“မြန်မာပြည်ရဲ့ ရုပ်ရှင်လောကက အဆင်ပြေသလို လုပ်စားနေရတာ” လို့ဆိုတဲ့ ဒါရိုက်တာဇော်မျိုး(ခရေပုံပြင်) ပထမပိုင်း

dsc02597_resize.jpg
Shares 0
ဒါရိုက်တာဇော်မျိုးလို့ ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ သူရိုက်သမျှ ဇာတ်ကားတိုင်းဟာ ဒရမ်မာဆိုလဲ ဒရမ်မာအလျောက် မသိသူမရှိလောက်အောင်ပေါက်ခဲ့ပါတယ်။ ဒါရိုက်တာဇော်မျိုးရဲ့နောက်မှာ ထပ်မံပေါက်ဖွားလာတဲ့ အမည်နာမ တစ်ခုကတော့ (ခရေပုံပြင်) ဆိုတဲ့ နာမည်လေးပါ။ ဒီနာမည်လေးကို ခိုင်မာစေခဲ့တာ ကတော့ မင်းသား ဟိန်းဝေယံတို့နဲ့လက်တွဲစဉ်မှာ လူသိများလာခဲ့ခြင်း ပါလို့ သူကဆိုပါတယ်။ ဒါကြောင့်လဲပဲ ဇော်မျိုး(ခရေပုံပြင်)ဆိုတဲ့ ဒါရိုက်တာ တစ်ယောက်ရဲ့ ခံစားချက်ပြင်းပြင်းများနဲ့ အမေးအဖြေ စူးရှရှများ ကတော့……
 

– အခုရိုက်နေတဲ့ ဇာတ်ကားလေးက။

မာန်ကကြိုးတဲ့။ မင်းသားက ကျော်ရဲအောင်၊ မင်းသမီးက ဆောင်းအိနြေထွန်းပါ။ ၀တ္ထုက မြပုလဲခင်၊ဇာတ်ညွှန်းက မြမြင့်မိုရ်ပါ။ ဒါရိုက်တာကတော့ ကျွန်တော်ပေါ့။
 

– အလုပ်တွေထဲမှာမှ ဒါရိုက်တာအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့ပုံလေးကိုလဲပြောပြပေးပါဦး။

ဒါရိုက်တာအနေနဲ့ရပ်တည်ခဲ့တာတော့ ကြာပြီပေါ့။ ဇော်မျိုး(ခရေပုံပြင်)ဆိုတဲ့ နာမည်ကလဲ ဟိန်းဝေယံနဲ့ပဲစခဲ့တာပါ။ ကျွန်တော့ရဲ့ ပထမဆုံးကျေးဇူးရှင်ကတော့ ရွှေတောင်ပေါ့။ ရွှေတောင်နဲ့စတင်လက်တွဲဖြစ်ပြီးဒီလောကထဲကို ရောက်လာခဲ့တာပါ။
 

– နိုင်ငံတကာမှာက ဒါရိုက်တာတို့၊ ထုတ်လုပ်ရေးတို့က မိန်းပေါ့နော်။ ဒီနိုင်ငံမှာကျတော့ မင်းသား၊မင်းသမီးက အဓိက ဖြစ်နေတဲ့အပေါ် ဘယ်လိုမြင်မိလဲ။

အဲဒါက ညီမလေးရယ်အစ်ကိုတို့က ဒီနိုင်ငံမှာလူလာဖြစ်တာကစမှားတာပဲ။ မှားတဲ့ဘ၀ဇာတ်ညွှန်းကပြင်လို့မှမရဘဲ။ ဒီနိုင်ငံမှာနေရင် ဒီဥပဒေ၊ ဒီလူမျိုးနဲ့ ဒီစည်းကမ်းတွေကိုအတိုင်းသွားမှရမှာပေါ့နော်။ 
 

– ရိုက်ဖြစ်တဲ့ ဇာတ်လမ်းအမျိုးအစားတွေက။

အစ်ကိုကတော့ အစုံရိုက်တယ်။ ဇော်မျိုးကားတွေက ဖိုက်တင်ကားလဲရှိတယ်။ ဒါပေမဲ့အစ်ကိုက အချစ်ကားတွေရိုက်ပြီးနာမည်ကြီးတဲ့အတွက် အချစ်ကားတွေတော့ ပိုငှားကြတယ်။ 
 

– ဇော်မျိုး(ခရေပုံပြင်) ဖြစ်သွားခဲ့တာက။ 

အစ်ကို့နာမည်က ဇော်မျိုးပါပဲ။ အင်တာဗျူးတစ်ခုမှာ ဘယ်သူနဲ့ရိုက်လဲဆိုတော့ ဟိန်းဝေယံက ဇော်မျိုး(ခရေပုံပြင်)ဆိုတော့ မာန်ထက်ချီတိုက်က ထွက်တဲ့ကားတွေမှာဇော်မျိုး(ခရေပုံပြင်) နဲ့ထွက်တယ်။ ကျန်တဲ့ကားတွေက ဇော်မျိုးနဲ့ပဲထွက်တာများပါတယ်။
 

– ဟိန်းဝေယံတို့နဲ့တွဲပြီးရိုက်ဖြစ်တာက။ 

အစ်ကိုက ခရေပုံပြင်ဇာတ်လေးကို ပြတယ်။ သူတို့က ကြိုက်တော့ ရိုက်ဖြစ်တယ်။ အဲဒီမှာ နာမည်ကြီးဒါရိုက်တာဖြစ်တယ်။ 
 

-ဒီအနုပညာလောကအပေါ် ဒါရိုက်တာတစ်ယောက်ရဲ့ အမြင်က ဘယ်လိုရှိလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်တို့ဒီအနုပညာလောက က ကိုယ့်အုပ်စုနဲ့ကိုယ်သွားနေကြတာဖြစ်တဲ့အတွက် သွားနေတဲ့ လမ်းကြောင်းမှာ လက်ရှိဖြစ်နေတဲ့ တိုက်၊ဖြစ်နေတဲ့ မင်းသားနဲ့ရိုက်တဲ့အတွက် အဆင်ပြေတယ်။ အဆင်မပြေတဲ့ ဒါရိုက်တာတွေ ကတော့ ဒီလိုပဲ ရုန်းကန်နေရတာပေါ့နော်။
 

– လက်ရှိမှာရိုက်ဖြစ်နေတဲ့တိုက်တွေက။

၃၅လမ်းထဲမှာ ကိုယ်မရိုက်ဘူးတဲ့ တိုက်တစ်တိုက်မှမရှိဘူး။
 

– အရင်ထက်ပိုပြီးဆင်ဆာလွတ်လပ်ခွင့်ပေးလာတဲ့ အပေါ် ဖန်တီးမှုအပိုင်းမှာဘယ်လိုပြောင်းလဲဖြစ်လဲ။

အစ်ကိုရိုက်တဲ့ ကလေးချစ်အင်တာနက်ပေါ်ရောက်တယ်။ ကိုယ်တို့နိုင်ငံမှာဖြစ်နေတဲ့ ရုပ်ရှင်လောက အစည်းအရုံးက ဟိုတနေ့ကပဲခေါ်တယ်။ အဖေနဲ့သမီးကြည့်လို့မသင့်တဲ့ကားတွေ မရိုက်နဲ့တဲ့။ ဗမာပြည်က ပါးစပ်ကသာ လွတ်လပ်တာ။ တကယ်တော့ မလွတ်လပ်ပါဘူး။ လူတွေဝေဖန်မှလဲ ကားကပေါက်တာဆိုတော့ ပရိသတ်ဆိုတာ ကလဲ သူတို့ဘက်က ကြည့်ရင် လက်ဝါး။ကိုယ်တို့ဘက်က ကြည့်ရင် လက်ဖမိုးပဲ။ ပရိသတ်မှန်သလို ကိုယ်လဲ မမှားဘူး။ အစ်ကိုတို့ကို နိုင်ငံတော်ဝန်ကြီးတွေကလဲပြောကြတယ်။ နိုင်ငံတကာသွားဖို့အတွက် ကိုယ်တို့လူမျိုးတွေရဲ့စိတ်ဓာတ် အရင်ပြင်ရမယ်။ အခု ထွက်လာလိမ့်မယ်။အချစ် စကားလုံးအသစ် ဆိုတာ လူမင်းက သူ့မိသားစုအတွက် မိန်းကလေးတွေကို လိုက်ပြီး လက်စားချေတာပေါ့နော်။ မောင်လှမျိုး ရဲ့ ၀တ္ထုအသစ်ပေါ့။ မင်းသမီးက သုံးလက်နဲ့။ အဲဒီကားထဲမှာဆိုရင် လူမင်းက ဘော်လီကိုင်ပြီး ထွက်လာတယ်။ ကိုရဲအောင်က သူ့သူငယ်ချင်းကိုပြောတာပေါ့နော်။ ကိုလူမင်း က လက်စားချေရင်း ကောင်မလေးတွေကို လိုက်စော်ကားတာ။ မင်းငါ့တပည့်မ ကို စော်ကားဖို့ခွင့်မပြုဘူးဆိုပြီး ပြောတဲ့အချိန်မှာ ကိုလူမင်းက အခန်းထဲကနေ ဒီမှာမင်းတပည့် မကျန်ခဲ့တဲ့ ဘော်လီပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း ကိုယ်တို့ရိုက်ပြတာက အတွင်းခံကိုင်ပြီးရိုက်ပြတာပဲရှိတယ်။ ဒီထက်ရိုက်ပြရင် ပါးစပ်ကသာ လွတ်လပ်တာ တကယ်တမ်းက မလွတ်လပ်ပါဘူး။ ညီမတို့လဲနိုင်ငံခြားကား ကြည့်ဖူးမှာပါ။ အစ်ကိုတို့ဆီမှာက သူတို့ဆီမှာလို ရိုက်ပြလို့မရဘူး။ မြန်မာပြည်မှာ က ကားပေါင်းတစ်ထောင်လောက်ထွက်နေတာ ဆင်ဆာက မပေးတဲ့ အတွက်ကို ချစ်၊ကြိုက်၊ကွဲ၊ညားက တက်မှာမဟုတ်ဘူး။ ကိုယ်တို့မြန်မာပြည်မှာ မင်းသား၊မင်းသမီး နမ်းခွင့်တောင် ရှိတာမဟုတ်ဘူး။ အလကားလျှောက်ပြောနေကြတာ။ မတိုးတက်တဲ့အပြင် ပိုပြီး ဆုတ်ယုတ်သွားတယ်။ ဆင်ဆာ က ခွင့်မပြုဘူး။ အစ်ကိုတို့က လက်မှတ်ထိုးရတယ်။ ဇာတ်ကားတစ်ကား မှာ အစ်ကိုတို့မဖြတ်နိုင်တဲ့ ဇာတ်ဝင်ခန်းပါရင် လက်မှတ်ခေါ်ထိုးတယ်။ ဖြစ်လာရင် အစ်ကိုတို့ရှင်းရတာ။ ပိုပြီးတော့ ထောင်ထဲကျသွားတာ။ လွတ်လပ်တာ မဟုတ်ဘူး။ လွတ်လပ်တယ်လို့အမည်တပ်ပြီး အစ်ကိုတို့က အကျဉ်းကျသွားတာ။ 
 

– ကလေးချစ်ကားထဲမှာ ထည့်ထားတဲ့ မထိတထိအခန်းတွေက။

ညီမလေးတို့လဲ ဒီအရွယ်သိကြမှာပဲ။ ကိုယ့်ရည်းစားကောင်လေးနဲ့တွေ့ရင် နမ်းတာ၊ ဖက်တာ ဒါသဘာဝပဲ။ အခုခေတ်မှာ ဘာမှထူးထူးဆန်းဆန်းမဟုတ်ဘူး။ ကိုလူမင်းက သူချစ်တဲ့ကောင်မလေး နှုတ်ခမ်းကို နမ်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်တာကောင်းတဲ့အပြင် ကင်မရာ အယူအဆတွေကြောင့်လဲ ပါမှာပါ။ တကယ်တော့ အဲဒါဘာမှ မဟုတ်ဘူး။ မျက်လုံးလေးကလယ်ကလယ်မှာ ဆို အင်္ကျီကြယ်သီးဖြုတ်တယ်။ ဘာမှမဟုတ်တာလေးတွေ ကို လိုက်ကြည့်ပြောနေတဲ့အခါ ကျတော့ မြန်မာပြည်မှာက မတိုးတက်တဲ့ အပြင် အမြင်တွေ ကျဉ်းနေကြတဲ့ အတွက် ဘာလုပ်လုပ်ကြည့်နေရတဲ့ အနေအထား တစ်ခုဖြစ်နေတယ်။ တကယ်တမ်းတော့နိုင်ငံခြားမှာ ဒါတွေက ဘာမှထူးထူးဆန်းဆန်း မဟုတ်ဘူး။ ကိုယ်တို့နိုင်ငံက လွတ်လပ်တာ မဟုတ်ဘူး။ ဆုတ်ယုတ်လာတာ။ 
 

– အမြင်ကျဉ်းကြတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကြောင့် အစ်ကိုတို့ရဲ့ ဖန်တီးမှုအပိုင်းမှာ ကြန့်ကြာနိုင်လား။

အစ်ကို ဆိုသွားတဲ့ပုံစံက ရှင်းတယ်။ အစ်ကို ဇာတ်ဝင်ခန်းမှာ ဒါလုပ်ချင်တယ် ဆိုလုပ်တယ်။ ဒါပေမဲ့ အဲဒီ အပေါ်မှာ ပရိသတ်နဲ့ပဲစကားပြောချင်တယ။် ဆိုလိုချင်တာက အခွေဆိုင်မှာ ဒါရိုက်တာနာမည်မေးပြီးငှားလို့ ကိုဇော်မျိုးကား အသုံးမကျရင် ကိုဇော်မျိုးခံမယ်။ အစ်ကို  က ရှင်းတယ။် ကိုယ့်ပုံစံနဲ့ကိုယ်သွားတယ်။ ဒါချွတ် မှဖြစ်ရင် ချွတ်ခိုင်းတယ။် ဒါပြမှ ရမယ်ဆိုရင်ပြမယ်။ ဒါပဲ။
 

– အနုပညာလောကမှာ ဆင်ဆာရှိတာ ကောင်းတယ်လို့ပြောလို့ရလား။

ဆင်ဆာရှိတယ်ဆိုတာ တကယ်တော့အဓိပ္ပါယ်မရှိပါဘူး။ အနုပညာသမားဆိုတာ လွတ်လွတ်လပ်လပ်ဖန်တီးချင်လို့ အနုပညာ အလုပ်လုပ်တာ။ သူများနိုင်ငံမှာ သတ်မှတ်ထားတာမျိုး ရှိတယ။် ကိုယ်တို့နိုင်ငံမှာက အဲဒီလိုမျိုးမရှိဘူး။ ဒါပေမဲ့ မကြည့်နဲ့လို့သတ်မှတ်လိုက်ပြန်ရင်လဲ ဗမာပြည်က မကြည့်နဲ့ဆိုပိုကြည့်ချင်တယ်။ အဲလို အားပြိုင်မှုတွေကြောင့် အဆင်မပြေတာတွေလဲပါတယ်။ 
 

– နိုင်ငံတကာက ဇာတ်ကားတွေကို မှီဖို့အတွက် ဘယ်လောက်အတိုင်းအတာထိလိုဦးမလဲ။

တသက်လုံးမမှီဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တို့ ဗမာပြည်မှာက စပြီးအလုပ်အပ် ကတည်းကိုက ဘယ်နှရက်ရိုက်ပါ။ အဲကြားထဲမှာ အစ်ကိုကတော့ စိတ်ကြိုက်ဖန်တီးတယ်။ ဇော်မျိုးနာမည် ထိုးထားရင်တာဝန်ယူတယ်။ အစ်ကို့ကားဆိုငှားကြည့်လိုက် မတန်ရင် အခွေဖိုး လာပေးမယ်။ 
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *