Theme ပုံစံမျိုး Gothic ၊ Punk ၊ Barbie ပုံစံမျိုးတွေ ဒီဇိုင်းထွင်ရတာ သဘောအကျဆုံးပဲလို့ဆိုတဲ့ ဒီဇိုင်နာမငယ်လေး(New Age)

561041_108911849255134_364199961_n.jpg
Shares 0

ဒီဇိုင်နာလောကထဲကို ၂၀၁၁ ခုနှစ်လောက်က စတင်ခြေချခဲ့ပြီး အခချိန်မှာတော့ မော်ဒယ်လ် ပေါင်းများစွာ ၀တ်ဆင်ဖို့ အတွက် ဖန်တီးချုပ်လုပ်ပေးနေရတဲ့ ဒီဇိုင်နာမငယ်လေး(New Age) ကိုဒီဇိုင်နာတစ်ယောက်ရဲ့ ခံယူချက်၊ သဘောထားအမြင်လေးတွေကိုခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာလူကြိုက်များမဲ့အရောင်ကဘယ်လိုအရောင်ဖြစ်မလဲ

အရောင်တောက်တာကိုပိုပြီးစိတ်ဝင်စားလာ ကြမယ်လို့ထင်တယ်။ အရင်တုန်းကအဖြူ၊အမည်းခေတ်စားခဲ့သလိုမျိုး ပြန်ခေတ်စားမယ်လို့  ထင်ပါတယ်။

မြန်မာဝတ်စုံချုပ်လုပ်တာနဲ့ အနောက်တိုင်းဝတ်စုံချုပ်လုပ်တဲ့ အခါမှာ ဘယ်အရာကပိုပြီးတော့ အစ်မအတွက်ထွင်ရတာပိုခက်ခဲသလဲဆိုတာပြောပြပေးပါလား

မြန်မာဝတ်စုံကကျတော့သူ့ရဲ့Trendပုံစံကရှိပြီးသားဆိုတော့ သိပ်ပြီးCreationလုပ်စရာမရှိဘူးလို့ ထင်တယ်လေ။ အဲဒါကြောင့် အစ်မကမြန်မာဝတ်စုံ ချုပ်ရတာကိုနည်းနည်းပျင်းတယ်။ အနောက်တိုင်း ၀တ်စုံကျတော့ ထွင်နိုင်သလောက်ထွင်လို့ ရတယ်လေ။  Theme ပုံစံအတိုင်းသွားရတာမျိုးပေါ့။ Gothicဆို Gothic ပုံ၊ PUNKဆို PUNK ပုံ၊ Barbie ဆိုBarbieပုံမျိုးလေးတွေ ပိုထွင်ရတာသဘောကျတယ်။

ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဘယ်အပိုင်းကို ပိုပြီးအားသန်တယ်လို့ ပြောလို့ရပါသလဲ။

အစ်မကCreationအပိုင်းကို လုပ်ရတာပိုအားသန်တယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ Photo Shooting ကို  Theme တစ်ခုအနေနဲ့တည်ပေးလိုက်တယ်ဆိုရင်ပိုကြိုက်တယ်။ အဲဒီ့Themeပုံစံအတိုင်း သူ့ရဲ့ ဘောင်ထဲကပုံစံအတိုင်း လုပ်ရတာကိုအားသန်တယ်။

အစ်မချုပ်ထားတဲ့ဖန်တီးထားတဲ့  ဒီဇိုင်းကိုတစ်ခြားသူတစ်ယောက်က ကူးယူပြီးBrandတစ်ခုအဖြစ်ထုတ်ဖို့ စီစဉ်ခဲ့တယ်လို့ ကြားတယ်၊ အဲဒါနဲ့ ပတ်သက်ပြီးပြောပြပေးပါအုံး

နိုင်ငံခြားဒီဇိုင်းတွေကိုတော့ ဒီဇိုင်နာအကြီးတွေက အစနည်းနည်းပါးပါးလောက်တော့

Copy ကူးပြီး Pasteလုပ်နေကြတာဆိုတော့ အစ်မဆိုလိုချင်တာက သူများဆီကနေ ကူးယူထားတဲ့ ဒီဇိုင်းမို့လို့ ပြန်ကူးတာဆိုလက်ခံပေးလို့ ရပါတယ်။ ခုဟာက အစ်မကာလာစပ်ထားတဲ့ အရောင်ကအစ ကိုယ့်ဒီဇိုင်းကိုမှ ချွတ်စွပ်တူတာဆိုတော့ဘယ်လိုမှလက်မခံနိုင်ဘူးလေ။ ဒီဇိုင်နာတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းထားသင့်တယ်လို့ ထင်တယ်လေ။

အခုချိန်မှာဒီဇိုင်နာတော်တော် များများပေါ်လာနေကြပြီ။ ဖန်တီးချုပ်လုပ်ကြတဲ့ ပုံစံတွေကလည်း ဒီဇိုင်နာတစ်ယောက်နဲ့ တစ်ယောက် မတူဘူးလို့မြင်မိတယ်။ အစ်မရဲ့ အမြင်လေးကိုပြောပြပေးပါ-

ဒီဇိုင်နာတွေ အများကြီးပေါ်လာတာကောင်းပါတယ်။ဖန်တီးချုပ်လုပ်မှုနဲ့ပတ်သက် ပြီးပြောရမယ် ဆိုရင်တော့ ကိုယ်ကျွမ်းကျင်တဲ့ တစ်ခုကိုဦးစားပေးပြီးလုပ်ကိုင်ကြတဲ့ အပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။ မြန်မာပြည်မှာသင်တဲ့သင်တန်းတော် တော်များများက Basic Cutting ကစသင်တာ။ ကိုယ်ညှပ်တဲ့ Cutting ကိုကိုယ်ချုပ်တတ်ရမယ်။ နိုင်ငံခြားကနေ သင်လာကြတဲ့ သူတွေရဲ့ အားသာချက်က practicle အပိုင်းမှာအားနည်းပေမဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ သူတို့မှာ အကုန်ရှိတယ်။ ကိုယ်တွေကတော့ မြန်မာပြည်မှာသင်ပြီးတတ်လာတဲ့ သူ၊ နောက်ပြီး ကိုယ်ကိုတိုင်ကလည်း တကယ်ဝါဿနာပါလို့ ကိုယ်ဘာသာကိုစက်ချုပ်သင်တယ်၊ ပြီးတော့မှ ဒီဇိုင်းပိုင်းကို ကိုယ့်ဘာသာကိုပဲ လေ့လာသင်ယူခဲ့ပါတယ်။

ကိုယ့်ဆီကိုလာ ပြီးအပ်တဲ့ Customer တွေအပေါ်မှာရော စိတ် ကျေနပ်မှုရှိ အောင်ဘယ်လိုလုပ်ကိုင်ပေးပါသလဲ။

တစ်ချို့ Customer တွေကျတော့ ကိုယ်လုပ်ချင်သလိုလုပ်ပေးလို့ရတယ်။ တစ်ချို့ Customer တွေကကျတော့ သူတို့ကြိုက်တဲ့ ဒီဇိုင်းပုံစံအတိုင်းပဲချုပ် ပေးပါဆိုရင် အစ်မဘက်ကနေဒါလေးကတော့ ညီမနဲ့မလိုက်ဘူးလို့ အကြံပေးလိုက်ပေမဲ့ မဟုတ်ဘူး။ ဒါပဲချုပ်ပေးပါ လို့ပြောလို့ ကိုယ်ကချုပ်ပေးလိုက်တယ်။ ဒါပေမဲ့ တကယ်ချုပ်ပြီးထွက် လာလို့ဝတ်လည်း ၀တ်လိုက်ရောအဆင် မပြေတော့တာမျိုးတွေ့ရတယ်။ အစ်မအနေနဲ့ ကတော့အတတ်နိုင် ဆုံးနားလည်အောင် သူတို့စိတ် ကျေနပ်မှုရှိအောင်  ဖြေရှင်းပေးပါတယ်။

ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေရှိရမယ် ဆိုတဲ့အစ်မရဲ့ အမြင်လေးကိုပြောပြပေးပါ။

အဓိကက စိတ်ရှည် ရမယ်၊ နောက်ပြီးဖက်ရှင်နဲ့ပတ်သက် ပြီးသူများတွေနဲ့ ယှဉ်လိုက်ရင် အမြဲတမ်းနောက်ကျ မကျန်ရအောင် အမြဲလေ့လာနေရမယ်၊ ပညာရပ်တွေကလည်းအမြဲအသစ်အသစ် ပေါ်နေတာဖြစ်လို့ ရပ်ထားလို့တော့ မရပါဘူး။ ရပ်ထားလိုက်ရင် တော့ရပ်ထားတဲ့အတိုင်းမှာပဲ ရှိနေလိမ့်မယ်။

အစ်မအနေနဲ့ ဒီဇိုင်နာလောကမှာရှေ့ဆက်ပြီးဘာတွေလုပ်ကိုင် သွားမယ်ဆိုတာသိပါရစေ။

အစ်မအနေနဲ့ ရှေ့ဆက်ပြီးလုပ် ကိုင်ချင်တာတွေကအများကြီးပါပဲ။ အခုလောလောဆယ်မှာ ကိုယ့်ကိုလာအပ်ထားတာရှိတဲ့အပ်ထည်တွေ ချုပ်နေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်နှစ်မှာ သင်တန်းဖွင့်ဖို့ ရှိမယ်။ အစ်မရဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုပရိသတ် သိအောင်လို့ဖက်ရှင်ရှိုးလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဖက်ရှင်ရှိုးကအခုလောလောဆယ်မှာတော့မလုပ်နိုင်သေးပါဘူး။နောက်သုံး၊ လေး နှစ်လောက်မှ အကောင်အထည် ဖော်နိုင်မယ်ထင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *