အသက်ငယ်သေးတဲ့အတွက် ဟဲဗီးဇာတ်ကားမျိုးတွေ မရိုက်သေးဘူးလို့ဆိုတဲ့ ခင်ဝင့်ဝါ

dsc02648_resize.jpg
Shares 0

Miss Supranational ခင်ဝင့်ဝါက  Miss ရရှိပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ဂျာနယ်၊ မဂ္ဂဇင်း တော်တော်များများမှာ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့သလို ကြော်ငြာတွေပါရိုက်ကူး ထားတဲ့ သူမက အခုဆိုရင်ထုတ်လုပ်ရေးတွေရဲ့ ကမ်းလှမ်းမှုများကြောင့် မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေတောင်စတင်ရိုက်ကူးနေပါပြီ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက

‘အခုညီမ မကြည်ဖြူရှင်နဲ့ကားရိုက်နေပါတယ်။ ကားနာမည်က နတ်သမီးနဲ့ကျွန်တော်တဲ့။ မင်းသားက ကိုကောင်းပြည့်၊ ပြီးတော့ မပွင့်နဲ့ပါ။ မကြည်ဖြူရှင်တို့နဲ့က ညီမစာချုပ်သဘောမျိုးမဟုတ်ပါဘူး။ အလွတ်ရိုက်တာပါ။ ပြီးတော့ ညီမ သစ္စာနှင်းဆီနဲ့ရွှေစင်ဦးထုတ်လုပ်ရေးနဲ့ ၁၀ကားစီ ချုပ်ထားပါတယ။် ညီမစာချုပ်ချုပ်တုန်းက ဘေးမှာOrganization လဲရှိပါတယ။် ညီမရယ်၊ထုတ်လုပ်ရေးရယ်၊ Organization ရယ်၃ဦးစုံပြီး ချုပ်ဖြစ်တာပါ။ ပထမဦးဆုံး ဇာတ်ကားရိုက်အတွေ့အကြုံနဲ့ ပတ်သက်ပြီး ညီမဒီကားလေးကို မရိုက်ခင် ဘာဘီကားတွေလေ့လာတယ်။ သရုပ်ဆောင်တဲ့ အပိုင်းလေးတွေကိုလေ့လာဖြစ်တယ်။ အခွေတွေငှားကြည့်ဖြစ်တယ်။ စစချင်းဆိုတော့ အခက်အခဲကတော့ အနည်းနဲ့အများတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ မကြည်ဖြူသျှင်ကလဲ သေသေချာချာလေး သင်ပေးတယ်။ ကိုကောင်းပြည့်ကလဲ လူငယ်ပဲဆိုတော့ ညှိပြီးရိုက်လို့ရတယ်။ ညီမစရိုက်တဲ့ကားကလဲ ပေါ့ပေါ့ပါးပါး နတ်သမီးပုံစံလေးဆိုတော့ အဆင်ပြေတယ်ဆိုပြီး လက်ခံဖြစ်တာပါ။’’လို့ သူမကပြောပါတယ်။

 Miss ရရပြီးချင်း ဇာတ်ကားတန်းရိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘ညီမ စကတည်းက အနုပညာနဲ့ပတ်သတ်ရင် အကုန်ဝါသနာပါတယ်။ အဆိုရော၊ အကရော၊ သရုပ်ဆောင်ရော ၀ါသနာပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်လဲ မကြည်ဖြူက ကမ်းလှမ်းလာတဲ့အခါမှာ အ၇မ်းဟဲဗီးကြီးလဲ မဟုတ်တဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။ နတ်သမီး အ၀တ်အစားတွေနဲ့ပတ်သတ်ပြီး မပုံ့က စီစဉ်ပေးတာပါ။ ဒီကားထဲမှာက အိန်ဂျယ်ပုံစံလေးတွေဝတ်ရတယ်။ အရောင်စုံလေးတွေကို တွဲပြီးချုပ်ပေးထားတယ်။ ဖိနပ်ကအစ ၀တ်တဲ့ ဂါဝန်နဲ့လိုက်အောင် နတ်သမီးစီးတဲ့ ပုံစံမျိုးလေးစီစဉ်ဖြစ်တယ်။ မကြည်ဖြူကလဲ ဘယ်လိုပုံစံဝတ်ရမယ်။ဘယ်လိုသရုပ်ဆောင်ရမယ်။ ဆံပင်ကအစ သေချာလေးပြင်ဖြစ်တယ်။ ညီမရဲ့ ပထမဦးဆုံးကားဖြစ်တဲ့အတွက်သူ့အနေနဲ့ အသေးစိတ်စီစဉ်တာကအစ အကြံဥာဏ်ပေးပါတယ်။ သက်တှူရွယ်တူဖြစ်တဲ့ မင်းသားကောင်းပြည့်နဲ့စတင်ရိုက်ကူးမှုနဲ့ ပတ်သတ်ပြီး ကိုကောင်းပြည့်ကအသေးစိတ်သင်ပေးတယ်။ ညှိပြီးလဲရိုက်ပေးတယ်။ ညီမက အသစ်လဲဖြစ်တဲ့အတွက် မကြည်ဖြူက ညီမကိုစောင့်ပြီး သူစိတ်ကျေနပ်တဲ့အထိရိုက်ပါတယ်’’တဲ့။

 ပထမဆုံးနေ့ရှုတင်လွဲချော်မှုတွေနဲ့ပတ်သတ်ပြီး ‘ညီမက အစိမ်းသက်သက်ကြီး စရိုက်တာဖြစ်တဲ့အတွက် ရိုက်ကွင်းစရောက်ရောက်ချင်းမှာ စိတ်လဲအရမ်းလှုပ်ရှားတယ်။ အမှားအယွင်းလဲနည်းနည်းရှိခဲ့တယ်။ အမှတ်တရတွေကတော့ အများကြီးပဲပေါ့နော်။ ကြော်ငြာရိုက်ကူးမှုများနဲ့ပတ်သတ်ပြီး ကြော်ငြာက ၂ခုပဲရိုက်ထားပါတယ်။ i-Maxနဲ့ အံ့ဖွယ်ဆေးပေါ့နော်။  i-Max ကတော့ ညီမကို Brand Ambrasser ခန့်ထားတာပေါ့နော်။ သူမရဲ့ပရိသတ်ကြီးကိုလဲ ညီမပထမဆုံးစရိုက်တဲ့ကားလေးဖြစ်တဲ့အတွက် မပီပြင်တာလေးတွေလဲရှိမှာပါ။ အဲဒီအတွက်အခွေထွက်လာရင်သည်းခံပြီးကြည့်ပေးပါ။ ညီမကိုအားပေးကြတဲ့ပရိသတ်ကြီးကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ ညီမက ငယ်သေးတဲ့အတွက် အရမ်းဟဲဗီးကြီးတွေတော့မရိုက်သေးဘူး။ ဖန်စီလေးတွေနဲ့ရိုမန်စ့်လေးတွေပဲရိုက်ဖြစ်မှာပါ။ ပရိသတ်အတွက်ညီမအကောင်းဆုံးကြိုးစားသွားမှာပါ။ အားပေးကြပါလို့လဲပြောချင်ပါတယ်’လို့ သူမက ဆိုပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *