ဆိုမာလီဓားပြတွေကြောက်ရွံ့ရတဲ့ Britney Spears

britney_spears_hot_2013_05.jpg
Shares 0

Baby One More Time နဲ့ Toxic အပါအ၀င် Britney Spearsရဲ့ အပေါက်ဆုံးသီချင်းတွေကို အာဖရိကအရှေ့ဘက်ကမ်းက ရေနံတင်သင်္ဘောကြီးတွေပေါ်မှာ ဆူညံပွက်လောရိုက်အောင်ကို ဖွင့်နေကြပါတယ်။

ဘာကြောင့်Britney Spearsရဲ့ သီချင်းတွေကိုမှ ရွေးဖွင့်ရသလဲဆိုတော့ ပင်လယ်ဓားပြတွေမုန်းတဲ့သီချင်းတွေဖြစ်နေလို့၊ ဆိုမာလီဓားပြတွေ ဝေးဝေးကရှောင်တဲ့သီချင်းတွေ ဖြစ်နေလို့ပါလို့ ကျွမ်းကျင်ပညာရှင်တွေက လေ့လာသုံးသပ်ကြပါတယ်။

“ဆိုမာလီဓားပြတွေရဲ့ရန်က ရှောင်ဖို့အတွက် Britney Spearsဟာအကောင်းဆုံးနည်းလမ်းပါပဲ။ ဆိုမာလီဓါးပြတွေက Britney Spearsရဲ့ ပြီးပြည့်စုံလှတဲ့သီချင်းသံကြားရင် နည်းနည်းလေးမှ ခံနိုင်ရည်မရှိကြဘူး” လို့ ကုန်တင်သင်္ဘောအရာရှိတစ်ဦးဖြစ်တဲ့ Rachel Owensကပြောခဲ့ပါတယ်။

၂၀၁၁ခုနှစ်အတွင်း အာဖရိကကမ်းခြေတစ်လျှောက်မှာ ပင်လယ်ဓားပြမှု ၁၇၆မှုဖြစ်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ သင်္ဘောအပိုင်စီးခံရပြီး အကျဉ်းသားအဖြစ်နဲ့နေခဲ့ရတဲ့ ရေယာဉ်မှူး Richard Phillipsအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားရှိပါတယ်။ အဲ့ဒီ့ကားမှာ ဟောလီးဝုဒ်မင်းသား Tom Hanksက Captain Phillipsနေရာကနေ ၀င်သရုပ်ဆောင်ထားပါတယ်။

 “Justin Bieberသီချင်းတွေဖွင့် ဂျီနီဗာသဘောတူညီချက်တောင် ပျက်နိုင်တယ်။ ပင်လယ်ဓားပြတွေကလည်း တတ်နိုင်သမျှဝေးဝေးရှောင်မှာပဲ။ နားကို ဂွမ်းဆို့ထားတောင် သူတို့ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။” လို့ ရေကြောင်းကာကွယ်ရေးအဖွဲ့က Steve Jonesက ဟာသပျက်ခဲ့ပါသေးတယ်။

“တိုက်ခိုက်ရေးသမားတွေကို ကာကွယ်ဖို့အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုဟာ ပေါ့ပ်သီချင်းတွေ အကျယ်ကြီးဖွင့်ဖို့ပဲ။ ပင်လယ်ဓားပြရန်ကို ကာကွယ်ဖို့ဆိုရင်လည်း သိပ်ကိုထိရောက်မှာဗျ။” လို့ ဗြိတိန်လုံခြုံရေးကုမ္ပဏီများအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ထပ်ပြောခဲ့ပါသေးတယ်။

(Ref:dailystar.co.uk)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *