ဘရာဇီးလ်ဘောလုံးသမားဟောင်းတစ်ဦး ရီယိုဒီဂျနေရိုးတွင် ခေါင်းဖြတ်အသတ်ခံခဲ့ရ

news_d1.jpg
Shares 0

၂၀၁၄ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ဘရာဇီးလ်နိုင်ငံအတွင်းမှ ရာဇ၀တ်မှုများပြားနေခြင်းအပေါ်ဝေဖန်မှုများရှိနေချိန်တွင် ပိုမိုဆိုးရွားသွားစေနိုင် သည့်ဖြစ်ရပ်တစ်ခုမှနောက်ဆုံးဗိုလ်လုပွဲအပါအ၀င် ပွဲ ကြီးပွဲကောင်းများကို လက်ခံကျင်းပပေးမည့် ရီယိုဒီဂျနေရိုးမြို့တွင် ဖြစ်ပွားသွားခဲ့သည်။ ထိုဖြစ်ရပ်မှာ ရီယိုဒီဂျနေရိုးမြို့ခံကလပ်များနှင့် ဆွီဒင်၊ ဟွန်ဒူးရပ်စ်နိုင်ငံရှိ ကလပ်များတွင်ကစားခဲ့ဖူးသော တိုက်စစ်မှူးဟောင်း ဂျာ အိုရိုဒရီဂိုဆေးလ်ဗားဆန်းတို့စ်အား မူးယစ်ဆေးဝါးဂိုဏ်းတစ်ဂိုဏ်း ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ဖြတ်ပစ်ခဲ့ခြင်းပင်ဖြစ်သည်။ (၃၅)နှစ်အရွယ်တိုက်စစ်မှူးမှာ ဘောလုံးကစားခြင်းမှအနားယူခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးအထောက်အကူပြုအစားအသောက်များရောင်းချသည့်ဆိုင်တစ်ဆိုင်ကိုဖွင့်လှစ်ထားသူဖြစ်သည်။ ပြီးခဲ့သည့် တန င်္လာနေ့ညတွင် ဆိုင်မှပြန်မလာသဖြင့် ဇနီးသည်က စိတ်ပူနေခဲ့သော်လည်း ပေါ်မလာခဲ့ပေ။ မနက်မိုးလင်းသော အခါ ဇနီးသည်အလုပ်သွားရန် အိမ်ပြင်ထွက်လိုက်သောအခါမှ ဆန်းတို့စ်၏ကျောပိုးအိတ်ကိုတွေ့လိုက်ရသဖြင့် ဖွင့်ကြည့်လိုက်ရာ အတွင်းမှ ခင်ပွန်းသည်၏ခေါင်းပြတ်ကြီးကို တွေ့လိုက်ရတော့သည်။ ဆန်းတို့စ်မှာမျက်လုံးနှစ် ဖက်အဖောက်ခံထားရသလို လျှာကိုလည်းဖြတ်ခံထားရပြီး ကျန်ရစ်သော ကိုယ်လုံးကို ယခုတိုင်ရှာ မတွေ့နိုင်သေးပေ။ ဆန်းတို့စ်မှာမူးယစ်တိုက်ဖျက်ရေးရဲများနှင့်အတူ လူမှုရေးကူညီမှုများ လုပ်ဆောင်ခဲ့သူဖြစ်သောကြောင့် အညှိုးထားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိကြောင်း ရဲများကကောက်ချက်ဆွဲထားသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *