အာရှနံပါတ်(၁) ဂေါက်ရိုက်သမား ကျောဒဏ်ရာကြောင့် WGC-HSBC Champions မှ နုတ်ထွက်ခဲ့ရ

news_c.jpg
Shares 0

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် WGC-HSBCChampions  ဂေါက်ရိုက်ပြိုင်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်နေသောဂျပန်ဂေါက်ရိုက်သမား ဟစ်ဒက်ကီမတ်ဆူယာမာမှာ ကြာသပတေးနေ့က သတ်
မှတ်ရိုက်ချက်ထက် (၁)ချက်လျော့ရိုက်ပြီး (၇၁)ချက်ဖြင့် ပထမပွဲစဉ်တွင်အခြေအနေကောင်းနေခဲ့သေးသည်။ သို့သော်လည်း ယနေ့နံနက် အိပ်ရာနိုးလာသောအခါကျောရိုးနာကျင်နေခဲ့သဖြင့် ပွဲစရန် (၁၅)မိနစ်အလိုတွင်
ပြိုင်ပွဲကျင်းပရေးကော်မတီအား အကြောင်းကြားကာ မိမိမပါဝင်နိုင်တော့ဘဲနုတ်ထွက်လိုက်ပြီးဖြစ်ကြောင်း အတည်ပြုခဲ့လိုက်ရာ ၄င်းကို အားပေးရန် ဂျပန်နိုင်ငံ မှရှန်ဟိုင်းအထိ လိုက်လာခဲ့ရသော ဂျပန်ပရိသတ်များစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရသည်။  အသက်(၂၁)နှစ်ရွယ်ဟစ်ဒက်ကီမှာ ယခုနှစ်အတွင်း ဂျပန်နိုင်ငံပြည်တွင်းပြိုင်ပွဲများအတွင်း(၃)ကြိမ်ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ အဓိကပြိုင်ပွဲကြီးမှ နုတ်ထွက်လိုက်ရခြင်းမှာ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ ထို့ပြင်လွန်ခဲ့သည့်နှစ်ပတ်ကျော်က လာ့စ်ဗီးဂတ်စ်မြို့တွင် ကျင်းပခဲ့သောရန်ပုံငွေပွဲတစ်ပွဲတွင်လည်း နာမကျန်းဖြစ်ခဲ့မှုကြောင့် မပါဝင်နိုင်ခဲ့ချေ။ဟစ်ဒက်ကီမှာ ၂၀၁၁ခုနှစ်အတွင်း US Masters ဂေါက်ရိုက်ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ရာ ဂျပန်နိုင်ငံ သားများထဲမှထိုပြိုင်ပွဲသို့ ပထမဆုံးဝင်ရောက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *