ခံစစ်အမှားများကြောင့် ချဲလ်ဆီးကို ရှုံးခဲ့ရခြင်းဟု အာစင်ဝင်းဂါးမှတ်ချက်ပြု

new_a1.jpg
Shares 0

ယမန်နေ့ည (၂း၁၅)က ကစားသွားခဲ့သော Capital One ဖလားပွဲစဉ်တွင် ချဲလ်ဆီးအား အိမ်ကွင်းတွင် နှစ်ဂိုး ပြတ်အရေးနိမ့်ခဲ့ရခြင်းမှာ ခံစစ်ပိုင်းအမှားအယွင်းများကြောင့်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ၀င်းဂါးမှ သုံးသပ် လာခဲ့သည်။ ထိုပွဲကိုရှုံးနိမ့်ခဲ့ခြင်းကြောင့် ၀င်းဂါးအနေဖြင့် မော်ရင်ညိုကိုင်တွယ်သည့်အသင်းများနှင့် နောက်ဆုံး တွေ့ဆုံခဲ့သည့် (၉)ပွဲတွင် တစ်ပွဲမှအနိုင်ရမထားသည့် စံချိန်ကိုဆက်ထိန်းသွားခဲ့ရသည်။ ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကူယက်တာသွင်းသွားခဲ့သောဂိုးဆိုလျှင် အာဆင်နယ်နောက်ခံလူ ဂျန်ကင်ဆင်က ဂိုးသမားဖေဘီ ယန်စကီးထံ ခေါင်းတိုက်ပြန်ပေးစဉ် ဖြတ်သွင်းသွားခဲ့ခြင်းဖြစ်ရာ ခံစစ်ပိုင်းအမှားကို  ၀င်းဂါးက ထောက်ပြခဲ့ခြင်း ဖြစ်သည်။ “ အရမ်းကို ခက်ခဲတဲ့ပွဲမျိုးမှာ အမှားအယွင်း တစ်ခုနှစ်ခုကြောင့် အရေးနိမ့်ခဲ့ရတာပါ။ ပွင့်ပွင့်လင်း လင်းပြောရရင် တစ်ချို့အပိုင်းတွေမှာ ကျွန်တော်တို့အသင်း ရိုးစင်းခဲ့တယ်။ တစ်ဂိုးပေးထားရချိန်မှာ သူတို့ကို တန်ပြန်တိုက်စစ်ဆင်ခွင့်ပေးခဲ့မိတယ်။ နောက်ပြီးအခွင့်အရေးလည်း သိပ်ပြီး မဖန်တီးနိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ် ဖြစ် ဒီရှုံးပွဲကို လီဗာပူးနဲ့ပွဲမှာ ပြန်လည်တုန့်ပြန်သွားမှာပါ။ ကျွန်တော်တို့က အမှတ်ပေးပွဲမှာဆို ခိုင်မာတဲ့အနေ အထားပိုင်ဆိုင်ထားပါတယ်။ ဒီပွဲရှုံးတာနဲ့  ကောက်ချက်တွေစောစောစီးစီးမပေးကြပါနဲ့ဦး”ဟု အာစင်ဝင်းဂါးက ပြောသွားခဲ့သည်။

 

အာဆင်နယ်မှာ ယခုတစ်ပတ်တနင်္ဂနွေတွင် လီဗာပူးလ်အသင်းအာ အိမ်ကွင်းတွင်ဧည့်ခံကစားရမည်ဖြစ်သလို ထိုပွဲပြီးလျှင်လည်း ဒေါ့မွန်ကွင်းသို့သွားရောက်ကာ ချန်ပီယံလိဂ်အဝေးကွင်းပွဲကစားရန်ရှိနေသည်။ ထိုပွဲပြီးလျှင် လည်း မန်ယူကွင်းသို့ သွားကစားရမည်ဖြစ်ရာ ပွဲကြပ်များဆက်နေသည့် အနေအထားရင်ဆိုင်နေရပြီဖြစ်သည်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *