ဘန်ဇီးမား+ပေါင်သန်း(၂၀)ပေးပြီး လူးဝစ်ဆွာရက်ဇ်အား ရီးရဲလ်ကမ်းလှမ်းဖွယ်ရှိ

news_d1.jpg
Shares 0

လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေနိုင်သော်လည်း အသင်းမှထွက်ခွာလိုနေဆဲဟု ယူဆရသော ဥရုဂွေး တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်အား ရီးရဲလ်မက်ဒရစ်အသင်းမှ လာမည့် ဇန်န၀ါရီဈေးကွက်တွင် ပေါင်သန်း(၂၀) အပြင် အသင်းမှပြင်သစ်တိုက်စစ်မှူးဘန်ဇီးမားကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဘန်ဇီးမား၏လက်ရှိပေါက်ဈေးမှာ ပေါင်သန်း(၂၀)၀န်းကျင်ဖြစ်ရာ ရီးရဲလ်မက်ဒရစ်ဘက် မှ ဆွာရက်ဇ်အတွက် စုစုပေါင်းကမ်းလှမ်းမှုမှာ ပေါင်သန်း(၄၀)၀န်းကျင်ရှိမည်ဖြစ်သည်။ ထိုပမာဏမျိုးဖြင့်ပင်  ဆွာရက်ဇ်အတွက် ပြီးခဲ့သည့်နွေရာသီဈေးကွက်အတွင်း ကမ်းလှမ်းခဲ့ဖူးသေးချိန်ကမူ လီဗာပူးလ်ဘက်မှ ငြင်း ဆိုခဲ့ဖူးသည်။ ရီးရဲလ်မက်ဒရစ်မှာလည်း ဖေဘီယိုကွန်ထရာအို၊ ဆမ်မီခီဒီရာ၊ ဒီမာရီယာနှင့် ဘန်ဇီးမားတို့အား ရောင်းထုတ်ကာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးဖြင့် အစားထိုးလိုလျက်ရှိသည်။

စပိန်လာလီဂါထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်မှာ စုစုပေါင်းအကြွေးပမာဏပေါင်သန်း(၅၀၀)ကျော်တင်ရှိနေပြီး ထိုသို့သောအနေအထားမျိုးတွင်ပင် ယခုနှစ်နွေရာသီဈေးကွက်ကာလအတွင်း ဂါရတ်ဘေးလ်အားပေါင်(၈၆) သန်းဖြင့် ခေါ်ယူခဲ့ခြင်းအပါဝင် စုစုပေါင်း ပေါင်(၈၆)သန်း အကုန်ကျခံခဲ့သေးသည်။ ထို့ကြောင့်လည်း ဇန်န၀ါရီ ဈေးကွက်ကာလအတွင်း နည်းပြအန်ဆယ်လော့တီအနေဖြင့် ကစားသမားသစ်ခေါ်ယူလိုသည်ဆိုပါက အသင်း မှ ကစားသမားအချို့ကိုထုတ်ရောင်းမှဖြစ်နိုင်ပေလိမ့်မည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *