သူနဲ့ Tom Cruise တို့ရဲ့အိမ်ထောင်ရေးကို Brad Pitt နဲ့ Angelina Jolie တို့ရဲ့အိမ်ထောင်ရေးနဲ့နှိုင်းယှဉ်လိုက်တဲ့ Nicole Kidman

nicole_kidman.jpg
Shares 0

Country အဆိုတော် Keith Urban ကိုလက်ထပ်အပြီးမှာ Nicole Kidman က “Tom ဟာကျွန်မဘ၀ရဲ့တစ်ယောက်ထဲသောအချစ်စစ်မဟုတ်ခဲ့ပါဘူး” လို့ပြောလိုက်ပါတယ်။

Vanity Fair မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ Kidman ကသူတို့အိမ်ထောင်ရေးကို Jolie နဲ့ Pitt တို့ရဲ့အိမ်ထောင်ရေးနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

“ဒီလိုရပ်တည်မှုမျိုးနဲ့ပါတ်သတ်ပြီးပြောစရာရှိတာက တစ်ဦးကိုတစ်ဦး အာရုံစိုက်ပြီးတော့ ရှင်ကအဲဒီ့ကံကောင်းတဲ့အခြေအနေမျိုးမှာရှိနေရင် အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်တို့နှစ်ယောက်ပဲရှိလို့ပေါ့။ ရှင်ရယ် ပြီးတော့ဒီခြေအနေကိုအတူဖြတ်သန်းနေတဲ့ အခြားတစ်ယောက်ရယ်ပေါ့။ အဲဒီ့လိုအခြေအနေကရှင်တို့ကို အရမ်းနီးကပ်စေပါတယ်။ ပြီးတော့ နက်ရှိုင်းပြီး စိတ်ကူးယဉ်အချစ်ဆန်ပါတယ်။ Brad နဲ့ Angelina တို့ကအဲဒီလို အခြေအနေမျိုးရှိတယ်ဆိုတာသေချာပါတယ်။ ဘာလို့လဲဆိုတော့ဒီလိုအရာမျိုးကို ရှင့်ရဲ့နံဘေးမှာ အိပ်ရာဝင်တဲ့သူတစ်ယောက်ကလွဲပြီး ဘယ်သူမှ နားလည်နိုင်မှာမဟုတ်လို့ပါ” လို့ပြောပါတယ်။

Tom Cruise နဲ့အိမ်ထောင်ရေးမှာ စိတ်လှုပ်ရှားစရာကာလအဖြစ်အပျက်တွေရှိပေမယ့် Kidman က လက်ရှိခင်ပွန်း Keith Urban ကသူ့ရဲ့ဖူးစာရှင်ပါလို့လက်ခံထားပါတယ်။

“Tom နဲ့ဖြစ်ခဲ့တဲ့ ကိစ္စကို မခန့်လေးစားပြောတာမဟုတ်ပေမယ့် ကျွန်မကအခု ကြီးကျယ်ခမ်းနားတဲ့အချစ်နဲ့ တွေ့နေရပါပြီ။ ကျွန်မဘာဆက်ဖြစ်မလဲဆိုတာကိုတကယ်မသိခဲ့တာ။ ကျွန်မဒီလိုဖြစ်ချင်ခဲ့တယ်။ ကျွန်မခဏတာလိုချင်ခဲ့တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ လူတစ်ယောက်နဲ့ပါတ်သတ်မှုတစ်ခုကနေ အခြားတစ်ခုကိုခုန်မကူးချင်ခဲ့လို့ပါ။ ကျွန်မတစ်ယောက်ထဲလဲအကြာကြီးနေခဲ့ရပါတယ်။ အရမ်းကောင်းမွန်တဲ့ကာလပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်မ Tom ကိုလက်ထပ်တုန်းက ကလေးအရွယ်ပဲရှိသေးတာ။ ကျွန်မကြီးပြင်းဖို့အချိန်လိုအပ်ခဲ့ပါတယ်” လို့လဲပြောပါတယ်။

ဒီစုံတွဲဟာ ၁၁နှစ်ကြာလက်ထပ်ပြီး ၂၀၀၁ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ပရိတ်သတ်တွေကို အထိပ်တလန့် နဲ့မီဒီယာတွေကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တာပေါ့။

Kidman နဲ့ Urban တို့ဟာ ၂၀၀၆ခုနှစ်မှာလက်ထပ်ခဲ့ပြီး Sunday နဲ့ Faith ဆိုတဲ့သမီးနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ Kidman နဲ့ Tom Cruise တို့ဟာ Isabella Cruise နဲ့ Connor Cruise ဆိုတဲ့သားသမီးနှစ်ယောက်မွေးစားခဲ့ပါတယ်။

(ref:starpulse)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *