မန်ယူတွင် မိမိထက် ဘောလုံးကျွမ်းကျင်မှုပြည့်ဝသူမရှိဟု နာနီဝင့်ကြွား

news_a.jpg
Shares 0

ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအတွက် ပွဲထွက်ခွင့်နည်းပါးနေသောပေါ်တူဂီတောင်ပံကစားသမားနာနီ က မိမိမှာ မန်ယူတွင်ဘောလုံးကျွမ်းကျင်မှုအပိုင်း ပြည့်ဝမှုအရှိဆုံးကစားသမားဖြစ်ကြောင်းပြောလာခဲ့သည်။ နာနီ မှာ ယခုနှစ်တွင် (၅)ပွဲသာကစားရသေးပြီး ဂိုးလည်းမသွင်းနိုင်သေးပေ။ နွေရာသီဈေးကွက်ကာလအတွင်းက အသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ခဲ့သလို လာမည့်ဇန်န၀ါရီဈေးကွက်ကာလသို့ ရောက်လျှင် လည်း ခေါ်ယူမည့်အသင်းရှိလာပါက ရောင်းချဖွယ်ရှိနေသည်။ “ ကျွန်တော်တို့အသင်းမှာ ဘောလုံးကျွမ်းကျင် မှုပြည့်ဝတဲ့သူတွေအများအပြားရှိတာမှန်ပေမယ့်လည်း ပြောနိုင်တာကတော့ကျွန်တော်ဟာ သူတို့အားလုံးရဲ့ အထက်မှာရှိနေတယ်ဆိုတာပါပဲ”ဟုမန်ယူဝက်ဘ်ဆိုက်ဒ်တွင် ပြောထားခဲ့သည်။ ဆက်လက်ပြီး မည်သည့်က စားသမားအပေါ်လေးစားအားကျခဲ့ရသနည်းဟူသော အမေးကိုလည်း “ ကျွန်တော့အတွက် လေးစားအားကျခဲ့ရသူက ဒေကိုပါပဲ။ အရင်က ကျွန်တော်ကွင်းလယ်မှာ နံပါတ်(၁၀)၀တ်ပြီး ကစားခဲ့ရတာဗျ။ ဒေကိုလိုကစားနိုင် ဖို့အသည်းအသန် လိုက်တုခဲ့တာပေါ့။ အဲဒီအချိန်က သူဟာ ကျွန်တော့အတွက် အကောင်းဆုံးဘောလုံးသမား ပါပဲ”ဟုဖြေခဲ့သည်။ မန်ယူမှာ နာနီအား စက်တင်ဘာလတွင် (၅)နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သော်လည်း စောင့်ကြည့်လေ့လာသူများကမူ ကစားသမားအား အသင်းတွင် ကာလရှည်ဆက်ထားရန် မဟုတ်ဘဲ ပြောင်းရွှေ့ကြေးတန်ဖိုးမြင့် တတ်လာရေးအတွက်သာဖြစ်ကြောင်းတွက်ဆထားကြသည်။ နာနီမှာ ၂၀၀၇ ခုနှစ်၊ဇွန်လ (၆)ရက်တွင် ပေါ်တူဂီကလပ်စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ယူရို(၂၅ .၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *