတွေ မရှိတော့ပါဘူး။ ဒီတော့ တစ်ကိုယ်ရေတစ်ကာယ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး အမှီအခိုကင်းတာကို နှစ်သက်တဲ့ နာမည်ကျော် အမျိုးသမီးအချို့ကို ဖော်ပြပေးချင်ပါတယ်။

Shares 0
5.jpg
Shares 0

          အမျိုးသမီးတွေအနေနဲ့ မိဘ၊ အစ်ကိုမောင်ဘွား၊ လင်ယောက်ျား တစ်ဦးဦးရဲ့ အုပ်ထိန်းမှုမရှိရင် မသင့်တော်ဘူးဆိုတဲ့ အယူအဆရှိခဲ့ပါတယ်။ ဒါဟာ မှန်သင့် သလောက်မှန်နိုင်ပေမယ့် ယနေ့ခေတ်နဲ့ယှဉ်ရင်တော့ ချွင်းချက်တွေ ရှိလာပါပြီ။

          အမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည် မြင့်မားလာတာနဲ့အမျှ ယခင်က အမျိုးသမီးမှန်ရင် အိမ်ထောင်ထိန်းသိမ်း ကလေးမွေးအလုပ်သာ လုပ်သင့်တယ်လို့ လူ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ခံရမှုတွေ မရှိတော့ပါဘူး။ ဒီတော့ တစ်ကိုယ်ရေတစ်ကာယ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး အမှီအခိုကင်းတာကို နှစ်သက်တဲ့ နာမည်ကျော် အမျိုးသမီးအချို့ကို ဖော်ပြပေးချင်ပါတယ်။

(၁)     Demi Lovato

Demi က နှစ်သက် ၊ ပိုးပန်းသူအလွန်များတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါပေမယ့် သူမစိတ်မ၀င်စားခဲ့ပါဘူး။ ““ကျွန်မ ပြီးခဲ့တဲ့ အချိန်အတော်ကြာတဲ့အထိ ချိန်တွေ့တာကို မလုပ်ဘူးလို့ ဘုရားလှူထားခဲ့ပါတယ်။ အခုတော့ ကျွန်မဟာ လွတ်လပ်ပြီး မှီခိုမှုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါတယ်။ ဒါကိုလဲ ကျွန်မကျေနပ်ဂုဏ်ယူ ပါတယ်။”” လို့ ပြောထားပါတယ်။

(၂)     Nicki Minaj

 

နီကီမီနာ့ဂ်ျက သူမရဲ့ ဘ၀အကြောင်းသိပ်မပြောပါဘူး။ ပရိတ်ရှေ့ကို အတွဲတစ်တွဲ အဖြစ်ထွက်လာတာမျိုးလဲ မရှိပါဘူး။ ဒီအလှပဂေးလေးက စည်းချက်တွေအတွက်သာ ဖြစ်ပြီး ယောက်ျားတွေအတွက်မဟုတ်ခဲ့ပါဘူး။

(၃)     Debby Ryan 

          သူမကတော့ အမျိုးသားတွေကို ချစ်တတ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံးကို သူငယ်ချင်းနယ်ပယ်ထဲမှာပဲ ချန်ထားခဲ့လိုက်ပါပြီ။ သူမရဲ့ အချစ်တော်တွေထဲက တစ်ယောက်ကတော့ Lab Rate မှာပါတဲ့ Spencer Boldman လို့အမည်ရပြီး သူနဲ့အများဆုံး တွဲခဲ့ပါတယ်။ ဒါပေမယ့် သူမက လွတ်လပ်စွာပျံသန်းရတာကို ပိုပြီး လိုလားပါတယ်တဲ့ ။

(၄)     Chole Grace Moretz

အသက် (၁၅)နှစ်လောက်အရောက်မှာ မိန်းကလေးတွေဟာ ကောင်လေးတွေကို စိတ်ဝင်စားစပြုပြီး စတွဲနေပါပြီ။ ဒါပေမယ့် Chole ကတော့ ဒီလိုမဟုတ်ပါဘူး။ သူမ တကယ်နှစ်သက် ရည်ရွယ်တဲ့ ကောင်လေးတစ်ယောက်ကို မတွေ့ရမချင်း ရည်းစားမထားဘူး လို့ဆိုပါတယ်။ သူမရဲ့ဘ၀ထဲကို ၀င်ခွင့်ပြုဖို့ လုံလောက်တဲ့သူတစ်ယောက် မတွေ့မချင်း မချိန်းတွေ့ဘူးလို့ဆိုပါတယ်။

(၅)     Zendaya Coleman

သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Bella နဲ့ အတိုင်းအတာတစ်ခုအထိ ပတ်သက်နေပေမယ့် ဘာကိုမှ အတင်းလုပ်ယူတာမျိုးမရှိချင်ပါဘူးတဲ့။ ““ကျွန်မ ၁၆နှစ်ကျော်ပြီဖြစ်တဲ့အတွက် ချိန်းတွေ့တာကို လက်ခံပေမယ့် ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်ဖို့မကြိုးစားပါဘူး။ အရာရာကို သဘာဝအတိုင်းလေးပဲ ဖြစ်ခွင့်ပေးထားပါတယ်”” လို့ ဆိုပါတယ်။

ပျိုမေတို့အနေနဲ့လဲ လွတ်လပ်ပြီး ချုပ်နှောင်မှုကင်းတဲ့ ဘ၀လေးတစ်ခု တည်ဆောက်ကြည့် နိုင်ပါစေလို့ ဆနပြုလိုက်ပါတယ်။  

Ref:Seventeen

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *