သူ့ခင်ပွန်းနဲ့ Kristen Steward တို့ကြားက ဖောက်ပြန်မှုအကြောင်းကိုဖွင့်ချပြတဲ့ Liberty Ross

liberty-ross.jpg
Shares 0

မော်ဒယ်လ် Liberty Ross က ၂၀၁၂ခုနှစ်တုန်းကသူ့ခင်ပွန်း ဒါရိုက်တာ Rupert Sanders နဲ့ Kristen Stewart တို့ကြားကငြိစွန်းမှုအကြောင်းပြောပြပါတယ်။

Sanders နဲ့သူ့ရဲ့ရုပ်ရှင် Show White and the Huntsman မှာအဓိကနေရာကသရုပ်ဆောင်ခဲ့တဲ့ Stewart တို့နမ်းနေတဲ့ကို ဓါတ်ပုံတစ်ပုံမီဒီယာတွေဆီရောက်ပြီး တိုင်းသိပြည်သိတွေဖြစ်ခဲ့တာပါ။

“ဒီကိစ္စကအရမ်းဆိုးဝါးပါတယ်။ တကယ့်ကို အဆိုးဝါးဆုံးကိစ္စပါ။ ကျွန်မတို့ကြုံတွေ့ရတဲ့အဖြစ်အပျက်ကိုပြောပြဖို့အတွက်ကျွန်မမှာ စကားလုံးတောင်မရှိဘူး။ ကျွန်မကတော့ တစ်ချို့အရာတွေကသေဆုံးပြီးတစ်ချို့အရာတွေက အသစ်တဖန်မွေးဖွားလာကြတယ်လို့ထင်ပါတယ်။ ကျွန်မအတွက်တော့ အသစ်တဖန်မွေးဖွားတဲ့ဖြစ်စဉ်ကိုကြုံတွေ့နေရပြီလို့ ခံစားမိပါတယ်” လို့Ross က Vanity Fair မဂ္ဂဇင်းကိုပြောပြပါတယ်။

အဲဒီ့ ဓါတ်ပုံလူသိရှင်ကြားဖြစ်ပြီးမကြာခင်မှာပဲ Ross ကဒီကိစ္စကိုသိခဲ့တာပါ။ ပြီးတော့မီဒီယာတွေ ရုတ်ရုတ်သဲသဲဖြစ်တာကိုရှောင်ရှားဖို့ Ross တစ်ယောက် သူ့သူငယ်ချင်းအိမ်မှာနေနေခဲ့တယ်လို့ဆိုပါတယ်။

ဒီနှစ်ရဲ့အစောပိုင်းမှာ Ross ဟာ Sanders ကိုကွာရှင်းခွင့်တောင်းထားတာဖြစ်ပါတယ်။

“ဒါဟာကျွန်မအတွက်လွန်စွာမှာထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမိဘတွေအတူနေလာတာ နှစ်ပေါင်းငါးဆယ်ရှိပါပြီ။ ဒါကြောင့်ကွာရှင်းပြတ်စဲတယ်ဆိုတာကျွန်မ တစ်ခါမှာထည့်မတွေးဖူးတဲ့အရာပါ။ ကျွန်မကလွယ်လွယ်နဲ့အရှုံးပေးတတ်သူမဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်ဖြစ်ပြီးလင်ယောက်ျားကို အထောက်အကူဖြစ်အောင်ကျွန်မ တတ်နိုင်သလောက်အကုန်လုပ်ပြီးပါပြီ။ ဒါပေမယ့် ကျွန်မမှာပေးစရာတစ်ခုမှမကျန်တော့တာ ရှင်သိတယ်မှတ်လား” လို့ Ross ကပြောခဲ့ပါတယ်။

အဲဒီ့ဇာတ်လမ်းကြောင့် Stewart နဲ့ Robert Pattinson တို့လဲပြတ်ခဲ့ရတာဖြစ်ပါတယ်။

Ross ဟာလက်တလောမှာ ဂီတထုတ်လုပ်သူ သူဌေးကြီး Jimmy Lovine နဲ့တွဲနေတာဖြစ်ပါတယ်။

(ref:starpulse)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *