ကမ္ဘာကြီးကို ပြောင်းလဲသွားစေခဲ့တဲ့ ဟစ်ပ်ဟော့ပ်လှုပ်ရှားမှုကြီးများ (အပိုင်း၂)

hip-hop_resize.jpg
Shares 0

ဟစ်ပ်ဟော့ပ် ဟာ လူမဲလူငယ်တွေနဲ့ လက်တင်အမေရိက ခေါ် တောင်အမေရိကသားလူငယ်တွေ နေထိုင်တဲ့ မြို့အတွင်းမှာ ပေါက်ဖွားလာခဲ့တာဖြစ်တယ်လို့ ဟစ်ပ်ဟော့ပ်သမိုင်းမှာရော လူမဲသမိုင်းမှာရော ဖွင့်ဆိုထားပါတယ်။ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် ဟစ်ပ်ဟော့ပ် လှုပ်ရှားမှုကြီးတွေဟာလည်း နှစ်၄၀အတွင်းမှာ အများကြီးရှိခဲ့ပါတယ်။ ဒီလို သမိုင်းကြောင်းတွေ ဖြစ်ထွန်းလာခဲ့တဲ့ အချိန်တွေအတွင်းမှာ ကမ္ဘာတစ်ဝှမ်းကလူတွေက လူမဲယဉ်ကျေးမှုကို ပိုပိုပြီး အူလိုက်သဲလှိုက် သိမြင်လာကြတော့တာပါပဲ။ 

၁၁။ ရှေ့ပြေးအဖွဲ့။

ဉာဏ်ကြီးရှင် RZA ဦးဆောင်ခဲ့ပြီး Wu-Tang အဖွဲ့ဟာ ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်တဲ့ Enter the Wu-Tang (36Chambers) ကို ၁၉၉၃ခုနှစ် နိုဝင်ဘာလမှာထုတ်ဝေခဲ့ပါတယ်။ Wu-Tang’s အဖွဲ့နဲ့ Loud တေးထုတ်လုပ်ရေးနဲ့ လက်တွဲလုပ်ဆောင်မှုဟာ တစ်ဦးချင်း စာချုပ်ရေးထိုးမှုတွေကိုလည်း ဖြစ်လာစေ ပါတယ်။ ဒါဟာ ဟစ်ပ်ဟော့ပ် underground ဘ၀ကနေ တက်လာပြီး ဓါတ်ပြားထုတ်လုပ်ရေး လုပ်ငန်းတွေဖြစ် လာစေဖို့ စံနမူနာသစ်ဖြစ်ခဲ့ပါတယ်။

၁၂။ Tupac အသတ်ခံရခြင်း။

 Tupac Amaru Shakur (160671 – 130996) 

၁၉၉၆ခုနှစ် စက်တင်ဘာလ ၁၃ရက် Las Vegas မှာကျင်းပခဲ့တဲ့ Mike Tyson ရဲ့လက်ဝှေ့ပွဲကအပြန် Tupac Amaru Shakur ဟာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အားမာန်တက်ကြွလှတဲ့ gangsta rapper ဖြစ်သူ Tupac ဟာ ဟစ်ပ်ဟော့ပ်လောကရဲ့ ပထမဆုံးသော အာဇာနည် ဖြစ်လာခဲ့ပါတယ်။ Tupac ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့တဲ့ အယ်လ်ဘမ်တွေ၊ မှတ်တမ်းတွေ နဲ့ ချစ်ပရိသတ်တွေရဲ့ကျေးဇူးနဲ့ Tupac ဟာ ယနေ့ထက်တိုင် ဟစ်ပ်ဟော့ပ် လောကကို အလွှမ်းမိုးဆုံး အနုပညာရှင် တွေထဲက တစ်ယောက်ဖြစ်နေပါသေးတယ်။ Tupac အသတ်ခံရမှုကို ခုထိ အဖြေမရှာ နိုင်သေးပါဘူး။

၁၃။ The Notorious B.I.G အသတ်ခံရခြင်း။

Christopher George Latore Wallace (210572-090397)

၁၉၉၇ခုနှစ် မတ်လ ၉ရက် မှာ The Notorious BIG ဟာ Vibe မဂ္ဂဇင်းပါတီကအပြန် သေနတ်အပစ်ခံခဲ့ ရပါတယ်။ သူအသတ်ခံရပြီးတဲ့ နောက်မှာ East Coast နဲ့ West Coast တစ်ခွင် ညည်းတွားမှုတွေက ပွက်လောညံခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Hip-Hop လောကမှာ အာဇာနည်နောက်တစ်ဦး ထွက်ပေါ် လာခဲ့ပါတယ်။

၁၄။ L Boogie ရဲ့ကြီးစိုးမှု။

အမျိုးသမီး ရပ်ပ်အဆိုတော် Lauryn Hill ကို L Boogie လို့လည်း ခေါ်ကြပါတယ်။ ၁၉၉၈ခုနှစ် သြဂုတ်လမှာ Lauryn Hill ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ‘The Miseducation of Lauryn Hill’ ဟာ ဂရမ်မီဆုရရှိဖို့ လျာထားခြင်းခံခဲ့ရပြီး ၁၉၉၉ခုနှစ် ဂရမ်မီဆုပေးပွဲမှာ နှစ်တစ်နှစ်ရဲ့အကောင်းဆုံးတေး အယ်လ်ဘမ်ဆု အပြင် ဂရမ်မီဆု ၅ဆု ရရှိခဲ့ပါတယ်။ အမျိုးသမီး ရပ်ပ် အဆိုတော်ဖြစ်တဲ့အတွက် ရပ်ပ်အဆိုတော်တွေကြားမှာ အထင်ကရဖြစ်ခဲ့ပါတယ်။

၁၅။ Flavor Flav အောင်မြင်ကျော်ကြားလာမှု။

၂၀၀၄ခုနှစ် စက်တင်ဘာလမှာ Public Enemy တေးဂီတအဖွဲ့ဝင် Flavor Flav ဟာ VH1 အမေရိကန် တီဗွီလိုင်းထုတ်လွှင့်မှုမှာ ပါလာပါတယ်။ ဟစ်ပ်ဟော့ပ် လောကရဲ့ အကြီးစိုးဆုံးသော ဟစ်ပ်ဟော့ပ် နောက်ခံအဆိုတော်ဟာ  တီဗွီလိုင်းမှာ pop ယဉ်ကျေးမှုထက်ကို နေရာရလာခဲ့ပါတယ်။ Flav ဟာ လက်တွေ့ဘ၀မှာလည်း အထက်တန်း အောင်မြင်ခဲ့ပြီး သူ့ကိုယ်သူ အဖတ်ဆယ်နိုင်ခဲ့ပါတယ်။

၁၆။ Jay-Z အလုပ်ရခြင်း။

မကြာသေးမီကမှ အလုပ်နားခဲ့တဲ့ Jay-Z ဟာ ၂၀၀၄ခုနှစ်၊ ဒီဇင်ဘာလမှာ Def Jam တေးထုတ်လုပ်ရေးရဲ့ ဥက္ကဋ္ဌဖြစ်လာပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ဘ၀ကနေ တဆင့် အောင်မြင်ကျော်ကြားတဲ့ ရပ်ပ်အဆိုတော် တစ်ဦးအဖြစ်၊ ဂီတအကျော်အမော်တစ်ဦးအဖြစ်ကို ရောက်ရှိခဲ့တာပါ။

၁၇။ Kanye West က သမ္မတ Bush ကိုစိန်ခေါ်ခြင်း။

အမေရိကန်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဟာရီကိန်း ကက်ထရီးနား ရဲ့ဘေးဒုက္ခသည် တွေအတွက် ရန်ပုံငွေရှိုးပွဲ live ကို NBC(အမျိုးသားရုပ်သံကော်ပိုရေးရှင်း) ကတဆင့် ၂၀၀၅ခုနှစ် စက်တင်ဘာလ မှာ ပြသခဲ့ပါတယ်။ အဲ့ဒီ့မှာ ဟစ်ပ်ဟော့ပ်အဆိုတော် Kanye West ဟာ ‘George Bush က ငါတို့လူမဲတွေအကြောင်း ဂရုမစိုက်ဘူး။’ လို့ မဆင်မခြင်နဲ့ ပြောခဲ့ပါတယ်။ Kanye က Dubya( Bush ရဲ့နာမည်ပြောင်) ကိုတောင်းပန်ခဲ့ရတယ်။ ဒါဟာ ဟစ်ပ်ဟော့ပ် လောကရဲ့တကယ့် အဖြစ်အပျက်တစ်ခုပါ။

၁၈။ DJ Drama ထောင်ကျလုနီးပါး ဖြစ်ခြင်း။

DJ Drama ဟာ Atlantaမြို့မှာ တရားမ၀င် mixtapes တွေရောင်းချမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ရုံးတွေကို ဗဟိုအစိုးရရဲတပ်ဖွဲ့က ၂၀၀၅ခုနှစ် စက်တင်ဘာလမှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ့တရားမ၀င် အယ်လ်ဘမ်တွေဟာ အဆိုတော်တွေ ကိုယ်တိုင်က အရောင်းမြှင့်တင်တဲ့ အနေနဲ့ ပေးခဲ့တာပါ။

 

၁၉။ ဟစ်ပ်ဟော့ပ်ဂီတရဲ့ လှုပ်ခါနိုင်စွမ်း။

Grandmaster Flash & Furious Five အဖွဲ့ဟာ လူတွေရဲ့ အသည်းနှလုံးကို လှုပ်ခါနိုင်ခဲ့ပြီး နာမည်ကျော် စာရင်းဝင်တွေဖြစ်ခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ ကနေစတင်တည်ထောင်ပြီး ၁၉၈၆ ခုနှစ်မှာ ပထမတန်းနေရာ ရောက်ခဲ့ပါတယ်။ သူတို့ဟာ ဟစ်ဟော့ပ်လောကမှာ အချိန်ကြာကြာ လွှမ်းမိုးနိုင်တဲ့ အဖွဲ့ပါပဲ။

 

၂၀။ ပြိုင်ဘက်ကို ခေါက်ထားနိုင်ခဲ့တဲ့ အမေရိကန်သမ္မတ Obama

၂၀၀၈ခုနှစ် ဧပြီလဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် ကိုယ်စားလှယ်လောင်း Hillary Clinton က သမ္မတလောင်းဖြစ်သူ Obama ကို တစ်ဖက်ကသမ္မတလောင်းနဲ့ယှဉ်ပြိုင်ရာမှာ သုံးဖို့ အကြံတစ်ရပ်ပေးခဲ့ပါတယ်။ ခေါက်ထားလိုက် လို့အဓိပ္ပါယ်ရတဲ့ စကားတစ်ခွန်းပါပဲ။ Obama ကလည်း တစ်ဖက်လူကို ခေါက်ထားနိုင်ခဲ့ပါတယ်။ Jay-Zရဲ့ သီချင်းစာသား ‘Dirt Off Your Shoulder’ ဟာလည်း ခေါက်ထားလိုက်(sဂရုကိုမစိုက်တာ)ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ သမ္မတ Obama ဟာ နိုင်ငံရေးနဲ့ ဟစ်ဟော့ပ်ကို ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှု အသိုင်းအ၀ိုင်းကနေ ပေါက်ဖွားလာသူ တစ်ယောက်ပါပဲ။

(Ref:theboombox)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *