U2, Green Day တို့နဲ့အတူ နယ်လှည်ဖျော်ဖြေချင်တယ်လို့  ပြောလိုက်တဲ့ Metallica ရဲ့ Drummer Lars Ulrich

lars_ulrich_with_u2_greenday.jpg
Shares 0

Metallica, U2 နဲ့ Green Day တို့ဟာ ဂီတလိုင်းအသီးသီးမှာ အပေါက်ဆုံးဝိုင်းတွေဖြစ်ကြပါတယ်။ Metallica ရဲ့ drummer Lars Ulrich ကတော့ အင်တာဗျုးတစ်ခုမှာ သူ့အနေနဲ့ဒီဝိုင်းကြီးသုံးဝိုင်း နဲ့အတူနယ်လှည့်ဖျော်ဖြေချင်တယ်လို့ဆိုပါတယ်။ ပြီးတော့ အဲဒီ့ဝိုင်းနှစ်ဝိုင်းကလဲ ဆန္ဒရှိတယ်လို့ဆိုပါတယ်။

MTV ရဲ့အင်တာဗျူးတစ်ခုမှာ Lars က  “လွန်ခဲ့တဲ့နှစ်နှစ်လောက်က U2 အဖွဲ့က ဆန်ဖရန်စစ္စကိုကိုလာခဲ့ပြီး ကျွန်တော်တို့ အတူသောက်မိတယ်။ Green Day နဲ့တော့ ညစာအတူစားဖြစ်တယ်။ နောက်နေ့မနက်မှာပဲ U2, Green Day နဲ့ Metallica အဖွဲ့ဝင်တွေ နယ်လှည့်ဖျော်ဖြေဖို့ သဘောတူလိုက်ပြီလို့ကျွန်တော့်ကိုပြောပါတယ်။ အဲဒီ့အချိန်ကစပြီးအဲဒီ့အကြောင်းမပြောဖြစ်ခဲ့တာ။ ကျွန်တော်တစ်ယောက်ထဲရဲ့ဆန္ဒကိုပြောရရင်တော့ အဲဒီ့ကိစ္စကိုအရမ်းစိတ်အားထက်သန်ပါတယ်။

Metallica နဲ့ U2 နှစ်ဖွဲ့လုံးဟာ အရမ်းမိုက်တဲ့ စတိတ်အပြင်အစင်တွေလုပ်ဖူးပါတယ်။ ဒီဝိုင်းတွေ ဘယ်လိုခမ်းနားတဲ့တင်ဆက်မှုတွေနဲ့အတူစင်ပေါ်တက်လာမလဲဆိုတာကို စောင့်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလောက်ခမ်းနားတဲ့ နယ်လှည့်ဖျော်ဖြေပွဲမှာ လက်မှတ်တွေရောင်းထွက်ဖို့တော့ပူစရာမလိုပေမယ့် ဒီလို နာမည်ကြီးဝိုင်း သုံးဝိုင်းကို အတူတူပေါင်းစပ်ပြီးလုပ်တဲ့ ဒီအစီအစဉ်ကတော့ ကျော်လွှားဖို့မလွယ်ကူတဲ့အခက်အခဲတစ်ခုပါ။

Jack the Ripper(Ref:mtv)
 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *