ချဲလ်ဆီးတွင် ပုံမှန် နေရာမရခြင်းကြောင့် ပီအက်စ်ဂျီ သို့ မာတာ ရောက်သွားနိုင်

news_c.jpg
Shares 0

အာဆင်နယ်အား နှစ်ဂိုးပြတ်အနိုင်ရခဲ့သောပွဲတွင် ချဲလ်ဆီး၏ စပိန်ကွင်းလယ်ကစားသမားမာတာမှာ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့သော်လည်း မော်ရင်ညိုလက်အောက်တွင် ပုံမှန် ပွဲထွက်ခွင့်မရှိ ဖြစ်နေခြင်းကြောင့် အသင်းပြောင်းသွားနိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ခန့်မှန်းလျက် ရှိကြသည်။ မာတာအား မော်ရင်ညိုက အရေးကြီးသောပွဲစဉ်များတွင် ပွဲထွက်ခွင့်မပေးခဲ့ခြင်းကို မန်စီးတီးအား (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲက သက်သေထူနေသည်။ မာတာဘက်မှ ကြည့်မည်ဆိုလျှင်လည်း ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာနေပြီဖြစ်ရာ ကလပ်အသင်းတွင် ပုံမှန်နေရာမရသော ဘောလုံးသမားများကို နှစ်သက်လေ့မရှိသူ နည်းပြ ကားလို့စ်ဒဲလ်ဘော့စကေး၏ ချန်လှပ်ထားခဲ့ခြင်းခံရမည်ကို စိုးရိမ်နေဖွယ်ရှိသည်။ အတည်မပြုနိုင်သေးသော သတင်းများ အရဆိုလျှင်လည်း မာတာအား ပီအက်စ်ဂျီအသင်းမှ လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက်ကာလအတွင်း ယူရိုသန်း(၄၀) ထက်မနည်းသော ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်မည်ဟု ပြောနေကြသည်။ ပီအက်စ်ဂျီကွင်းလယ်ကစားသမားများဖြစ်သော ဂျာရမီမာတီနက်ဇ်နှင့် ပတ်စ်တိုရီတို့မှာ အသင်းပြောင်းရန် ပြင်နေကြပြီး ဘရာဇီးကွင်းလယ် ဖန်တီးရှင် လူးကပ်စ်မိုရာမှာလည်း ဒဏ်ရာမကြာခဏဆိုသလို ရရှိနေခဲ့သဖြင့် မာတာကိုသာခေါ်ယူလိုက်နိုင်ပါက ဇလေတန်အီဗရာဟီမိုဗစ်ခ်ျ+ကာဗန်နီတိုက်စစ်အတွဲအား ပံ့ပိုးမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ ထိုကိစ္စများနှင့် စပ်လျဉ်းပြီး ကာယကံရှင်ဖြစ်သူ မာတာက မည်သို့မျှမှတ်ချက်မပေးသေးဘဲ လောလောဆယ်တွင် ချဲလ်ဆီးအတွက်နိုင်ပွဲများရယူပေးရန်သာ ပြင်ဆင်နေကြောင်း ပြောထားသည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *