ဆွာရက်ဇ်အား အာဆင်နယ်သို့ မည်သည့်နည်းနှင့်မျှမရောင်းနိုင်ခဲ့ဟု ရော်ဂျာပြောပြလာ

news_d1.jpg
Shares 0

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကာလအတွင်းလီဗာပူးလ်တိုက်စစ်မှူး လူးဝစ်ဆွာ ရက်ဇ်အား အာဆင်နယ်မှ ပေါင်သန်း(၄၀)ဖြင့်ခေါ်ယူရန် ကြိုးစားခဲ့ခြင်းအား မည်သည့်အခါကမျှ သဘောတူရောင်းချရန်အစီအစဉ်မရှိခဲ့ကြောင်း လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောလာခဲ့သည်။ဆွာရက်ဇ်အား အာဆင်နယ် သို့ ရောင်းချတော့မည်ဟူသောသတင်းပေါင်းစုံထွက်ခဲ့သော်လည်း လီဗာပူးလ်တွင်သာ ဆက်ကစားနေဆဲဖြစ် ပြီးယနေ့ည(၁၂း၀၀) အမ်းမရိတ်စ်ကွင်းမှ အာဆင်နယ်-လီဗာပူးလ်ပွဲတွင်ပါဝင်ကစားလိမ့်မည်ဖြစ်သည်။“ အာဆင်နယ်အသင်းရဲ့ ဆွာရက်ဇ်ကို ၀ယ်ချင်တဲ့သဘောထားကိုကောင်းကောင်းနားလည်းခဲ့ပါတယ်။ သူ့လိုကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်ဘောလုံးသမားမျိုးကိုဘယ်အသင်းမဆိုလိုချင်ကြမှာချည်းပဲ။ ဒါပေ မယ့် အဲဒါက ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ကလပ်အသင်းအနေနဲ့ အဓိကပြိုင်ဘက်အသင်းတစ်သင်းဆီကို ဘောလုံးသမားကောင်းတစ်ယောက်ရောင်းချပေးဖို့ဆိုတာခက်ခဲလွန်းလှပါတယ်။ ရောင်းတော့မယ် ဆိုတဲ့သတင်းတွေမျိုးစုံပေါ်ထွက်ခဲ့ပေမယ့်လည်း လီဗာပူးလ်တစ်သင်းလုံးကမရောင်းနိုင်ဘူးဆိုတာ ယတိပြတ် ဆုံးဖြတ်ထားခဲ့ကြပြီးသားဖြစ်နေခဲ့ပါတယ်”ဟုလီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောခဲ့သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *