R&B နဲ့ Hip-Hop ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်(၁၀)ချပ်

FINALLY-FAMOUS (2).png
Shares 0

တစ်ပတ် အတွင်း အရောင်းရဆုံး နဲ့ အယ်လ်ဘမ် (၁၀)ခု ရဲ့ စာရင်း ကို ဖော်ပြပေးပါမယ်။

(၁) အဆိုတော် Big Sean ရဲ့ ‘Hall Of Fame’

အမေရိကန် ဟစ်-ဟော့ပ် အဆိုတော် Big Sean ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်ပြီး ဩဂုတ်လ (၂၇)ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 

(၂) အဆိုတော် Juicy J ရဲ့ ‘Stay Trippy’

အမေရိကန် ရက်ပ်အဆိုတော် Juicy J ရဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်ပြီး ဩဂုတ်လ (၂၇)ရက်နေ့ကပဲ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ 

(၃) အဆိုတော် Robin Thicke ရဲ့ ‘Blurred Lines’

ကနေဒီယံ-အမေရိကန် R&B ဆိုတော် Robin Thicke ရဲ့ Single သီချင်းနဲ့ အယ်လ်ဘမ် ခေါင်းစဉ် နာမည်အတူတူပဲ ဖြစ်ပါတယ်။ သီချင်းအမျိုးအစားတွေကတော့ R&B, disco, pop တွေပဲ ဖြစ်ပါတယ်။ 

(၄) အဆိုတော် Justin Timberlake ရဲ့ ‘The 20/20 Experience’

အမေရိကန် တေးသံသွင်းပညာရှင် Justin Timberlake  ရဲ့ အချစ်သီချင်း ခပ်ကြမ်းကြမ်း လေးတွေပါဝင်တဲ့ ဒုတိယ အယ်လ်ဘမ်တစ်ခုပါ။ မတ်လ (၂၅)ရက်နေ့က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဧည့်သည်အဆိုတော်အနေ T.I နဲ့ Pharrell တို့ပါဝင်ထားပါတယ်။

(၅) အဆိုတော်TGT ရဲ့ ‘Three Kings’

TGT ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်တစ်ခုဖြစ်ပြီး ဩဂုတ်လ (၂၀)ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ ပွဲဦးထွက်မှာပဲ အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ 

(၆) အဆိုတော် Macklemore & Ryan Lewis ရဲ့ ‘The Heist’

အမေရိကန် ရက်ပါအဆိုတော Macklemore နဲ့ ပရိုဂျူဆာ Ryan Lewis တို့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်ပါတယ်။ ‘iTunes’  မှာ နာရီအနည်းငယ်အတွင်း နံပါတ်တစ်နေရာကို ရောက်ရှိခဲ့တဲ့ အယ်လ်ဘမ်တစ်ခု ဖြစ်ပါတယ်။ 

(၇) အဆိုတော် Jay Z ရဲ့ ‘Mogna Carta … Holy Grail’

အမေရိကန်ရပ်ပါ Jay Z ရဲ့ ဆယ့်နှစ်ခုမြောက် အယ်လ်ဘမ်ဖြစ်ပါတယ်။ Free Download ယူလို့ရပါတယ်။ 

(၈) အဆိုတော် K.Michelle ရဲ့ ‘Rebellious Soul’

ဒီအယ်လ်ဘမ်ဟာလဲ အမေရိကန်အဆိုတော် K.Michelle ရဲ့ ပွဲဦးထွက် R&B အယ်လ်ဘမ်ပါ။ ဩဂုတ်လ (၁၃)ရက်က ထွက်ရှိခဲ့တာပါ။ 

(၉) အဆိုတော် Goodie Mob ရဲ့ ‘Age Against The Machine’

အတလန္တာအခြေစိုက် Goodie Mob ဟစ်ဟော့ပ်အဖွဲ့ရဲ့ ငါးခုမြောက် စတူဒီယို အယ်လ်ဘမ်ဖြစ်ပြီး ဩဂုတ်လ (၂၇)ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ 

(၁၀) အဆိုတော် Kanye ရဲ့ ‘Yeezus’

အမေရိကန် ဟစ်ဟော့ပ်အဆိုတော်နဲ့ အသံသွင်းပညာရှင် Kanye West ရဲ့ ခြောက်ခုမြောက် အယ်လ်ဘမ်ဖြစ်ပြီး ဂျွန်လ (၁၈) ရက်နေ့မှာ ထွက်ရှိထားတာဖြစ်ပါတယ်။

(Ref:billboard)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *