မြန်မာပြည်မှာ ကိုယ့်ရဲ့ Genius Brand ကဦးဆုံးဖြစ်တာကြောင့် ဂုဏ်ယူမိတယ်ဆိုတဲ့ ဖြိုးလေး (Snare)

1_1c.jpg
Shares 0

မြန်မာပြည်မှာ ကိုယ့်ရဲ့ Brand ကဦးဆုံးဖြစ်တာကြောင့် ဂုဏ်ယူမိတယ်ဆိုတဲ့ ဖြိုးလေး (Snare)

နိုင်ငံတကာက အနုပညာရှင်တွေဟာ အနုပညာလုပ်ငန်းတွေမှာ အောင်မြင်လာပြီဆိုတာနဲ့ သူတို့ရဲ့တစ်ခြား စီးပွားရေးခြေလှမ်းသစ်တွေဖြစ်တဲ့ Clothing ပိုင်းတွေ၊ အလှကုန်၊ ဖက်ရှင်စတဲ့ ကိုယ်စိတ်ဝင်စားရာ လမ်းကြောင်းတွေကို ရွေးချယ်လာတတ်ကြပါတယ်။ အနုပညာပိုင်းသာမက စီးပွားရေးလောကမှာပါ အောင်မြင်မှုရနေတဲ့ နိုင်ငံတကာက အနုပညာရှင်တွေ မနည်းမနောပါ။ ဒီလိုပဲ မြန်မာနိုင်ငံဟစ်ပ်ဟော့လောကမှာ အောင်မြင်ပြီးသား Snare က ဖြိုးလေးရဲ့ စီးပွားရေးခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ Genius Clothing Brand အကြောင်း ခုလို မေးကြည့်ဖြစ်တဲ့အခါမှာတော့

Genius Brand  အင်္ကျီ နဲ့ပတ်သက်ပြီးအကောင်အထည် ဖော်ဖြစ်ပုံလေးသိပါရစေ။

ကျွန်တော် စပြီးအကောင်အထည် ဖော်ဖြစ်တာက နဂိုကတည်းက ကိုယ်က ဖက်ရှင်ကိုလည်း ၀ါသနာပါတယ်။ ဒီဇိုင်းကိုလုပ်ရတာကိုလည်း ၀ါဿနာပါတဲ့သူဆိုတော့ ငယ်ငယ်ကတည်းက ကိုယ်ဝတ်ချင်တဲ့ ပုံစံ၊ ကိုယ့်ဒီဇိုင်းနဲ့ ကိုယ်လိုချင်တာကိုထွင်ပြီးဝတ်ဖြစ်တယ်။ အခု Snare (နေ၀င်း) နဲ့လည်းအတူကိုယ့်ပုံစံ၊ ကိုယ့်ဒီဇိုင်းလေးတွေထွင်ဝတ်ဖြစ်နေကျဆိုတာ့ စမ်းပြီးလုပ်ကြည့်မယ် ဆိုပြီး လုပ်ကြည့်လိုက်တာပါ။ အစကတော့ စမ်းရုံလောက်ပါပဲ။ တကယ်လုပ်ဖြစ်သွားတာတော့ ၁လလောက်ပဲ ရှိပါသေးတယ်။

Genius ဆိုတဲ့ နာမည်ပေးဖြစ်ပုံလေးပြောပြပေပါ။

Genius ဆိုတာဦးနှောက်နဲ့ အလုပ်လုပ်ပြီးတော့ ဥာဏ်ပညာခွန်အား ကြီးမားတယ်ဆိုတာမျိုးကို အဓိကဆိုလိုပြီးပေးထားတာပါ။

Genius နဲ့ပတ်သက်တဲ့ ဒီဇိုင်းဆွဲတာကရော အစ်ကိုကိုယ်တိုင် ပဲရေးဆွဲတာပါလား။

Genius ကကျွှန်တော်ရယ်၊ HIP-II ထဲက(ချမ်းငြိမ်းကို)ရယ်၊ နောက်သူငယ်ချင်း နှစ်ယောက်ပါမယ်။ ကျွှန်တော်တို့အားလုံးဝိုင်းပြီး  ရေးဆွဲကြတာပါ။ ဒီဇိုင်းနဲ့ပတ်သက်တဲ့  အိုင်ဒီယာကတော့ ကျွန်တော်ပေါ့။

Genius Brand ဖြစ်လာဖို့အတွက် ဘယ်ကုမ္မဏီနဲ့ချိတ်ဆက်ပြီးလုပ်ကိုင်သလဲဆိုတာသိပါရစေ။

ကုမ္မဏီနဲ့ ချိတ်ဆက်ပြီးလုပ်တာမျိုးတော့မရှိပါဘူး။ ဘန်ကောက်ကနေ အထည်သားမှာပြီး စတစ်ကာနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ အိုင်ဒီယာပြန်ဆင်တာပေါ့။ လောလောဆယ် သိပ်ပြီးများများစားစားမထုတ်သေးပါဘူး။ အထည်၁၀၀၊ ၂၀၀လောက်ပဲ ရှိပါသေးတယ်။

Genius ကနေ ဒီဇိုင်းဘယ်နှစ်မျိုးထုတ်လုပ်သွားမလဲဆိုတာသိပါရစေ။

Genius က၂လကို ၁၀မျိုး၊ ၁လကို ၅မျိုး လောက်တော့ဒီဇိုင်းတွေထုတ်သွားမှာပါ။ ခေတ်ပေါ်ဒီဇိုင်းတွေလည်းပါမယ်။ မြန်မာTraditionalဒီဇိုင်းပါမယ်၊ Tattoo ဒီဇိုင်းပါမယ်၊ ဒီဇိုင်းမျိုးစုံထွင်ပြီးလုပ်သွားမှာပါ။ အခုလောလောဆယ်T-Shirtလက်ရှည်၊ လက်တိုဆိုပြီး နှစ်မျိုးထုတ်ထားပါတယ်။

Genius Brand ကို ဖြိုးလေးအနေနဲ့ ဈေးကွက်ထဲကို ဖြန့်ဖို့အတွက်ဈေးနှုန်းသတ်မှတ်ထားတာရှိ သလား။

T-Shirt လက်တိုတစ်ထည်ကို တစ်သောင်းကျပ်သတ်မှတ်ထားပါတယ်။ T-Shirt လက်ရှည် တစ်ထည်ကိုတစ်သောင်းခွဲသတ်မှတ်ထားပါတယ်။ ဒီဈေးနှုန်းတွေကတော့ ရောင်းတဲ့ဆိုင်ကသတ်မှတ် ထားတာပေါ့။

ယောကျာင်္းဝတ်၊ မိန်းမ၀တ် ဆိုပြီးခွဲခြားထုတ်ထားတာရှိပါသလား။

ယောကျာင်္းဝတ်၊ မိန်းမ၀တ်ဆိုပြီး ခွဲခြားပြီးထုတ်ထားပေးပါတယ်။

Genius Brand ကဘယ်လိုအသက်အရွယ်တွေ အတွက်ဦးစားပေးပြီးထုတ်လုပ်ထားတာပါသလဲ။

Genius ကလူငယ်ပိုင်းတွေအတွက်ဦးစားပေး ပြီးထုတ်လုပ်ထားပါတယ်။

Genius အင်္ကျီ တွေကိုဘယ် ဆိုင်တွေမှာ ၀ယ်ယူလို့ရနိုင်ပါသလဲ။

Junction Square က Dream ဆိုင်၊ တော်ဝင်စင်တာ က Platinum Box ဆိုင်မှာ ၀ယ်လို့ရတယ်၊  မုံရွာမှာလည်း ၀ယ်လို့ရတယ်။

Genius ကိုတစ်ခြားကနေဒီဇိုင်းဆွဲပေးပါ လို့တောင်းဆိုလာခဲ့ရင် ရောအစ်ကိုတို့ ဆွဲပြီးထားတဲ့ ဒီဇိုင်းကိုပဲပေးမှာလား။ ဒါမှမဟုတ် သူတို့ဘက်ကလိုချင်တဲ့ ဒီဇိုင်းရှိရင် ဆွဲပေးသွားမလားဆိုတာသိပါရစေ။

ကျွှန်တော်တို့ ကိုလုပ်ပေးဖို့တောင်းဆိုလာခဲ့ရင်တော့လုပ်ပေးမှာပါ၊ သူတို့လိုချင်တဲ့ ဒီဇိုင်းဆိုလည်းဆွဲပေးမှာပါ၊ ကိုယ့်ရဲ့ ဒီဇိုင်းလိုချင်တယ် ဆိုရင်လည်း လုပ်ပေးသွားမှာပါ။

Genius Brand ကို Online Shopping ကနေရော ၀ယ်ယူလို့ရနိုင်ပါသလား-

Online ကနေ၀ယ်ယူ ချင်ရင် www.facebook.com/GeniusClothingMyanmar ကနေမှာယူနိုင်ပါတယ်။ ဖုန်းနဲ့ ၀ယ်ယူချင်တယ်ဆိုရင်တော့ ၀၉-၇၃၀၉၅၈၂၉ သို့ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

အစ်ကို့ အနေနဲ့ လက်ရှိ Brand ဈေးကွက်ကိုဘယ်လိုသုံးသပ်မိပါသလဲ။

ကျွှန်တော် စဉ်းစားမိလိုက်တာကတော့  နိုင်ငံခြားက Rapper အဆိုတော် တွေတော်တော် များများက သူတို့ဝတ်တဲ့ ဒီဇိုင်းကို Brand အဖြစ်ထုတ်ကြတယ်။ ဒီ မြန်မာပြည်မှာတော့ ကျွန်တော်တို့ကဦးဆုံးလို့ ပြောလို့ရပါတယ်။ အဲဒီအတွက် အများကြီးဂုဏ်ယူမိပါတယ်။ ပထမဆုံးလုပ်ရတဲ့ အတွက် အခက်အခဲတွေ လည်းရှိခဲ့ပါတယ်။ တကယ်တော့ ဒီအလုပ်ဟာ ကျွန်တော်တို့ ကျွမ်းကျင်တဲ့ အလုပ်မဟုတ်တဲ့ အတွက်ခက်ခဲတယ်လို့ ပြောရမယ်။

နောက်ပိုင်းမှာအစ်ကိုတို့ Rapper တွေအနေနဲ့ အခုလိုBrandအဖြစ် ထုတ်လုပ်လာကြတာမျိုး တွင်တွင်ကျယ်ကျယ် ဖြစ်လာမယ်လို့ ထင်မိပါသလား။

အလုပ်တော့ တော်တော်ရှုပ်မယ်၊ သီချင်းဆိုရတာတစ်လုပ်၊ Brand ထုတ်တာတစ်လုပ်ဆိုတော့ လုပ်မယ်ဆိုရင် တော့တော်တော်ကြီးကိုလုပ်နိုင်မှ ရမယ်ဆိုတော့ လူပေါ်မှာပဲမူတည်တယ်လို့ ပြောရမှာပေါ့။ ဖြစ်လာမယ်ဆိုရင်တော့ ကောင်းပါတယ်။

ဖြိုးလေးကိုယ်တိုင်ကရော Genius Brand ဆိုင် သီးသန့်ဖွင့်သွားဖို့ ရှိပါသလား။

လောလောဆယ်မှာ Genius Brand  ကလူသိများ ကျော်ကြားသေးတာမဟုတ်သေးဘူး။ Genius Brand နဲ့ပတ်သက်တဲ့ မိတ်ဆက်ပွဲလည်းမလုပ်ရသေးတော့ နောက်ပိုင်းမှာမိတ်ဆက်ပွဲတွေလုပ် သွားမယ် ပြီးရင်Genius Brand ဆိုင်သီးသန့် ဖွင့်သွားဖို့ ရှိပါတယ်။ ဆိုင်နာမည်ကိုလဲ Genius လို့ပဲပေးမှာပါ။

နေ၀င်းကလည်း ဆိုင်ဖွင့်မယ်လို့ကြားတယ်။ သူနဲ့အတူရောဘယ်လိုမျိုးတွေ တွဲပြီးလုပ်သွားဖို့ရှိသလဲ။

ကျွှန်တော်တို့နှစ် ယောက်ကဆင်တူဝတ်ဖြစ်နေကြဆိုတော့သူနဲ့ ကျွန်တော် ၀တ်တာကတော့ သက်သက်၊ Brand အနေနဲ့ ရောင်းသွားမှာကတော့ သက်သက်ပါပဲ။ နေ၀င်းရဲ့ ဆိုင်မှာလည်း Genius Brand ကိုရောင်းမယ်။

နောက်ပိုင်းမှာရောGenius Brand ကနေတစ်ခြားဘာတွေ ထုတ်လုပ်သွားဖို့ ရှိသေးလဲ။

နောက်ပိုင်းမှာဦးထုပ်၊ ဘောင်းဘီ၊ ဂျက်ကက် ဆိုသလို တစ်မျိုးစီတစ်မျိုးစီ ထုတ်သွားဖို့ရှိပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *