ပြန်လည်ထူထောင်ရေးစင်တာမှာ ရက်၉၀နေရဖွယ်ရှိတဲ့ Chris Brown

chris_brown.jpg
Shares 0

Chris Brown ဟာသူ့ရဲ့ဒေါသကြောင့်ဖြစ်တဲ့ပြသနာတွေပြောလည်ဖို့အတွက် ကာလီဖိုးနီးယားပြည်နယ် မာလီဘူ မြို့က ပြန်လည်ထူထောင်ရေးစင်တာမှာ ရက် ၉၀ နေထိုင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ သူဟာ ပြီးခဲ့တဲ့စနေတနင်္ဂနွေက ၀ါရှင်တန်မှာဖြစ်ခဲ့တဲ့ အော်ကြီးဟစ်ကျယ်အငြင်းအခုံဖြစ်ပွားမှုရဲ့ အကျိုးဆက်အနေနဲ့ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုနဲ့ တရားစွဲဆိုမှုကို အပြစ်မရှိကြောင်းငြင်းဆန်ပြီးတဲ့နောက် ဆေးခန်းတစ်ခုမှာ ပြသခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ Brown ဟာသူ့ရဲ့နယ်လှည့် ဘတ်စ်ကားပေါ်တက်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ကို ထိုးကြိတ်ခဲ့ပြီးရိုင်းရိုင်းစိုင်းစိုင်းပြုမူပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ အစမှာတော့ ရဲကသူ့ကို အကြမ်းဖက်ရာဇ၀တ်မှုနဲ့တရားစွဲဆိုခဲ့ပေမယ့် တနင်္လာနေ့မှာတော့ သာမန်ပြစ်မှုငယ်အဆင့်ကိုလျှော့ချပေးခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်ခံရတဲသူက သူဟာ Brown နဲ့စကားပြောနေတဲ့မိန်းမနှစ်ယောက်ကို ဓါတ်ပုံရိုက်ဖို့သာကြိုးစားခဲ့တာဖြစ်ပြီး Brown ကစိတ်ဆိုးဒေါသထွက်ကာသူ့နှာခေါင်းရိုးကျိုးအောင်ထိုးခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ သူ့ရဲ့ချစ်သူဟောင်း Rihanna ကို၂၀၀၉ခုနှစ်ကရိုက်နှက်ခဲ့လို့ စောင့်ထိန်းထားရတဲ့သူ့ရဲ့ ခံဝန်ကတိကိုဖောက်ဖျက်ရာကျတယ်လို့ဆိုပါတယ်။ ဒီအမှုသာအပြစ်ရှိကြောင်းထင်ရှားရှင် Brown တစ်ယောက်ထောင်ဒဏ် ၄နှစ်ကျခံဖွယ်ရှိပါတယ်။ ထောင်အတွင်းကျခံရမယ့်ပြစ်ဒဏ်တွေကို ရှောင်ရှားနိုင်ဖို့အခွင့်အလမ်းကိုမျှော်လင့်ပြီး Brown က ပြန်လည်ထူထောင်ရေးစင်တာမှာစာရင်းပေးဖို့သဘောတူခဲ့တယ်လို့ဆိုပါတယ်။

(ref:starpaulse)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *