အီတလီစီးရီးအေတွင် ရာသီအစ(၁၀)ပွဲဆက်နိုင်သည့်စံချိန်သစ်ကို ရိုးမားပိုင်ဆိုင်ခဲ့ပြီ

news_a.jpg
Shares 0

သောကြာနေ့နံနက် အစောပိုင်းက စီးရီးအေပွဲစဉ်(၁၀)အဖြစ် အိုလံပီကိုကွင်းတွင် အိမ်ရှင်ရိုးမားနှင့် ချီယေဗိုတို့ ကစားခဲ့ကြရာ ပထမပိုင်းတွင် ဂိုးမရှိသရေကျနေခဲ့သော်လည်း ဒုတိယပိုင်း(၆၇)မိနစ်တွင် အိမ်ရှင်အသင်းအတွက် ဘော်ရယ်လီယိုက တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းကြောင့် ရိုးမားမှာ ယခုနှစ်ဘောလုံး ရာသီအစ(၁၀)ပွဲဆက်အနိုင်ရရှိကာ စီးရီးအေစံချိန်သစ်တစ်ခုကိုတင်လိုက်နိုင်ပြီဖြစ်သည်။ နည်းပြရူဒီဂါဆီယာ ဦးဆောင်လျက်ရှိသော ရိုးမားအသင်းမှာ (၁၀)ပွဲဆက်အနိုင်ရရှိခဲ့သည်သာမက (၁၀)ပွဲကစားအပြီးတွင်ပေးဂိုး (၁)ဂိုးသာရှိသေးသဖြင့် ခံစစ်ပိုင်းအလွန်တောင့်တင့်နေမှု ကိုလည်း တွေ့ရှိနိုင်သည်။ တိုက်စစ်ပိုင်းကို ကြည့်မည် ဆိုပါကလည်း အင်တာမီလန်နှင့်အတူ (၂၄)ဂိုးသွင်းထားနိုင်ရာ ချန်ပီယံဆုဖလားအတွက်အလွန်ပင်အခြေအ ကောင်းနေသည်ကို တွေ့ရှိရသည်။ ရိုးမားမှာ၂၀၀၀-၂၀၀၁ဘောလုံးရာသီတွင် အာဂျင်တီးနားတိုက်စစ်မှူး ဂါဘရီရယ်ဘာတစ္စတူတာ၏ ဂိုးများဖြင့် ချန်ပီယံဖြစ်ခဲ့ပြီးနောက်စီးရီးအေဆုဖလားနှင့် ဝေးနေခဲ့သည်မှာ (၁၃)နှစ်နီးနီးပင်ရှိလာခဲ့ပြီဖြစ်သည်။ ယခုနှစ်မှ အသင်းသို့ရောက်လာသော နည်းပြသစ် ရူဒီဂါဆီယာမှာ ပြင်သစ်လီဂူးအသင်းငယ်လေး လိုင်လီအား ချန်ပီယံဖြစ်အောင်လမ်းညွှန်ပေးနိုင်ခဲ့သူဖြစ်သည်။ ရိုးမားကဲ့သို့အစဉ်အလာကြီးမားသောအသင်းသို့စရောက်ခဲ့ စဉ်တည်းကကျွမ်းကျင်သူများ၏ ထောက်ခံမှုကိုရရှိထားခဲ့ပြီး ချန်ပီယံဆုဖလားအတွက် စိန်ခေါ်နိုင်သောအသင်း တစ်သင်းဖြစ်လာမည်ဟုလည်း ဟောကိန်းထုတ်ခဲ့ကြသည်။

ရိုးမား၏ စီးရီးအေရလဒ်များ
(၁) လီဗော်နို ၀-၂ ရိုးမား
(၂) ရိုးမား ၃-၀ ဗီရိုနာ
(၃) ပါးမား ၁-၃ ရိုးမား
(၄) ရိုးမား ၂-၀ လာဇီယို
(၅) ဆမ်ဒိုးရီးယား ၀-၂ ရိုးမား
(၆) ရိုးမား ၅-၀ ဘိုလော့ဂ်နာ
(၇) အင်တာမီလန် ၀-၃ ရိုးမား
(၈) ရိုးမား ၂-၀ နာပိုလီ
(၉) အူဒီးနိစ် ၀-၁ ရိုးမား
(၁၀) ရိုးမား ၁-၀ ချီယေဗို
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *