ဒီနှစ်အကယ်ဒမီကို ကိုဝိုင်းကိုရစေချင်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်

dsc02653_resize.jpg
Shares 0

အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီး ကြည်ဖြူသျှင်ရဲ့ အမြင်၊ အယူအဆတွေနဲ့သူမရဲ့ ခံစားချက်တွေကတော့ ‘လာမယ့် အကယ်ဒမီပေးပွဲက အစ်မတို့စိတ်ကျေနပ်တဲ့ အကယ်ဒမီပေးပွဲဖြစ်ပါစေလို့ အစ်မဆုတောင်းတယ်။ တကယ်ထိုက်တန်တဲ့သူတွေကို ရစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်ရရ၊မရရ ဒါရိုက်တာတစ်ယောက်ရဲ့ ခံစားချက်ကိုနားလည်တယ်။ ဒီနှစ်အကယ်ဒမီကို ကိုဝိုင်းကို ရစေချင်ပါတယ။် ဘာလို့လဲဆိုတော့မနှစ်ကလဲ အာဒံ၊ဧ၀၊ ဒဿမှာ ကိုဝိုင်းကိုရမယ်ဆိုပြီး ၁ပေးကြတယ်။ တကယ်လဲမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ကိုဝိုင်းမရခဲ့ဘူး။ ဒီနှစ်ဆိုလဲလက်ပံပေါ့လေ။ လက်ပံဆိုလဲ ကိုဝိုင်းအများကြီးကြိုးစားထားတယ်။ ဖွေးဖွေးဆိုတဲ့ မင်းသမီးတစ်ယောက်ကို ၀ါရင့်တဲ့ မင်းသားမင်းသမီးကြီးတွေနဲ့ တွဲပြီးမကျန်ခဲ့အောင်လုပ်နိုင်တယ။် ဒါက ဒါရိုက်တာတစ်ယောက်ရဲ့အရည်အချင်းပေါ့နော်။ ဒါရိုက်တာတစ်ယောက်ကို ပေးသင့်တဲ့အချိန်မှာ ပေးစေချင်တယ။် ရသင့်တဲ့အချိန်မှာမရဘဲနဲ့နောင်ကျမှ အားနာပြီးပေးတဲ့အခါမှာ ရတဲ့သူအနေနဲ့လဲနင်တယ။် အဲဒါမျိုးက အနုပညာလောကမှာမဖြစ်သင့်တော့ဘူး။ ပြောင်းလဲသင့်ပြီဆိုတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ကိုဝိုင်းကိုရစေချင်တယ်။ သူရရင်အစ်မတို့ကျေနပ်တယ်။ မရရင်တော့ အစ်မတို့စိတ်မကောင်းဖြစ်ရမှာပဲ။ ပြီးတော့တစ်ခုရှိတာက အနုပညာအရည်အသွေးကို အနုပညာသည်အချင်းချင်းဆုံးဖြတ်တာက အကောင်းဆုံးပဲ။ ဆုံးဖြတ်တဲ့အနုပညာသမားတွေကလဲ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရမယ်။ ထွက်လာတဲ့အဖြေကိုမှန်၊မမှန်အစ်မတို့စောင့်ကြည့်ရမှာပေါ့နော်။ အကယ်ဒမီနဲ့ပတ်သတ်ပြီး ဖြည့်စွက်ပြောချင်တာကတော့ အစိုးရဖက်က ၀င်ရောက်စွက်ဖက်ခြင်းမရှိဘူး။ အဲဒါက အရမ်းကောင်းပါတယ်။ နောက်တစ်ခုက မနှစ်ကကျင်းပပုံ လုံးဝအဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့ စင်မြင့်ရဲ့ တဖက်တချက်မှာ အစ်မတို့အနုပညာသမားတွေထိုင်တယ။် စင်မြင့်ရဲ့ ရှေ့တည့်တည့်မှာလူကြီးတွေကိုပေးထိုင်တယ်။ ဒါမှန်ပါတယ်။ ပေးထိုင်ပါ။ ဒါပေမဲ့အစ်မတို့လဲရှေ့မှာထိုင်ချင်တယ်။ ဘာလို့လဲဆိုတော့ စင်ကိုဘေးစောင်းကြီး ကြည့်ရတကဘယ်လိုမှ အဆင်မပြေဘူး။ စင်ကိုစဆောက်ကတည်းက သေချာ အင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီး အားလုံးမြင်ရအောင်ဆောက်စေချင်တယ်။ စင်ကို ကိုယ့်ရှေ့တည့်တည့်မှာမြင်ချင်တယ။် အဲဒါတစ်ခုကိုတော့မကြိုက်ဘူး။ ကျန်တာကတော့ အစ်မအနေနဲ့အဆင်ပြေပါတယ်’လို့ဒါရိုက်တာကြည်ဖြူရှင်ကပြောပြသွားခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *